ၾကားသိသမွ်

ထွန်းတောက်နိုင် ဒလံဖြစ်ခြင်းမဖြစ်ခြင်းထက်ပိုပြီးအရေးကြီးတာတချက်က

ထွန်းတောက်နိုင်ဟာ ဒလံလားဆိုရင်သံသယဖြစ်စရာတွေရှိပါတယ်…သူ့ရဲ့ထွက်ဆိုမှုမှာ လေသံဟာအားတက်

သရောရှိလွန်းတာတချက်မန္တလေး PDF စခန်းဝင်စီးခံရတုန်းကကျန်တဲ့သူအားလုံးထွက်လာပေးဖို့လှုံ့ဆော်ခဲ့

တာတချက်ဒါတွေက တော်တော်စဉ်းစားစရာပါ…ဒါပေမယ့်ထွန်းတောက်နိုင် ဒလံဖြစ်ခြင်းမဖြစ်ခြင်းထက်ပိုပြီး

အရေးကြီးတာတချက်ကတော်လှန်ရေးကွန်ရက်တွေထဲမှာဒလံ သူလျှိုတွေ ရှိနေမလားဆိုတဲ့သံသယနဲ့စိုးရိမ်စိတ်ကို

ဒီနေ့ထွက်ဆိုချက်ကရိုက်သွင်းလိုက်နိုင်တဲ့ကိစ္စ ပါပဲ…ကျနော့်အမြင်ပြောရရင်ဘယ်စစ်ပွဲမှာမဆို တဖက်နဲ့တဖက်

သူလျှိုထည့်တာ ဒလံမွေးတာတွေဟာလုပ်ရိုးလုပ်စဉ်ပါပဲ…ဒီလိုတန်ပြန်ထောက်လှမ်းမှုတွေကိုဘယ်လိုကာကွယ်မလဲ

ဘယ်လိုစီမံမလဲဆိုတာကအင်မတန်အရေးကြီးပါတယ်…ဖေဖော်ဝါရီလကတည်းကကျနော် အကြိမ်ကြိမ်ရေးဖူးပါတယ်

ဒလံဆိုပြီး လွယ်လွယ်တံဆိပ်မကပ်ကြဖို့နဲ့အလျင်စလို အပြစ်ပေးတာတွေ မလုပ်ကြဖို့ပါ…စကစ ဘက်က လိုချင်တာ

ကတော်လှန်ရေးအဖွဲ့တွေရဲ့ သတင်းထက်အင်အားစုတွေအကြား အဖွဲ့တွေအတွင်းမှာအမြင်တွေလွဲပြီ

း ပြိုကွဲသွားဖို့ပါဒါမှသူတို့မတိုက်ရဘဲ နိုင်မှာကိုး…ဒါကြောင့်နေ့စဉ်တိုင်းမှာ မိုးဟိန်းလိုဟောပြောမှုတွေနဲ့ဝါဒဖြန့်

နေတာပါ…တော်လှန်ရေးအဖွဲ့တွေအထူးသဖြင့် လက်နက်ကိုင်တွေထဲမှာသူလျှို ဒလံကိစ္စ သံသယကြီးလာရင်

အရမ်းကြောက်ဖို့ကောင်းပါတယ်

ဒလံကိုအရင်ရှင်း ရန်သူကိုနောက်မှရှင်းဆိုတာမျိုးဖြစ်တတ်ပါတယ်…အမှန်တကယ်ရှိနိုင်တဲ့ ဒလံကြောင့်ထိခိုက်

နစ်နာမှုတွေက စိတ်ခံစားချက်ကိုအထိန်းအကွပ်မဲ့စေပါတယ်အဲ့လိုအချိန်မှာ သေချာစုံစမ်းအတည်ပြုဖို့အချက်အလက်

မပြည့်စုံဘဲဆင်ခြင်မှုထက် ခံစားမှုကပိုကဲပြီးလက်နက်ကလည်း လက်ထဲရှိနေတဲ့အခါမျိုးဆိုရင်သေဒဏ်ပေးပစ်လိုက်

ဆိုတာကအလွယ်လေးဖြစ်သွားနိုင်ပါတယ်…ဒလံမှန်ခဲ့ရင် အဆိုးကြီးမဟုတ်ပေမယ့်မှားခဲ့ရင်တော့ ငါးပါးမှောက်ပါမယ်

ဘယ်လောက်အန္တရာယ်ကြီးလဲဆိုရင်တော်လှန်ရေးတခုလုံး ပြိုကွဲရပ်တန့်သွားတဲ့ထိဖြစ်နိုင်ပါတယ်စကစ

လိုချင်တာလည်း ဒါပါပဲသူတို့အားမစိုက်ရဘဲ အချင်းချင်းအမြင်မှားပြီးအတွင်းပဋိပက္ခနဲ့ပြိုကွဲတာမျိုးပါ…

ဒါ့ကြောင့်တော်လှန်ရေးလှုပ်ရှားမှုတွေရဲ့လုံခြုံရေးစီမံချက်တွေကို စနစ်တကျပြန်သုံးသပ်ဖို့ယိုပေါက် ဟာပေါက်တွေ

အချိန်မီဖာထေးကြဖို့နဲ့အချိန်မရွေးပျံ့နှံ့လာနိုင်တဲ့ သံသယဗိုင်းရပ်စ်ကိုကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေ

ရှာထားကြဖို့သူလျှို ဒလံဆိုတာကို မသေချာဘဲ မစွပ်စွဲကြဖို့ဟုတ်ခဲ့ရင်တောင် သေဒဏ်အစားအခြားနည်းလမ်းတွေနဲ့

အရေးယူ/ထုတ်ပယ်တာမျိုးကိုပဲ လုပ်ကြဖို့သက်ဆိုင်သူများကိုသတိပေးတိုက်တွန်းလိုပါတယ်…

မိုဃ်းသွေး