ကိုဗစ် ရောဂါ ထိန်းချုပ်ကာကွယ်ရေးတွင် ပါဝင်ကူညီနေသည့် သံဃာတော်တပါး
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မြို့ချောင်းမြို့ရှိ ဒညင်းကုန်းကျောင်းတိုက်မှ
သံဃာတော်တပါးမှ ကိုဗစ် ရောဂါကူးစက်လူနာများကိုPPE ဝတ်စုံဝတ်ပြီ ကူညီပေးနေတဲ့ ပုံပဲဖြစ်ပါတယ်။
အရမ်းကိုလေးစားမိပါတယ် ကြည်နူးပီတိဖြစ်မိပါတယ်ဦးဇင်းရယ် သာဓု သာဓု သာဓုပါ…..
PPE ဝတ်စုံနဲ့ သူဒီလို PPE ဝတ်စုံနဲ့ ဆိုတော့ သူ ဘယ်သူဘယ်ဝါဆိုတာ မသိခဲ့ဘူး
သူတာဝန်ပြီးဆုံးသွားလို့ အပြင်ထွက်လာတယ်ပထမဆုံး မျက်နှာအကာကွယ်တွေကို
ဖယ်ခွါလိုက်တယ်ခေါင်းတုံးဆံပင်နဲ့
အော်…သူပရဟိတလုပ်နေချိန်ပြည်သူ့အတွက်ကူညီပေးနေချိန်အလွတ်လပ်ဆုံးဖြစ်အောင်
သူ့ဆံပင်ကို တိုတိုညှပ်ထားတာပဲပေါ့ နောက်တစ်ဆင့်
သူ PPE ဝတ်စုံကို ခန္ဓာကိုယ်မှဖယ်ခွါဖို့ စတင်လိုက်တယ် ဟာ…….
အမှတ်တမယ့် နှုတ်က ထွက်ပေါ်လာတဲအာမေဒိတ်အသံနဲ့အတူ
မျက်ဝန်းအစုံမှာမြင်တွေ့လိုက်တာက ဘုရားသားတော်ရဟန်းတပါး
သံဃာဆိုသည်မှာဒါယိကာ ဒါယိကာမတို့၏ချမ်းသာခြင်းကိုသာ
လိုလားကြကုန်၏။မြတ်သော ကုသိုလ်အမြတ်ဆုံးစိတ်ထား
အမြင့်မြတ်ဆုံး စေတနာတွေပါ
လောကီ လောကုတ္တရာ အတွက်အရှင်ဘုရားတို့ကျေးဇူး
ထူးကဲလှပါတယ်ဘုရားသံဃဂုဏော အနန္တော ပါအရှင်ဘုရား တို့
#ရှိခိုးဦးတင်လေးစားစွာဖြင့်
Photo ; crd