News

ကမ္ဘာ့ကစားကွက် မည်သူ Change လိုက်သလဲ [ ဘိုင်ဒန် ကျင့်ဖင် အပေးယူ နောက်ကွယ် ]

ကမ္ဘာ့ကစားကွက် မည်သူ Change လိုက်သလဲ[ ဘိုင်ဒန် ကျင့်ဖင် အပေးယူ နောက်ကွယ် ]

ကမ္ဘာ့အရေးအတွက် ချီးနားကနေ ရုရှားကို ပွဲပြောင်းသွားတာ လားရာ မကောင်းပေမယ့် မြန်မာအတွက်တော့ ကောင်းတယ် ဘာကြောင့်ဆိုတော့ မြန်မာအတွက် ချီးနားက ခရာကျတယ်ဆိုပေမယ့် ချီးနားထက် ၀င်မွှေ နေရာယူပြီး ရှုပ်မည့်ငပွေးက ပူတင်ဖြစ်နေတယ်

ဒီတော့ ပွဲမစခင်ကတည်းက ဆယ်လေး တစ်လေးသာရှိပြီး လောင်းကြေးမှာ ရှုံးနေတဲ့ စကစဘက် ချီးနားဟာ ပေါ်တင် ၀င်မလာရဲပဲ စောင့်ကြည့်လိုက် ဆွလိုက်နဲ့ ခနှောင့်ပြီး အချိန်ရတုန်း ပြည်တွင်းရှိရာ မနေပေမယ့် စကစရဲ့ အခြေနေမဟန်မူကို တွေ့လာပြီးနောက်

အထူးသဖြင့် ကမ္ဘာက စောင့်ကြည့်နေမှုနဲ့အတူ US ရှိ‌တော့ စစ်ရေးနဲ့ ပါ၀င်ကူ‌ညီပေးဖို့ကလည်း ဖြစ်နိုင်ချေနည်းပြီး မသိမသာ ခွာရင်း သံတမန်နည်းအရသာ ထိန်းကြောင်းပြီး မအလကို ထွက်ပေါက်ပေး န၀တခေတ်လို ပြန်သွားစေဖို့ ဖန်တီးနေတယ်

ဒီတော့ ဒီအခြေနေမှာ ချီးနားထက် ရုရှားကိုကပ် ပြည်တွင်းစစ်ရေးဖန်တီးမည့် မအလနဲ့ ဒီဘက်ခြေလာချပြီး နေရာ၀င်ယူ ခနှောင့်ဆန် အကျိုးသဲ့ယူမည့် ရုရှားကို ခု ယူကရိန်းအရေးနဲ့ ချုပ်ကိုင်ပြီး ပထုတ်လိုက်နိုင်တာဟာ မြန်မာအတွက် အတော် ကံကောင်းသွားပြီး ကမ္ဘာအတွက်တော့ အခက်ခဲတခုနဲ့ ကြုံရတယ်လို့ ဆိုရမယ်

တနည်း ယူကရိန်းနဲ့ ထိုင်၀မ်ဟာ မြန်မာအတွက် အစားထိုး ၀င်ရောက် နေရာယူပြီး ခေါင်းခံပေးမည့် နေရာတွေလည်း ဖြစ်တော့ ရုရှားနဲ့ ချီးနား သေချာကိုင်တွယ်နေရတယ် အကြောင်းက မြန်မာဟာ ခုအနေထား အရှိန်အရဆို ပြည်ပသံတမန်နိုင်ငံရေးနဲ့ ထိန်းချုပ်လာနိုင်ပြီဖြစ်သလို (လက်နက် မတင်သွင်းရ ၊ စီပွားရေး ပိတ်ဆို့ အရေးယူ ရပ်ဆိုင်း)

ပြည်တွင်းစစ်ရေးအားမှာလည်း စကစ ရှုံးနိမ့်နေပြီး NUG အားသာနေသလို ပြည်တွင်း၀င်မစွတ်ဖက်ရ အ‌ခြေနေကြောင့် ရုရှား ချီးနား မပါရဲပဲ ထိုင်ကြည့်နေရတယ် သူတို့၀င်ပါတာနဲ့ US လာမှာပဲ ထို့အတူ US ၀င်ကူတာနဲ့ ရုရှား ချီးနား ၀င်ကူမှာပဲ စကစနဲ့ စစ်ရေးစာချုပ်အရ သို့သော် ပြည်တွင်းမှာ ဖြစ်နေသမျှ မည်သူမျှ ၀င်ပါ လာကူညီလို့ စွတ်ဖက်လို့ မရဘူးဆိုတာ

သို့သော် အကြမ်းဖက်မှု ဥပဒေအရတော့ ကမ္ဘာ့နိုင်ငံများနဲ့ UN အပါ စကစအား ဘက်စုံမှနေ ဖိအားပေး ပိတ်ဆို့ အရေးယူမှုများအပြင် ပြည်သူကို သတ်ဖြတ်နေမှုများကြောင့်နဲ့ ဒီမိုကရေစီ ကာကွယ်ရေးအတွက် US မှနေ ဦးဆောင်ပြီး လိုအပ်ရင် စစ်ရေးအရ ပါအရေးယူဖို့ ကူညီဖို့ NDAA ကို အသက်သွင်းထားခြင်းဖြင့် Burma act. ကို ခြေလှမ်း ဖန်တီးထားပြီဆိုတာ

သိူ့ဆို အကြမ်းဖက်မှုနဲ့ ယခုလို လုပ်‌ဆောင်မှုတွေဖြစ်တဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်ရေးအရ သတ်ဖြတ် ရက်စက် ကျုးလွန်နေသည့် မည်သည့်နိုင်ငံ အစိုးရမဆို တရားဥပဒေ ဘောင်ထဲကနေ စွဲချက်တင်ပြီး အရေးယူ လုပ်ဆောင်နိုင်ကြောင်းနဲ့ ထိုနိုင်ငံနဲ့ ပြည်သူတွေအား ကာကွယ် အကူညီပေးနိုင်ကြောင်း _ နိုင်သည့် ခုဥပဒေကို

အမေရိကန်မှ အထက်လွှတ်‌တော်မှာ ပြဌာန်းတင်သွင်းပြီး ခွင့်ပြုပါက အကောင်ထည်ဖော်နိုင်ကြောင်းနဲ့ ဖော်ပြီး စတင်ခြေလှမ်း လုပ်ဆောင်လာနိုင်လိမ့်မည်ဆိုတာ

ယုံမှားသံသမရှိ၍ ခု ထိုအတွက် အချိန်နီးကပ် ကျရောက်လာနေပြီ ဖြစ်သလို ဘိုင်ဒန်သည် ကျဆင်းနေသော သူ့ပါဝါနိုင်ငံရေးအတွက် တခုခုကို ဖြစ်မြောက်အောင် လုပ်ဆောင်ပြမှ ရတော့မည်ဆိုတာ အသိပေးရင်း

သို့ဆို ထိုအချိန်ဆို US ၀င်လာ၍ ရုရှား ချိးနား ၀င်မရပါ အကြောင်းက US ၀င်လာခြင်းဟာ ကမ္ဘာ့ဥပဒေအရ ၀င်ခြင်း ဖြစ်ပြီး ရုရှား ချိးနား ဘာမျှမတတ်နိုင်ပဲ နောက်ကွယ်မှနေ စကစအား လက်နက်ကူညီကြရုံပဲ ရှိလေသည်

ဒါတောင် မသေချာလှ မသိအောင် ခိုးဝှတ် လုပ်ရမည် ဖြစ်သည် မဟုတ်လျှင် သူတို့ပါ အရေးယူခံရနိုင်သည် သို့ ထိူသို့မှ မဟုတ်ပဲ စကစနဲ့ စစ်ရေးစာချုပ်အရ ကူညီဖို့ တာ၀န်ရှိတယ်ဆိုပြီး ဇွတ်အတင်း တန်ပြန်စစ်ရေးတွေ ၀င်လာခဲ့ရင်လည်း

မြန်မာကိုတည်ပြီး US ချီးနား ရုရှား စစ်ရေး အားပြိုင်စေခြင်းဖြင့် နိုင်ငံငယ်လေး ဖွတ်ညက်ကြေသွားနိုင်သောကြောင့် နိုင်ငံရေးအရဆို ချီးနားသာ ဆုံးရှုံးပြိး အရင်းနှီးကြီးသော ကစားပွဲမို့ သေချာပြီ ဒီပွဲကို ချီးနားလက်လွှတ်ပြိဟု ဆိုချင်သည်

ထိုအတွက် လုပ်စရာက
💢 ချီးနား ဒီမြေပေါ်မှာ အသက်ဆက်ဖို့ ငပုကို လက်လွှတ် ထိုးကြွေးရမည်

💢 US ရဲ့ Act.ကို ခွင့်ပြုပြီး ဒီပွဲကို အဆုံးသတ် ရမည်
💢 ထိုအတွက် ချီးနားကို အယုံကြည်မဲ့ ကန်ပြီး မအလ အားကိုးထားပြုနေသော ရုရှားကို ပထုတ်ရမည် _ ဖို့အတွက် ယူကရိန်းနဲ့ တည်ပေးထားသည်

သို့ဆို ဘိုင်ဒန်နဲ့ ချီးနား အပေးယူဆိုသည်မှာ မည်သိူ့ရှိမည်လဲဆိုတာ အထူးစိတ်၀င်စားနေမိပါသည်ဟု အကြောင်းက ချီးနားမဲနဲ့ သမ္မတအဖြစ် တက်လာသည်ဟုဆိုသော ဘိုင်ဒန်လက်ထက်၌

☢️ ချီးနား ကိုဗစ်တရားခံသည် ပပျောက်သွားပြီး
☢️ ယခု ဘိုင်ဒန် ပါဝါကျနေမှုကိုလည်း ချီးနားသည် ငပုနဲ့ အလဲထပ်လုပ်ပြီး ဆက်တင်နိုင်သည်

အကြောင်းသည် ဘိုင်ဒန်ရှိနေသမျှ ကာလပတ်လုံး ချီးနားသည် ကမ္ဘာမှာ လူစွာအဖြစ် ခေါင်းမော့ရင်ကော့ ရှိနေနိုင်သည်ဆိုတာ သိရင်
ယခု ရုရှားကို US NATO ဝိုင်းတိုက်ပြီး ပူတင်ကို ဖြုတ်ချနိုင်ရင်လည်း ချီးနားသည် အားလုံးနေရာကို အလွယ်တကူ ၀င်ရောက်နေရာ ယူလာနိုင်သောကြောင့်

သို့ဆို ကမ္ဘာမှာ သူတစ်ယောက်ထဲ အာဏာရှင်နိုင်ငံအဖြစ် မိတ်ဖက်ယုတ်လျော့ပြီး အားကိုးရာမဲ့ အထီးကျန်မည် အကျိုးစီးပွားရလဒ်တွေ ဆုံးရှုံးနိုင်မည်ဟု တွေးဆ တွက်ဆ ထားရင်တော့ ထိုအယူအဆ အကြီးကြီးမှားပါလိမ့်မည်ဟုဆိုချင်သည်

အကြောင်းက အာဏာရှင်တို့ဟူသည် မိမိမှလွဲ မည်သူမျှ ဂရုမစိုက်ပါဆိုတာနဲ့ ချီးနားသည်လည်း သူအာခံ ခေါင်းမော့နိုင်စွမ်းရှိလို့ ခုလိုတွေ ရပ်တည် လုပ်ဆောင်နေတာကို သိပါဟု

ထိုထက် အာဏာရှင်‌နိုင်ငံတွေ ပူးပေါင်းဖက်မည် စစ်ရေးအရ တုန့်ပြန်မည်ဟု ဆိုနေ လေထွားနေကြသော်ငြား လက်တွေမှာမူ တောင်ပင်လယ် လာဝိူင်းတုန်းက ချီးနားအနား ဘယ်နိုင်ငံမကပ် မလာ မကူညီကြသလို ခုရုရှားဖြစ်တော့လည်း အီရန် ချိးနား မြောက် ရပ်ကြည့် ငြိမ်နေရသည် မဟုတ်လား

ထိုအတွက် လုပ်ပေးနိုင်တာက စစ်ရေးပူးတွဲ လေ့ကျင့် ခြိမ်းခြောက်ပြခြင်းနဲ့ ကမ္ဘာ့နိုင်ငံသေးတွေအ‌ပေါ် စစ်မြူ န်ုင်ငံရေးကစားခြင်းဖြင့် အပြန်အလှန် လက်နက်ရောင်း ကိုယ်ကျိုးရှာနေခြင်းပင် ဖြစ်သည်ဆိုတာ သိရင်

ခု ကမ္ဘာ့နိုင်ငံတော်တော်များများမှ မဟာမိတ်ရှာ လက်နက်၀ယ်ခြင်း ရောင်းချခြင်းတွေ ပြုလုပ်ပြီးရင် ဆိုင်ရာနယ်မြေ နိုင်ငံတွေမှာ ကန့်သတ်စစ်တွေ ဆင်နွှဲပြီးရင် ကမ္ဘာကြီးရဲ့ နိုင်ငံရေး စစ်ရေးဟာ တဆစ်ချိုးနဲ့ နောက်တဆင့်ဖြစ်တဲ့ နည်းပညာခေတ်အလွန်ကို တက်လှမ်းတော့မှာ ဖြစ်ပါတယ်

သိူ့ကြောင့်လည်း နိုင်ငံရေးအရ ရှင်းစရာတွေနဲ့ ထားခဲ့စရာတွေကို တဆင့်နိမ့်နိုင်ငံတွေအား နည်းပညာအကြွင်းအကျန်တွေကို ခွဲဝေ ရောင်းချပြီး ကမ္ဘာ့နိုင်ငံကြီးများမှ အခြားတဖက် ခေတ်အလွန်ကို တက်လှမ်းဖို့ ပြင်ဆင်နေကြပြီဆိုတာ သေချာလွန်းမက သေချာနေပါပြီဆိုတာ ယခု ဖြစ်ရပ်တွေက သက်သေပြလို့ နေပါပြီဟု ဆိုချင်သည်။

#မင်းကြည်ညိုနေ 🕊️