မိခင်ကြီးကွယ်လွန်သွားကြောင်းကို ဝမ်းနည်းစွာ အသိပေးလာတဲ့ အဆိုတော်ဝေလ
အဆိုတော်ဝေလကတော့ထူးခြားတဲ့အသံကိုပိုင်ဆိုင်ထားပြီးတေးသီချင်းကောင်းများစွာကိုတီဆိုထားပြီ
ပရိတ်သတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အဆိုတော်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။
ဝေလကတော့တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီးတော့လူထု
လှုပ်ရှားမှုတွေမှာလဲအားတက်သရောပါဝင်ခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါ
ကပ်ဆိုးကြီးနဲ့ ပတ်သတ်ပြီးတော့နေရာတော်တော်များများတွေမှာကူးစက်ပျံ့ပွားနေပါတယ်၊ရောဂါ
ကပ်ဆိုးကြီးကြောင့်အောက်စီဂျင်တွေလဲနေ့စဉ်နဲ့အမျှလိုအပ်နေတာပဲဖြစ်ပါတယ်။
ဇူလိုင်လ၁၄ရက်နေ့ညမှာတော့တေးသံရှင်အဆိုတော်ဝေလရဲ့မိခင်ကြီးကွယ်လွန်သွားကြောင်းသိရှိရပါတယ်၊
ဘယ်လိုအကြောင်းကြောင့်ကွယ်လွန်ရတယ်ဆိုတာကတော့ဖော်ပြထားခြင်းမရှိသေးပါဘူး။
ဝေလကတော့အမေဆုံးပြီ၊သားတို့အပေါ်မှာအမေတာဝန်ကျေလွန်းခဲ့ပါတယ်၊ကောင်းရာသုဂတိလားပါစေ
အမေဆိုပြီးတော့သူရဲ့လူမှုကွန်ယက်ထက်မှာဝမ်းနည်းစွာဖော်ပြလာပါတယ်။
ခရက္ဒစ္;