နီးလာပြီဖြစ်သော မအလရဲ့ နောက်ဆုံးနေ့ရက်များ
မအလဟာ နောက်ဆုံး ကိုကိုးကျွန်းမှာ အထိုင်ချပြီး နိုင်ငံထူထောင်လာနိုင်တယ်ရေးထားလို့ မဖြစ်နိုင်ဘူး ရှင်းပြခဲ့ပါတယ် အဲ့မှာဆို ကမ္ဘာ့အလွယ်ကူဆုံး တရားခံကို ၀င်ဖမ်းလို့ ဂင်းနစ်စံချိန်၀င်သွားပါလိမ့်မယ်
သို့အတွက် ချီးနားရှိလို့ ၀င်မရဘူးဆို မှားပါလိမ့်မယ်ဆိုတာ သိပါ ချီးနာက အကျိုးရှာတဲ့ကောင် ရှုံးခွေးကို ခေါင်းပေါ်တင်ပြီး ကာကွယ်ပေးမထားဘူး ဒီဘက် NUG အစိုးရ တက်လာရင် စစ်အခြေစိုက်စခန်း စာချုပ်ကို ပြင်ဆင်ပြောင်းလဲ မောင်းထုတ်လို့ ရပြီ
သို့ဆို ဟုတ်မဟုတ် ဘာနဲ့သက်သေပြမလဲဆို ပြီးခဲ့အပတ်က ကိုကိုးကျွန်းသွားမယ် လေသံဟပြီး US စစ်ရေးလေ့ကျင့်နေလို့ မသွားရဲလို့ကို အာရိုက်ပြတယ်ဟု သိစေချင်တယ် ငပု အဲလောက်ဇမရှိဘူး အပြင်တောင် ယတြာအစီမံနဲ့ သွားလာ ထွက်နေတဲ့ကောင်
သို့ဆို ခု ငပုဘယ်ခြေလှမ်းနေပြီလဲ အားလုံးသိနေပြီပဲ ပါးစပ်က ဒီမိုကရေစီပြောပြီး လက်တွေ့ အကြမ်းဖက် ရက်စက်သတ်ပြ ပြည်သူကို မွှဲနေအောင် အဖက်ဖက်က ကြပ်တည်းလာအောင် ပိတ်ဆို့ ထိန်းချုပ်လာနေပြီဆိုတာ
VPN နောက်ဆက်တွဲက သုံးရင် အခွန်ကောက်မယ် အဖမ်းပြ ငွေချုမည့်အကွက်ဆိုတာ စီးပွားရေးသမားတွေ သိသလို ပြည်သူအတွက် သတင်း အချက်လက်ဖြတ်တောက်ဖို့ ထောင်ခြောက်ဆိုတာသိပါဟု VPN မြင်တာနဲ့ ဖမ်း နောက်ဆိုဖုန်းတွေပါ ပိတ်သိမ်း ယုတ်မာလာလိမ့်မယ်
သို့ဆိုခု ငပုက မြောက်စတိုင်ရူး အာဏာရှင်ပုံဖမ်းလာနေပါပြီ အလေးပြုခံဖို့ သိန်း ၉သောင်းဆိုတာ နဲနဲ အာကျယ်ပြတာထင်တယ် ပြည်သူမွဲနေချိန် မနာလိုပြီး တမင်တကာကို လုပ်ပြနေတဲ့ ကလေးကလားအကွက်ပါ အာဏာရှင်တွေ လုပ်ပြတတ်တဲ့ လူတန်းစားခွဲခြားမှုမျိုးနဲ့ သောက်ရူးထပြမှု သူတို့ကို ကိုးကွယ်နေစေချင်တဲ့ ပြယုဒ်တွေ
ဒီတော့ လက်ရှိနိုင်ငံရေး အခင်းကျင်း အခြေနေအရ ငပုရဲ့နောက်ဆုံးနေ့ရက်တွေဟာ နီးလာနေပြီဖြစ်သလို အကယ်၍ ဒီပွဲရှုံးတော့မည်ဆိုလျှင် သူလုပ်လာနိုင်တဲ့အချက်တွေက
💢 ပြည်သူက တူတန် လက်နက်မရှိသေးတာတောင် သူတို့ဘက်က လေထီးတပ် အတွဲလိုက်ဒုံး Mi 35 ဒရုန်း ဂျက် အထူးတပ် စသည်တွေ ထုတ်သုံးလာနေပြီ ဖြစ်သောကြောင့်
💢 ဒါပြီးရင် နောက်ဆုံး အဆင့်ဖြစ်တဲ့ မီးလောင်ဗုံး ဓာတုဗူံး SU35 တွေ ထုတ်သုံးလာမည် ထင်ရပေမယ့် ဓာတုဗူံးနဲ့ ထိုအရာတွေ သုံးလျှင် နိုင်ငံတကာ အထူးသဖြင့် UN US ၀င်လာနိုင်သောကြောင့်
💢 သူတကိူယ်စာ တည်မြဲ အသက်ရှင်ဖို့ဆိုရင် နောက်ဆူံး မနိုင်တော့ဘူးဆိုရင် တိုင်းပြည်ကိုအစိတ်မွှာခွဲ အပါခေါ်နိုင်ဖို့အတွက် သူ့မတိုက်ရင်ပြီးရောဆိုတဲ့ ပုံသဏ္ဍန်မျိုးနဲ့ အာဏာရှင်စနစ်ကို ထူထောင်ဖို့
💢 တိုင်းရင်းသား နယ်မြေတွေကို ခွဲထွက်ခွင့်ပေးပြီး ပြည်မကိုပဲ ထိန်းချုပ်ပြီး ဖိထားမယ် အာဏာရှင်စနစ် ထူထောင် အုပ်ချုပ်လိမ့်မယ် ထိုအတွက် ရခိုင်မှာ ကျည်တချက် ဖောက်ခွင့်မပေးပဲ auto ခွဲထွက်ခွင့်ပေးတယ်လို့ကြားနေရတယ် (ဟုတ်မဟုတ် မသိပါ)
ဒီတော့ ဒါကို ယုံစားပြီး ရှမ်းတပ် RCSS တို့ လက်ခံလိုက်သလား မသိဘူး ဒါဆို အမှားကြီး မှားပါလိမ့်မယ်ဆိုတာ သိစေချင်တယ် အကြောင်းက မအလဟာ လောဆယ် မနိုင်တဲ့အတွက်
☢️ ပြည်နယ်တွေ ခွဲထွက်စေမယ်
☢️ ပြည်မဘက်မှာ အာဏာရှင်နိုင်ငံထူထောင်မယ်
☢️ လူစု အင်အား ပြန်ဖြည့်တင်းမယ်
☢️ ပြီးရင် တိုင်းရင်းသားမြေတွေကို တမြေပြီး တမြေ ပြန်လည် သိမ်းယူလိမ့်မယ်
သို့ကြောင့်မို့ မအလရဲ့ အကွက်ကို မယုံစားကြရန်နဲ့ နုကြည်မှလည်း အရှိန်ရတုန်း တိုက်ပွဲကို တဆင့်မြှင့်ရင်း ခံစစ်မှနေ တိုက်စစ်သို့ပြောင်းလဲ ထိုးစစ်ပြုပြီး အချိန်ရှိတုန်း ပွဲသိမ်းဖို့ ခြေလှမ်းဦးကြပါစို့ဟု အကြံပြုရင်း
ခုဆို ၀ ထွက်လာပြီ နောက် ဘာအကွက်တွေ ဖန်တီးလာအုံးမလဲ သတိထား စောင့်ကြည့်ရင်း တော်လှန်ရေး အောင်မြင်ဖို့ အရေးကြီးဆုံး အချက်တွေ ဖြစ်တဲ့
#ဘွန်း၀ယ်ပါ
#ကလစ်ပါ
#ကူလှုကြပါ
#စည်းလုံးညီညွတ်ကြပါဟု
အရေးတော်ပုံ အောင်ရမည် !
#မင်းကြည်ညိုနေ 🕊️