အရမ်းကို အံ့ဩမိ ပါသည် ဖတ်ကြည့်ကြပါဦးကျနော်တို့ နိုင်ငံမှာပေါများလှတဲ့
သရက်ရွက် (Mango Leave) ကို
အမေရိကန်နိုင်ငံမှာ ၂ အောင်စ ကို ၁၃ ဒေါ်လာ (13$) နဲ့ရောင်းနေတာတွေ့ရတော့
ဘာတွေကောင်းလဲဆို google ခေါက်ကြည့်လိုက်ပါတယ်
သူများတွေရောင်းနေတာ ကုန်ချောအဆင့်တောင်မဟုတ်ပါဖူးနော်..
သူများရောင်းတာထိုင်ဝယ်စားနေရမယ့် ခေတ်လဲ မဟုတ်တော့ပါဖူး.
သရက်သီးအရွက်ဟာ သရက်သီးထက် အဟာရပိုများနေပါတယ်..
ဗီတာမင် အေ ဘီ စီနဲ့ antioxidant တွေကြွယ်ဝပါတယ်..
သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ ရေနဲ့ပြုတ်၍ဖြစ်စေ
အရွက်ကိုအမှုန့်ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာ ချက်ပြုတ်စားသောက်ကြပါတယ်..
ဆေးဘက်ဆိုင်ရာအနေဖြင့် ဆီးချိုရောဂါကို ထိန်းညိဖို့ သောက်သုံးကြပါတယ်..
ဒါအပြင် သွေးတိုးရောဂါ ထိန်းညိပေးပါတယ်..
စိတ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကုသနိုင်ပါတယ် အကျိတ်တွေနဲ့
ကင်ဆာရောဂါကြီးထွားမှုကို လျော့ချပေးပါတယ်..
သည်းခြေမှာ ကျောက်တည်ခြင်းကို ခြေဖျက်နိုင်ပါတယ်..
အစာအိမ်ရောဂါတွေသွေးဝမ်းသွားရောဂါတွေ ကုသနိုင်ပါတယ်..
ကြို့ထိုးတဲ့ ရောဂါအတွက်ဆို သရွက်ရွက်ခြောက်ကိုမီးရှို့ပီး ရှူပေးရင်ပျောက်ကင်းပါတယ်..
မီးလောင်ဒဏ်ရာတွေမှာ အသုံးပြုနိုင်ပါတယ်.. နားကိုက်ရောဂါကုသနိုင်ပါတယ်..
ကိုယ်အလေးချိန်ကို လျော့ချနိုင်ပါတယ်..သုံးစွဲနည်းအသေးစိတ်ကို google မှာ mango leave benefit
ဆိုပီး ရှာနိုင်ပါတယ်..အလျင်းသင့်ရင် ဘာသာပြန်ပြီးဖော်ပြပေးပါဦးမယ်.
လေးစားစွာဖြင့် ခရက်ဒစ်.