“ဦးဇင်း ကျော်ဟိန်းမေး ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဖြေ”
ဦးကိတ္တိသာရ(ဦးကျော်ဟိန်း)။ ။ ဆရာတော်ဘုရားရဲ့ ရည်မှန်းချက်က ဘယ်လိုရှိပါသလဲဘုရား။
အခုဒီဘဝမှာ ပါမောက္ခချုပ်ဆရာတော်ဖြစ်နေပြီး ဒီနေရာ ဒီအဆင့်နဲ့ တရားတွေလည်းသိနေပြီ။
ဒီဘဝကို ဘယ်လိုအဆုံးသတ်မယ်လို့ ဘုန်းဘုန်းရည်မှန်းထားပါသလဲ။
ပါမောက္ခချုပ်ဆရာတော် ။ ။ ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း သူများတကာတွေကတော့ မမေးဖူးဘူးပေါ့။
အခုတော့မေးလာလို့ဖြေလိုက်ရဦးမယ်။ ဘုန်းဘုန်းက ဘုရားဖြစ်ချင်လို့အကြိမ်ကြိမ်ဆုတောင်းခဲ့တယ်။
ဒီဘဝကိုသိဖို့ ဒီဘဝနောက်ဆုံးဘဝလို့တော့ ဘုန်းဘုန်းက တစ်ခါမျှ မရည်မှန်းခဲ့ဘူး။
သူများတွေ နားလည်အောင် အသိဉာဏ်တွေ ငါဆည်းပူးဦးမယ်။ ငါ အကျွတ်တရားရရင် သူများတွေလည်း
အကျွတ်တရား ရစေချင်တယ်ဆိုတဲ့ စိတ်ဓာတ်၊ အဲဒီစိတ်ဓာတ်နဲ့ ငယ်ငယ်တုန်းကတည်း က
အကြိမ်ကြိမ်ဘုရားဆုပန်ခဲ့တယ်၊ ခိုင်မြဲတာ မခိုင်မြဲတာတော့ မသိသေးဘူး။ အခုအချိန်ထိတော့
ဆုပန်တာကိုပြောတာ။ ဒီဘဝကို ငါ အဆုံးသတ်မယ်ဆိုတဲ့ စိတ်မရှိဘူး။ မှန်တာကိုပြောတာ”
(ပါမောက္ခချုပ်ဆရာတော်၏ ဘဝခရီးနှင့်ဓမ္မဆီမီး) စာမျက်နှာ- ၆၂၈ မှ
36Myanmar
#ခရက္ဒစ္;;