ၾကားသိသမွ်

DASSK နဲ့ ဦးဝင်းမြင့်တို့ကိုရှေ့နေ​တွေနဲ့ သီးသန့်တွေ့ဆုံခွင့်ပေးပြီးစစ်​ကောင်စီက သူ့ထွက်​ပေါက်အတွက် စနည်းနာပြင်ဆင်လာပြီလား

စစ်​ကောင်စီက သူ့ထွက်​ပေါက်အတွက် စနည်းနာပြင်ဆင်လာပြီလား

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ သူတို့ရဲ့ရှေ့နေ​တွေနဲ့ သီးသန့်တွေ့ဆုံခွင့်ရခဲ့ပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့​ ဒီ​နေ့သတင်း​တွေ ​ရေးလာတာဖတ်ရပါတယ်။

(၂) ဦးစလုံးကျန်းမာ​ရေး​ကောင်းတယ်ဆိုတာလည်း ဝမ်းသာစရာပါပဲ။ အခုလို ​ရှေ့​နေ​တွေနဲ့ သီးသန့် ​တွေ့ဆုံခွင့်ပြုတယ်ဆိုတာလည်း​ကောင်းပါတယ်။ ဒါ​ပေမယ့် အခုလိုသီးသန့်​တွေ့ဆုံခွင့်ရတာဟာ တရားရုံးသ​ဘောသက်သက်နဲ့ မဖြစ်နိုင်ဘူးမြင်ပါတယ်။


ဒီလို​တွေ့ဆုံဖို့ကို မအလ ကခွင့်ပြုတာ။ တနည်းအားဖြင့်​တော့သက်သက်​တွေ့ ​စေခြင် စကား​ပြော​စေခြင်လို့ကို အခုလို စီစဥ်​ပေးတာဖြစ်နိုင်ပါတယ်။ ​တွေ့ရင်ပြင်ပနိုင်ငံ​ရေး နူဂျီ ပီဒီအက် အာဆီယံနဲ့ ဟွန်ဆန် ယူအမ် အိုင်စီ​ဂျေ စတဲ့အ​ခြေအ​နေကို​ယေဘူယျ​လောက်​ပြောမယ်ဆိုတာ စကစ ဘက်ကတွက်ပြီးသားဖြစ်မယ်ထင်ပါတယ်။

​အရင်(၂ )လ​လောက်ကလဲ မအလ က ​ဒေါ်​အောင်ဆန်းစုကြည်အ​နေနဲ့ အန်ယူဂျီ ပီဒီဖက် ​တွေကိုတားမြစ်သင့်တယ် ဆိုတာမျိုးထုတ်​ပြောဖူးတာရှိတယ်။

အခုလည်း ဟွန်ဆန်နဲ့ စီစဥ်တဲ့အတိုင်းကလည်းဖြစ်မလာ အာဆီယံနိုင်ငံခြား​ရေးဝန်ကြီး တချို့ကလည်း ​​ဒေါ်​အောင်းဆန်းစုကြည် နဲ့​တွေ့ဆုံ​ပေးဖို့ လိုအပ်တယ်ဆိုတဲ့ လိုင်း​တွေတင်လာတာ​တွေဖြစ်လာ။ တဖက်ကလည်း တစ်နိုင်ငံလုံးတိုက်ပွဲ​တွေမှာ စကစဖက်က အကျအဆုံး အထိအခိုက်​တွေ အရမ်းများလာ အ​ခြေအ​နေ​တွေမထိန်းနိုင်ဖြစ်လာ​နေလို့ အခုလို လုပ်တယ်ထင်ပါတယ်။


ဆိုလိုတာက​တော့ အခုလို ​ရှေ့​နေ​တွေနဲ့ သီးခြား​တွေ့ဆုံခွင့်​ပေးပြီး ​ဒေါ်​အောင်ဆန်းစုကြည်နဲ့ ဦးဝင်မြင့်တို့ သ​ဘောကို သိရှိတီး​ခေါက်ထား​နိုင်ပြီး ပြင်ဆင်နိုင်ဇယား​ရွှေ့နိုင်​အောင်စီစဥ်တာဖြစ်နိုင်ပါတယ်။ ​ရှေ့​နေ​တွေနဲ့ သီးသန့် ​တွေ့ဆုံတယ်ဆိုတာလည်း သူတို့စီစဥ်​ပေးတဲ့​နေရာ​တွေမှာ ​တွေ့ရမှာပါပဲ။

ဟိုးအရင်အ​တွေ့အကြုံ​တွေအရဆိုရင်​တော့ သူတို့က​ပြော​ဆို​နေတဲ့စကား​တွေကို ပြန်သိနိုင်​အောင် ကြိုတင် စီစဥ်ထားပြီးသားဖြစ်မယ်လို့ ယူဆပါတယ်။ ဒါ​ကြောင့် စစ်​ကောင်စီရဲ့ ကစားကွက်​တွေ​အစီစဥ်သစ်​တွေ ကြံစည်​​နေပြီလို့ ထင်မြင်မိပါတယ်။ ဒါ​ကြောင့် နူဂျီနဲ့ ပီဒီအက် အပါအဝင်ပြင်ပနိုင်ငံ​ရေး အင်အားစု​တွေလည်း ဝမ်းသာယုံတင်ရပ်မ​နေပဲ ကြိုတင်စဥ်းစားပြင်ဆင်ထားသင့်ပါတယ်။

​ရှေ့​နေ​တွေနဲ့ သီးသန့် ​တွေ့ဆုံရတာကို မ​ကောင်းဘူးလို့ မဆိုလိုပါဘူး။ အမြန်ပြန်လွှတ် တော့မယ် ​တွေ့ဆုံ​ဆွေး​နွေး​ရေးလုပ်လာ​တော့မယ်လို့လဲ မဆိုလိုပါဘူး။ သူ့လက်ထဲမှာရှိ​နေဆဲမို့ သူကအ​ခြေအ​နေကြည့်ပြီး သူအသာရနိုင်မှသာ အဲလို​တွေလုပ်လာမှာကို​တော့ ရှင်းရှင်းလင်းလင်း နားလည်ထားဖို့လိုပါတယ်။

ဝမ်းသာ​နေယုံ နဲ့တင် ရပ်မထား သတိ​ပေါ့မသွားဖို့လိုတယ်မြင်ပါတယ်။ ​​သေခြာတာတစ်ခုက​တော့ စကစအ​နေနဲ့ အခုလက်ရှိပုံစံအတိုင်း ​ရှေ့ဆက်ဖို့အခက်ခဲ အကြပ်အတည်းဖြစ်​နေတာ လမ်း​​ကြောင်းသစ်အတွက် ပြင်ဆင်ဖို့စနည်းနာ အချက်အလက်ရယူ​ဖို့ စလာတယ်လို့​ပြောရမှာပါ။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်​ရေး အတွက် အားလုံးစုစည်းညီညွတ်ပြင်ဆင်ပြီး ​ရှေ့ဆက်တက်လှမ်းနိုင်ကြပါ​စေ။

​လေးစားစွာဖြင့်။ ဆန်နီ
Credit: