ၾကားသိသမွ်

US ဟာ မနှေးအမြန်ပုံစံနဲ့ ထလာနေသောကြောင့် မအလတသိုက်လည်း လုပ်စရာရှိတာ ခပ်သွက်သွက်နဲ့ လုပ်နေပုံပဲ

စီးပွါးရေးပိတ်ဆို့တာ ဒို့မမှုပါ သယံဇာတတွေပေါလှတာ ဆိုတဲ့

ကျနော်တို့ငယ်ငယ်က TV ကကြားခဲ့ရတဲ့သီချင်း ပေါ့ ဒါဟာအမေရိကန်ပြည်ထောင်စုက ဗမာပြည်ကို ကလင်တန်လက်ထက် Cohen Feinstein Law နဲ့ Sanction ချလို့ ထွက်လာတဲ့သီချင်းလို့ထင်ရပါတယ်

အဲဒီ အချိန်မှာန၀တ အစိုးရလက်ထက်အမေရိကန်ကုမ္ပဏီတွေလာအလုပ်လုပ်နေပါပြီ ရေနံကုမ္ပဏီတွေဖြစ်တဲ့ Total , Chevron,အမိုကို ,ခရော့ဖ် စတဲ့ ကုမ္ပဏီတွေ က လာအလုပ်လုပ်နေပါပြီ အဲဒီတုံးက ခရော့ဖ် ကိုအ၀ယ်တော်လုပ်ပေးနေတဲ့ ခရိုနီကြီးတယောက်တောင် တနှစ်အတွင်းလောက်မှာ USD 1 သန်းလောက် ပိုက်မိသွားပါတယ် ဒါ သူ့ အေရှားဝိခ် မဂ္ဂဇင်း အင်တာဗျုးမှာတရား၀င်ကိုပြောသွားတာပါအဲဒီတုံးက ဒေါ်လာတစ်သန်းဆိုတာမနည်းပါဘူး။

တဒေါ်လာကို ၆၅ ကျပ်၀န်းကျင်အချိန်ပါ အဲဒီခရိုနီကြီးဟာအခုတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေတခြားလုပ်ငန်းပေါင်းများစွာနဲ့ကြီးပွါးနေတဲ့ သူကြီးဖြစ်ပါတယ် Cohen Feinstein Law ကိုကလင်တန်လက်မှတ်ထိုးချိန်မှာ ခင်ညွန့်ကကျိုင်းတုံကို သူ့အဖွဲ့နဲ့အတူရောက် နေချိန် သတင်းထောက်တွေလဲအတူပါသွားပါတယ်

အဲ့အချိန်ဒီသတင်းကို သတင်းထောက်ကြီး လယ်ရီယာဂင် က ရတော့ ခင်ညွန့်တပည့် ဗိုလ်မှုးကြီးကျော်သိန်း ကို ပြော သူက ခင်ညွန့်ကိုပြောတော့ ခင်ညွန့်ကဒေါသူပုန်ထပြီး ကုလားထိုင်တခုကိုကန်ကျောက်ပြီး ဒါနိုင်ငံရေးပါဗျာ တဲ့ အော် ဖြစ်ရလေ နိုင်ငံကိုတက်အုပ်ချုပ်ချင်ရင် နိုင်ငံရေးချည့်ဘဲပေါ့ Cohen Feinstein Law မှာ အမေရိကန် တွေ မြန်မာပြည်မှာရှိပြီးသားကဆက်လုပ် နောက်ထပ်အသစ်တွေ တော့လုပ်လို့မရတော့ပါဘူး

ဒီတော့ Chevron တို့အေးဆေးဆက်လုပ်လို့ရနေပါတယ် 2003မှာဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းမှာတိုက်ခိုက်ချိန်မတော့ Kentucky Senator Mitch McConnell ဟာ California Senator Dianne Feinstein နဲ့ဘဲပူးတွဲကမကထ လုပ်ပြီး MR 2003 Democracy & Freedom Act (Burma) ကိုပြဌာန်းပိတ်ဆို့ပြီးတဲ့နောက်မှာ ဘဏ်ငွေအလွဲအပြောင်း ပါပိတ်ဆို့ တဲ့အတွက် အတော်အထိနာသွားပါတော့တယ်

အဲ့တော့တရုပ်တို့နဲ့သန်းရွှေဟာ သွားပူးပါတော့တယ် မပူးလို့လဲ မရတော့ပါဘူး သာဓကအားဖြင့် ကြားခဲ့တာ ကုမ္ပဏီ တခုဟာအစိုးရနဲ့လဲမဆိုင် ဘာမှလဲမပတ်သက်ဘဲ ငွေလွှဲရာမှာအရေးအသားလေးတချက်အမှားမှာ ဒေါ်လာ 80000 Freeze ဖြစ်သွားပါတယ် မနည်းပြန်လိုက်ယူရပါတယ် တော်တော်ကြီး ကိုခက်ခက်ခဲခဲ ပါ ဒါအသေးအမွှားကုမ္ပဏီနော် ၊

ကျနော်ပြောချင်တာက Total, Chevron တို့ဟာ ကလင်တန် သက်တမ်း နှစ်ဆက် ဘုရှ်သက်တမ်းနှစ်ဆက် အိုဘားမား သက်တမ်း နှစ်ဆက် ထရမ့်ပ်သက်တမ်း တဆက် 29 နှစ်နီးပါး မြန်မာစစ်တပ်နဲ့ပေါင်းလုပ်လာပြီး ဘသူတွေဘယ်လိုကန့်ကွက်ကန့်ကွက် အေးဆေး လုပ်လာတာ ကိုကြည့်ရင် အမေရိကန် အစိုးရ ပြင်သစ်အစိုးရ တို့ရဲ့ နိုင်ငံရေးသမားတွေအထိ ပေါက်ရောက် ငွေကြေးထောက်ပံ့အလှူဒါန ပြုထားခဲ့သူတွေမို့လို့ပါဘဲ အခု ရုတ်တရက်ကြီး ထလစ်သွားတာ ဘာ့ကြောင့်လဲ မအံ့ဩကြဘူးလားခင်ဗျ အံ့ဩစရာနော်

Total, Chevron တို့ဟာ အကျိုးအမြတ်အများကြီးရနေတဲ့နေရာကရုတ်တရက် ဗမာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကိုအခုမှသိလို့ ထွက်တယ်ဆိုတာယုံတမ်းစကားတွေပါ သူတို့သိပါတယ် အထူးသဖြင့် ပြင်သစ်ဟာ အညှောင့်ပါ သူ့အကျိုးအမြတ်ကိုအမြဲပိုကြည့်ပါတယ် ဟိုးအရင်မြန်မာစစ်အစိုးရကို ဗျင်းမယ်လုပ်ရင်ကန့်လန့်ခံတတ်ပါတယ်

အခုတော့ သူကစထွက်ပါတယ် အထူးသဖြင့် Australia ကသူ့ဆီက ရေငုပ်သင်္ဘော၀ယ်မဲ့ကိစ္စ မှာ အမေရိကန် က နျုစွမ်းအင်သုံးရေငုပ်သင်္ဘော နည်းပညာပေးမယ်ဆိုတော့ ဖေါက်သည်ပျက်သွားလို့အထိနာသွားပါတယ် ဒါဟာ အမေရိကန် ဟာသူလုပ်ချင်သလို ဝိုင်းမလုပ်ပေးဘဲ ကပျက်ယပျက်လုပ်လာရင် ပေးလိုက်တဲ့ပညာပါဘဲ ဂျာမဏီ လဲအတူတူပါဘဲ မာကယ်လ် လက်ထက် တရုပ်နဲ့ရောရုရှားနဲ့ရော အများဆုံးစီးပွါးလုပ်တာဂျာမဏီပါ

အခု အစိုးရသစ်မှာတော့ ရုရှားကိုခပ်မာမာ ဆက်ဆံလာပါပြီ ဒီတော့ရုရှားရောတရုပ်ရော အမေရိကရဲ့မဟာဗျုဟာပိုက်ကွန်အောက်ရောက်သွားပါပြီ US ဟာ ဥရောပထက် အင်ဒိုပစ္စဖစ်ကိုအာရုံထားနေပါတယ် ဒီတော့ယူကရိန်းကိုသာရုရှား၀င်ရင် ဥရောပ အတွက် အန္တရာယ် ခြိမ်းခြောက်မှု ရှိလာမှာကြောင့် EU ဟာအမေရိကန်ကို လုံး၀မှီခိုရတော့မဲ့အနေအထားဖြစ်သွားပါတယ်

ပြင်သစ်နဲ့ဂျာမဏီဟာလဲ အမေရိကန်ရဲ့ Indo Pacific Region ရဲ့စစ်ရေးနိုင်ငံရေး သံတမန်ရေး မဟာဗျုဟာတွေအတွက် ပူးပေါင်းပါ၀င် လာရပါတော့တယ် ဒါဟာ Total ထွက်ခြင်းရဲ့အစပါဘဲ

နောက်တချက်ကတော့ NDAA ရဲ့ကာကွယ်ရေးဌာနကိုပေးတဲ့ ဘတ်ဂျက်ဟာ နဲနဲနောနောမဟုတ်ပါဘူး ဒီတော့ Indo Pacific Region မှာပူးပေါင်းခဲ့ရင် ဒီဘတ်ဂျက်ထဲကငွေတွေကို ပြင်သစ်တို့ မျှဝေခံစားနိုင်သလို McConnell Amendment ထဲက ပါတဲ့မြန်မာဆိုင်ရာအချက်အလက်တွေက မြန်မာ coup စစ်တပ်နဲ့ ဆက်သွယ်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေ အစိုးရတွေကို Burma Act နဲ့ ထပ်အတီးခံရတော့မဲ့ ကိန်းဆိုက်နေ တာသေချာနေတော့

ပြင်သစ်အစိုးရက Total ကို ဟေ့ကောင်တွေ လစ်လိုက်တော့လို့ပြောလိုက်သလို ဒီမိုကရက်တစ်ပါတီကို ရက်ရက်ရောရော ထောက်ပံ့နေတဲ့ Chevron ကို US အမတ်တွေက တိုးတိုးတိတ်တိတ် ကဲ တော်ပြီထွက်တော့လို့အချက်ပြလိုက်တာလဲဖြစ်နိုင်ပါတယ် ကြီးမားတဲ့ ချမ်းသာတဲ့အမေရိကန်ကုမ္ပဏီကြီးတွေဟာ မြန်မာစစ်တပ်အတွက်သူတို့ရှိနေသမျှ အကာအကွယ်ရနေသလိုဖြစ်နေပါတယ် သူတို့ရှိနေသမျှ အမေရိကန်အစိုးရက သူ့သားသမီးတွေရှိနေလို့လုပ်ရကိုင်ရခက်ပါတယ် အခုတော့လမ်းပွင့်သွားပါပြီ စစ်တပ်အတွက် ပြေးလမ်းရှာရမဲ့အနေအထားပါ

United States ရဲ့ မြန်မာကို အခု အရေးယူမဲ့ Action ဟာ ဘာလဲတော့ကျနော်လဲမသိပါဘူး သူ့မှာ Options တွေအများကြီးရှိပါလိမ့်မယ် မိမိဘာသာတွေးယူပါ တစုံတရာဟာ မကြာခင် အကြီးအကျယ်ဆုံးပြောင်းလဲမှုတခုတော့ ကြုံရတော့မယ်လို့ ကျနော်ယုံကြည်ပါတယ်

ဘာ့ကြောင့်လဲဆိုတော့ သူတို့ မိသားစုတွေ နဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေ နဲ့နီးစပ်ရင် သူတို့မြန်မာပြည်ထဲမှာ အခုရှိနေသေးလား အန္တရာယ်ကင်းရာ နေရာတွေမှာရှိနေသလားသိပါလိမ့်မယ် သိသာလာတာကတော့ အာဏာသိမ်းမှု နှစ်ပတ်လည်နေ့မရောက်ခင် တပတ်လောက်အလိုမှာ ထူးထူးခြားခြား အဖြစ်အပျက်တွေဖြစ်လာတာတော့အမှန်ပါဘဲ နိုင်ငံရေး မှာ ဖြစ်ရပ်တိုင်းရဲ့နောက်ကွယ်က အကြောင်းအရာတွေ ရှိပါတယ် အလကားတော့ ဘာမှ တိုက်တိုက်ဆိုင်ဆိုင်ဆိုင် ဘာမှမရှိပါဘူး ခင်ဗျ

credit….
Htin Linn Thant