ရှေ့တန်းမထွက်ခင် သူ့အတွေးခံစားချက်လေးကို ရင်ဖွင့်လာတဲ့ ဉီးကျော်သက်လင်း
ကျောပိုးအိတ်ထက် ရင်ပိုးအိတ်က အပုံကြီးပိုလေးသလား….
ဝါရင့် အစီအစဉ်တင်ဆက်သူ၊ နိုင်ငံတော်ပွဲတွေနဲ့ အကယ်ဒမီပေးပွဲတွေရဲ့ အစီအစဉ်တင်ဆက်သူ၊
ပြည်သူတွေလေးစားအားကျရတဲ့ ဦးကျော်သက်လင်းဟာဆိုရင်တော့ ပြည်သူတွေနဲ့အတူ အမှန်တရားကို ချစ်မြတ်နိုးပြီး အစီစဉ်တင်ဆက်
သူဘဝကို စွန့်ခွာကာ လက်ရှိအချိန်ထိ အမှန်တရားအတွက် ရဲဝင့်စွာတိုက်ပွဲဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။
ချစ်ခင်တွယ်တာစရာ မိသားစုတွေ၊ အောင်မြင်ကျော်ကြားမှုတွေကို စွန့်လွှတ်ခဲ့တဲ့ ဦးကျော်သက်လင်းက လက်ရှိမှာတော့ လွတ်မြောက်
နယ်မြေကို ရောက်ရှိနေပြီး ကာကွယ်ရေး တပ်သားတစ်ဦးအဖြစ် ခံယူထားတဲ့သူလည်း ဖြစ်ပါတယ်။
ခံစားချက်လေးတွေကို အမြဲမျှဝေတတ်တဲ့ ဉီးကျော်သက်လင်းက ဒီတစ်ခါမှာလည်း သူရှေ့တန်းမထွက်ခင် ရင်တွင်းခံစားချက်လေးတွေကို
မျှဝေလာတာပဲ ဖြစ်ပါတယ်။
မနက်ဖန်…တကယ်ဆို
အန္တရယ် မများတဲ့ရှေ့တန်း
ငါအစမ်းလိုက်ခဲ့ဖို့တောင်
တွေးပြီးအိပ်မပျော်
ကြောက်လို့မဟုတ်
၅၀နီးမှရတဲ့အတွေ့အကြုံတစ်ခုမို့…
တပတ်စာ ဆန် ဆီ ဆား ဆေး
အဝတ်တွေတထွေးနဲ့
အိပ်စရာစောင်တစ်ထည် ပုခက်တစ်လုံး
သေနတ်ကျည်အစုံ ရေဗူးနဲ့
အသက်ကြီးကြီးလူတစ်ဦးထွက်ရမယ့်လမ်း အရမ်းမဝေးဘူးဆိုပေမယ့်
တအားလည်းနီးမနေတော့
သက်ပြင်းမောလေးတော့ခိုးချ…
နှုတ်ဆက်စရာမိသားစုကင်း
တောတွင်းမှာနင်းမယ့်ခြေလှမ်းတွေဟာ
ငါ့အောင်မြေပါပဲ
တကယ်တွေးတတ်တဲ့အခါ
ကျောပိုးအိတ်ထက်
ရင်ပိုးအိတ်က အပုံကြီးပိုလေးသလား
ငါ့အတွေးများပါပဲ…” ဆိုပြီး သူ့ခံစားချက်လေးကို ရင်ဖွင့်ထားတာပဲ ဖြစ်ပါတယ်။
သူ့ကိုချစ်ခင်နှစ်သက်တဲ့ ပြည်သူတွေကလည်း ဘေးကင်းဖို့၊ ကျန်းမာဖို့၊ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ကို ဝိုင်းပြီးဆုတောင်းပေးနေကြ
တာလည်း ဖြစ်ပါတယ်။ crd