ၾကားသိသမွ်

TOTAL နှင့် CHEVRONဓါတ်ငွေ့ရောင်းရငွေများ NUGအစိုးရထံလွှဲပြောင်းရန်တရားဝင်ကြေညာ

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ ရုပ်သိမ်းထွက်ခွာမည့် Total နှင့် Chevron ကုမ္ပဏီအနေဖြင့် NUG အစိုးရ ငွေစာရင်းများသို့ ဓာတ်ငွေ့ရောင်းရ ငွေလွှဲပြောင်းရန် ကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၃

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ ရုပ်သိမ်းထွက်ခွာမည့် Total နှင့် Chevron ကုမ္ပဏီအနေဖြင့် NUG အစိုးရ ငွေစာရင်းများသို့ ဓာတ်ငွေ့ရောင်းရ ငွေလွှဲအပ်ရန် NUG အစိုးရက ကြေညာချက်ထုတ်ပြန်လိုက်သည်။


စွမ်းအင်ကုမ္ပဏီများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲမလုပ် ဆောင်တော့ဘဲ ထွက်သွားသည့်ကိစ္စအပေါ်ကြိုဆိုသော် လည်း ဓာတ်ငွေ့ရောင်းချထားသော PTT ကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနငွေစာရင်းများကို ငွေများ လွှဲအပ်ရန်အသိပေးအ ကြောင်းကြားရမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကြေညာချက်ထုတ် ပြန် သည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသည့် ရေနံနှင့် သဘောဝဓာတ်ငွေ့ကုမ္ပဏီများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားသည့် အမိန့်နှင့် ညွှန် ကြားချက်များကို လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး

သဘာဝဓာတ်ငွေအခွန်အခများ ကို NUG အစိုးရ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန် (၁/၂၀၂၁) အရ ဒုဝန်ကြီးက ညွှန်ကြားသည့် ငွေစာရင်းများကိုသာ လွှဲအပ်ပေးပို့ကြရမည်ဖြစ် ကြောင်း စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ MOGE ငွေစာ ရင်းများသို့ ငွေလွှဲ ပြောင်း ခွင့်မရှိကြောင်း ထုတ်ပြန်ထားသည်။

Zawgyi

စစ္အာဏာသိမ္းမႈေၾကာင့္ ျမန္မာနိုင္ငံမွ ႐ုပ္သိမ္းထြက္ခြာမည့္ Total ႏွင့္ Chevron ကုမၸဏီအေနျဖင့္ NUG အစိုးရ ေငြစာရင္းမ်ားသို႔ ဓာတ္ေငြ႕ေရာင္းရ ေငြလႊဲေျပာင္းရန္ ေၾကညာခ်က္ထုတ္ျပန္

ရန္ကုန္၊ ဇန္နဝါရီ ၂၃

စစ္အာဏာသိမ္းမႈေၾကာင့္ ျမန္မာနိုင္ငံမွ ႐ုပ္သိမ္းထြက္ခြာမည့္ Total ႏွင့္ Chevron ကုမၸဏီအေနျဖင့္ NUG အစိုးရ ေငြစာရင္းမ်ားသို႔ ဓာတ္ေငြ႕ေရာင္းရ ေငြလႊဲအပ္ရန္ NUG အစိုးရက ေၾကညာခ်က္ထုတ္ျပန္လိုက္သည္။

စြမ္းအင္ကုမၸဏီမ်ားအေနျဖင့္ အၾကမ္းဖက္စစ္ေကာင္စီႏွင့္ လက္တြဲမလုပ္ ေဆာင္ေတာ့ဘဲ ထြက္သြားသည့္ကိစၥအေပၚႀကိဳဆိုေသာ္ လည္း ဓာတ္ေငြ႕ေရာင္းခ်ထားေသာ PTT ကို အမ်ိဳးသားညီညြတ္ေရးအစိုးရ၏ လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနေငြစာရင္းမ်ားကို ေငြမ်ား လႊဲအပ္ရန္အသိေပးအ ေၾကာင္းၾကားရမည္ဟု လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ ျပန္ သည္။

ျမန္မာနိုင္ငံတြင္ လုပ္ကိုင္ေနၾကသည့္ ေရနံႏွင့္ သေဘာဝဓာတ္ေငြ႕ကုမၸဏီမ်ားအေနျဖင့္ အမ်ိဳးသားညီညြတ္ေရးအစိုးရက ခ်မွတ္ထားသည့္ အမိန႔္ႏွင့္ ညႊန္ ၾကားခ်က္မ်ားကို လိုက္နာေဆာင္ရြက္ရမွာျဖစ္ၿပီး

သဘာဝဓာတ္ေငြအခြန္အခမ်ား ကို NUG အစိုးရ၏ ဥပေဒကဲ့သို႔ အာဏာတည္ေသာအမိန္ (၁/၂၀၂၁) အရ ဒုဝန္ႀကီးက ညႊန္ၾကားသည့္ ေငြစာရင္းမ်ားကိုသာ လႊဲအပ္ေပးပို႔ၾကရမည္ျဖစ္ ေၾကာင္း စစ္အုပ္စုက ထိန္းခ်ဳပ္ထားတဲ့ MOGE ေငြစာ ရင္းမ်ားသို႔ ေငြလႊဲ ေျပာင္း ခြင့္မရွိေၾကာင္း ထုတ္ျပန္ထားသည္။