ရပ်ကွက်ထဲက မရှိဆင်းရဲသားတွေဆီကို ကားလေးတစ်စီးနဲ့ သွားရောက်ပြီး အခမဲ့ ဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ဦး
ဒေါက်တာ နေစိုးမောင် ဟာ ရပ်ကွက်ထဲက မရှိဆင်းရဲသားတွေဆီကို ကားလေးတစ်စီးနဲ့ သွာရောက်ပြီး
ကိုယ်တိုင် ကိုယ်ကျ အခမဲ့ ဆေးကုသပေးနေတယ် လို့သိရပါတယ် ….အသက်(၆၀)ကျော်ပင်စင်ယူပြီးလို့
အားလပ်ချိန်တွေမှာဒီလိုအလုပ်တွေလုပ်ပေးနေတာအလွန်လေးစားဘို့ကောင်းပါတယ်…
ကိုယ်တိုင်ကကူညီပေးလို့ရတဲ့ပညာရှိနေခြင်း..ငွေကြေးအတွက်စိတ်ပူရန်မလိုခြင်း..အချိန်ပိုရှိနေခြင်း..
စိတ်စေတနာကောင်းမွန်ခြင်း..ငွေကြေးအရဘဲဖြစ်ဖြစ်အချိန်အရဘဲဖြစ်ဖြစ်ဆေးကုရန်ခက်ခဲနေသူများအပေါ်
ကိုယ်ချင်းစာစိတ်ရှိခြင်း..ဒါတွေကြောင့်ယခုလိုလုပ်နိုင်တာပါ..ဘဝကိုခက်ခဲပင်ပန်းစွာဖြတ်သန်းရင်းမိသားစုအတွက်
အလုပ်တွေလုပ်နေရလို့မိမိကျန်းမာရေးကိုအလေးမပေးနိုင်သူများအတွက်တန်ဘိုးအလွန်ရှိလှပါတယ်..
ဘဝမှာပြည့်စုံတယ်ဆိုတာငွေကြေးချမ်းသာတာထက်ဒါမျိုးလုပ်ပေးနိုင်သူများကိုဆိုလိုတယ်လို့ထင်ပါတယ်..
ဆေးခန်းကို ကားပေါ်တင်၊ ကားဝင်လို့ရတဲ့ ပျံကျ ရပ်ကွက်တွေကို သွားပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံ၊
ဆေးပေးခန်း မလာနိုင်တဲ့ လူနာတွေကို အခမဲ့ ဆေးကုသပေးဖြစ်ခဲ့ပါတယ်။ စမ်းသပ်ကြည့်ရှုပြီး ဆေးရုံလွှဲဖို့ လိုတဲ့သူတွေကိုလည်း
လှိုင်သာယာဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံ၊ ကလေးဆေးရုံ တို့ကို ညွှန်းပို့ လွှဲပေးခဲ့ပါတယ် လို့ ဒေါက်တာ
နေစိုးမောင်က ပြောကြားပါတယ်။
။လေးစားစရာကောင်းတဲ့ ဒီလို
ဆရာဝန်တစ်ဦးကို Like & Share လုပ်ပြီး ဂုဏ်ပြုပေးလိုက်ပါအုံးနော်
#ခရက်ဒစ်;