ၾကားသိသမွ်

တရုတ်အကျိုးစီးပွားကို မတိုက်ခိုက်ရန် NUG ကို တရုတ် လာရောက်ဆွေးနွေး

တရုတ်အကျိုးစီးပွားကို မတိုက်ခိုက်ရန် NUG ကို တရုတ် လာရောက်ဆွေးနွေး

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုုပ်နှံမှု ပြုလုပ်ထားသော တရုတ်နိုင်ငံ၏ ရင်းနှီးမြှုုပ်နှံထားသော စီးပွားရေး လုပ်ငန်းများနှင့် စီမံကိန်းများကို မတိုက်ခိုက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရုတ်နိုင်ငံဘက်က ဆွေးနွေးပြောဆိုခဲ့ကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့က တရုတ်အစိုးရပိုင်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့၏ ဖက်စပ်ကုမ္ပဏီ Myanmar CNMC Nickel က လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိထားသော တကောင်းနီကယ်စက်ရုံသို့ လျှပ်စစ် ဓာတ်အားပေးနေသော လျှပ်စစ်တာဝါတိုင်များကို ထီးချိုင့် PDF က မိုင်းခွဲတိုက်ခိုက်ပြီးနောက် ရန်ကုန်မြို့ရှိ တရုတ်သံရုံးက NUG ထံသို့ ဆက်သွယ်လာခြင်းဖြစ်သည်။


ဦးရည်မွန်က “အိမ်နီးချင်းနိုင်ငံတွေက လာရောက်ရင်းနှီးမြှုုပ်နှံထားတဲ့ အကျိုးစီးပွားတွေကို တိုက်ခိုက်ဖို့ဆိုတာ ကျနော်တို့မှာ ပေါ်လစီမရှိပါဘူး” ဟု ပြောဆိုသည်။

အထက်ပါဖြစ်စဉ်သည် မြေပြင်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက နားလည်မှုများအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း မြေပြင်မှ ကာကွယ်ရေးတပ်ဖွဲ့များ ကြုံတွေ့နေရသည့် အခြေအနေတချို့မှာ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွား၊ ရင်းနှီးမြှုုပ်နှံမှု ဧရိယာ၌ စစ်အာဏာသိမ်း တပ်ဖွဲ့များ အခြေချနေကြောင်းနှင့် ထိုနေရာများမှ ထွက်လာပြီး အများပြည်သူကို အကြမ်းဖက်တိုက်ခိုက်မှုများ ရှိကြောင်း ၎င်းကဆိုသည်။


တရုတ်နိုင်ငံနှင့် NUG တို့အကြား ဆွေးနွေးမှုတွင် ယခုဖြစ်စဉ်သည် မြေပြင်တပ်ဖွဲ့များ၏ နားလည်မှုအရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ရှေ့အနာဂတ်တွင် ထိုကဲ့သို့ ဖြစ်စဉ်များ မဖြစ်စေရန် NUG အနေဖြင့် ကြိုးစားဆောင်ရွက်သွာမည်ဖြစ်ကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားများနှင့် လုပ်ငန်းများသည်လည်း စစ်ကောင်စီတပ်များနှင့် ကင်းကင်းရှင်းရှင်းနေရန် အသိပေးခဲ့ကြောင်း NUG ကာကွယ် ရေးပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။

စစ်ကောင်စီတပ်များသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများဖြစ်သော စီးပွားရေးလုပ်ငန်းများနှင့် စီမံကိန်းများကို အကာအကွယ်ပေးမှုများ ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနှင့် ကျောက်မဲမြို့နယ် အစပ်ရှိ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်စက်ရုံအနီးတွင် မြေမြှုုပ်မိုင်းများ ထောင်ထားသည်အထိ လုပ်ဆောင်ထားသည်။


မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က တရုတ်နိုင်ငံ ရပ်တည်သည် ဆိုသည့် အယူအဆများ မြန်မာနိုင်ငံတွင် အားကောင်းလာကာ အာဏာသိမ်းမှုဆန့်ကျင်သည့် အင်အားစုများ ကလည်း တရုတ်နိုင်ငံ၏ ရပ်တည်ချက် မပြောင်းလဲပါက တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပစ်မည်ဟု ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း လှုံ့ဆော်ခဲ့သည်။

ထိုအခါက တရုတ်နိုင်ငံဘက်က စိုးရိမ်မှုများမြင့်တက်လာပြီး ၎င်း၏ ပိုက်လိုင်း စီမံကိန်းများအတွက် လုံခြုံရေး တိုးမြှင့်ပေးရန် စစ်ကောင်စီကိုယ်စားလှယ်များထံ တောင်းဆိုခဲ့ကြောင်း ၂၀၂၁ ခုနှစ် မတ်လက လူမှုကွန်ရက်တွင် ပေါက်ကြားလာသည့် စာရွက်စာတမ်းတချို့အရ သိရသည်။ ဧရာဝတီ

Zawgyi

တ႐ုတ္အက်ိဳးစီးပြားကို မတိုက္ခိုက္ရန္ NUG ကို တ႐ုတ္ လာေရာက္ေဆြးေႏြး

ျမန္မာနိုင္ငံတြင္ ရင္းႏွီးျမႇုုပ္ႏွံမႈ ျပဳလုပ္ထားေသာ တ႐ုတ္နိုင္ငံ၏ ရင္းႏွီးျမႇုုပ္ႏွံထားေသာ စီးပြားေရး လုပ္ငန္းမ်ားႏွင့္ စီမံကိန္းမ်ားကို မတိုက္ခိုက္ရန္ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ကို တ႐ုတ္နိုင္ငံဘက္က ေဆြးေႏြးေျပာဆိုခဲ့ေၾကာင္း NUG ၏ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္က ဧရာဝတီသို႔ ေျပာသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီ ၇ ရက္ေန႔က တ႐ုတ္အစိုးရပိုင္ကုမၸဏီႏွင့္ ျမန္မာကုမၸဏီတို႔၏ ဖက္စပ္ကုမၸဏီ Myanmar CNMC Nickel က လုပ္ငန္းလုပ္ကိုင္ခြင့္ ရရွိထားေသာ တေကာင္းနီကယ္စက္႐ုံသို႔ လၽွပ္စစ္ ဓာတ္အားေပးေနေသာ လၽွပ္စစ္တာဝါတိုင္မ်ားကို ထီးခ်ိဳင့္ PDF က မိုင္းခြဲတိုက္ခိုက္ၿပီးေနာက္ ရန္ကုန္ၿမိဳ႕ရွိ တ႐ုတ္သံ႐ုံးက NUG ထံသို႔ ဆက္သြယ္လာျခင္းျဖစ္သည္။

ဦးရည္မြန္က “အိမ္နီးခ်င္းနိုင္ငံေတြက လာေရာက္ရင္းႏွီးျမႇုုပ္ႏွံထားတဲ့ အက်ိဳးစီးပြားေတြကို တိုက္ခိုက္ဖို႔ဆိုတာ က်ေနာ္တို႔မွာ ေပၚလစီမရွိပါဘူး” ဟု ေျပာဆိုသည္။

အထက္ပါျဖစ္စဥ္သည္ ေျမျပင္ရွိ ေဒသကာကြယ္ေရးတပ္ဖြဲ႕မ်ားက နားလည္မႈမ်ားအရ လုပ္ေဆာင္ျခင္း ျဖစ္ေၾကာင္း၊ သို႔ေသာ္လည္း ေျမျပင္မွ ကာကြယ္ေရးတပ္ဖြဲ႕မ်ား ၾကဳံေတြ႕ေနရသည့္ အေျခအေနတခ်ိဳ႕မွာ အိမ္နီးခ်င္းနိုင္ငံမ်ား၏ အက်ိဳးစီးပြား၊ ရင္းႏွီးျမႇုုပ္ႏွံမႈ ဧရိယာ၌ စစ္အာဏာသိမ္း တပ္ဖြဲ႕မ်ား အေျခခ်ေနေၾကာင္းႏွင့္ ထိုေနရာမ်ားမွ ထြက္လာၿပီး အမ်ားျပည္သူကို အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ရွိေၾကာင္း ၎ကဆိုသည္။

တ႐ုတ္နိုင္ငံႏွင့္ NUG တို႔အၾကား ေဆြးေႏြးမႈတြင္ ယခုျဖစ္စဥ္သည္ ေျမျပင္တပ္ဖြဲ႕မ်ား၏ နားလည္မႈအရ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း၊ ေရွ႕အနာဂတ္တြင္ ထိုကဲ့သို႔ ျဖစ္စဥ္မ်ား မျဖစ္ေစရန္ NUG အေနျဖင့္ ႀကိဳးစားေဆာင္ရြက္သြာမည္ျဖစ္ေၾကာင္းႏွင့္ အိမ္နီးခ်င္းနိုင္ငံမ်ား၏ အက်ိဳးစီးပြားမ်ားႏွင့္ လုပ္ငန္းမ်ားသည္လည္း စစ္ေကာင္စီတပ္မ်ားႏွင့္ ကင္းကင္းရွင္းရွင္းေနရန္ အသိေပးခဲ့ေၾကာင္း NUG ကာကြယ္ ေရးျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္က ေျပာသည္။

စစ္ေကာင္စီတပ္မ်ားသည္ တ႐ုတ္နိုင္ငံ၏ အက်ိဳးစီးပြားမ်ားျဖစ္ေသာ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ စီမံကိန္းမ်ားကို အကာအကြယ္ေပးမႈမ်ား ရွိၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း သီေပါႏွင့္ ေက်ာက္မဲၿမိဳ႕နယ္ အစပ္ရွိ တ႐ုတ္ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ပိုက္လိုင္း ထိန္းခ်ဳပ္စက္႐ုံအနီးတြင္ ေျမျမႇုုပ္မိုင္းမ်ား ေထာင္ထားသည္အထိ လုပ္ေဆာင္ထားသည္။

ျမန္မာနိုင္ငံတြင္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ အာဏာသိမ္းစစ္တပ္ဘက္က တ႐ုတ္နိုင္ငံ ရပ္တည္သည္ ဆိုသည့္ အယူအဆမ်ား ျမန္မာနိုင္ငံတြင္ အားေကာင္းလာကာ အာဏာသိမ္းမႈဆန္႔က်င္သည့္ အင္အားစုမ်ား ကလည္း တ႐ုတ္နိုင္ငံ၏ ရပ္တည္ခ်က္ မေျပာင္းလဲပါက တ႐ုတ္-ျမန္မာ ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕ပိုက္လိုင္းကို ေဖာက္ခြဲပစ္မည္ဟု ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္ ႏွစ္ဆန္းပိုင္း လႈံ႔ေဆာ္ခဲ့သည္။

ထိုအခါက တ႐ုတ္နိုင္ငံဘက္က စိုးရိမ္မႈမ်ားျမင့္တက္လာၿပီး ၎၏ ပိုက္လိုင္း စီမံကိန္းမ်ားအတြက္ လုံျခဳံေရး တိုးျမႇင့္ေပးရန္ စစ္ေကာင္စီကိုယ္စားလွယ္မ်ားထံ ေတာင္းဆိုခဲ့ေၾကာင္း ၂၀၂၁ ခုႏွစ္ မတ္လက လူမႈကြန္ရက္တြင္ ေပါက္ၾကားလာသည့္ စာရြက္စာတမ္းတခ်ိဳ႕အရ သိရသည္။ ဧရာဝတီ