News

” မအလကြောင့် မြန်မာပြည်သူတွေအဆိုးဆုံးအခြေအနေနဲ့ရင်ဆိုင်နေရပြီ” ” နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေအသက်ကို ကယ်တင်မှရတော့မယ်”

” မအလကြောင့် မြန်မာပြည်သူတွေအဆိုးဆုံးအခြေအနေနဲ့ရင်ဆိုင်နေရပြီ”

” နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေအသက်ကို ကယ်တင်မှရတော့မယ်”

” IMF က မြန်မာပြည်သူတွေအတွက်ပေးတဲ့ ကိုဗစ်ကုသကာကွယ်ရေး ဒေါ်လာသန်း (၃၅၀) ကိစ

္စ မအလစစ်ကောင်စီတာဝန်ခံဖြေရှင်းရမယ်”(မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်)


၁၄ ဇူလိုင် ၂၀၂၁

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့ကျန်းမာရေးစနစ်ပြိုလဲပျက်စီးသွားချိန်မှာ လက်ရှိကိုဗစ်ကူးစက်သေဆုံးမှုနဲ့

ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် အဆိုးဝါးဆုံးအခြေအနေနဲ့ရင်ဆိုင်နေရပြီလို့ လူ့အခွင့်အရေး

အထူးကိုယ်စားလှယ် Tom Andrews က သတိပေးပြောပါတယ်။

လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရခြင်း ဥပေက္ခာပြုခံရခြင်းဟာ အခြေခံလူ့အခွင့်အရေးချိုးဖေါက်ခံ

ရခြင်းဖြစ်တယ်လို့ Tom Andrews ကပြောပါတယ်။မြန်မာပြည်သူတွေအတွက်အရေးပေါ်မဟာမိတ်အဖွဲ့ဖွဲ့ပြီး

အမြန်ကူညီမှ ရမယ်လို့လည်း သူက ပြောပါတယ်။ ကိုဗစ်နဲ့ပတ်သက်လို့ အကူအညီတွေကို ပေးရာမှာ အာဏာ

သိမ်းစစ်တပ်နဲ့ လုံးဝမပတ်သက်မှ အဆင်ပြေမယ်လို့လည်း Tom Andres ကသတိပေးပါတယ်။

မြန်မာပြည်သူတွေက မအလနဲ့ အာဏာသိမ်းစစ်တပ်ကို အယုံအကြည်မရှိတဲ့အတွက် ပြည်သူတွေယုံကြည်စိတ်ချ

ရတဲ့အဖွဲ့တွေနဲ့လုပ်ဆောင်မှ အောင်မြင်မယ်လို့လည်းသူကပြောပါတယ်။

ကိုဗစ်ကုသကာကွယ်ရေးအတွက်အသုံးပြုဖို့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့က အာဏာမသိမ်းခင်လေးမှာ

ကူညီပေးထားတဲ့ ဒေါ်လာ သန်း(၃၅၀)နဲ့ပတ်သက်လို့လည်း မအလအာဏာသိမ်းစစ်တပ်က တာဝန်ယူဖြေရှင်း

ရမယ်လို့ Tom Andres က သတိပေးပါတယ်။ လက်ရှိကိုဗစ်ကူးစက်ပြန့်ပွါးနေတဲ့အနေအထားမှာ

မြန်မာအကျဉ်းထောင်တွေရဲ့အနေအထားဟာ စိုးရိမ်စရာကောင်းနေတယ်လို့လည်း ဂျီနီဗာမှာ ကျင်းပနေတဲ့

လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ Tom Andres ကပြောပြသွားပါတယ်။