ၾကားသိသမွ်

NUG ရဲ့ Official Bond Agentဖြစ်သွားတဲ့မတ်မတ်ပန်

ဒီလထဲမှာ NUG Bond ဝယ်ကို ဝယ်ပါ။ မဖြစ်မနေ ဝယ်ပါ။ ဝယ်ကို ဝယ်ရပါမယ်။ (စိန်လက်စွပ်ကြီးဝတ်ထားတဲ့ လက်ညှိုးထောင်ပြောနေတဲ့ ပုံနဲ့ တွဲဖတ်ပါ) 😬

ဘယ်သူမွေးမွေး ငါတို့ကလေးလို့ ပြောပြောနေသူတွေလည်း ဝယ်ကိုဝယ်ပါ။ ကလေးမွေးထားရင် အရုပ်ဝယ်ပေးရမယ် မဟုတ်ဘူးလား။ ဒီတစ်ခါပါမယ့်အရုပ်တွေက ကလေးတွေ အိပ်မက်ထဲက အရုပ်ကြီးတွေလို့ ကြားတယ်။

ဆိုတော့ကာ ဝယ်ကို ဝယ်ရပါမယ်နော်။ ထောက်ပို့ကိစ္စနဲ့ ဘတ်လဘိုင်လိုက်နေလို့ ပတ်ပြေးနေတဲ့ မတ်မတ်ပန်လည်း NUG ရဲ့ Official Bond Agent ဖြစ်သွားပါပြီ။ အေးဂျင့်ပန်ပါရှန်။


လာမယ့်ရက်ထဲ California တစ်ခွင် ပြဲပြဲစင်အောင် အပြင်မှာ လိုက်ရောင်းမယ် စဉ်းစားထားတယ်။ အေးဂျင့်ပန်ဆီမှာ Online ကနေ ဝယ်မယ်တော့ မစဉ်းစားနဲ့ဦး။

ငွေလက်ခံမယ့် ဘဏ်အကောင့်အဆင်မပြေသေးလို့ ဥာဏ်နီဥာဏ်နက် ဥာဏ်ပြာဥာဏ်ဝါ ရှိသမျှပါဝါတွေ ထုတ်စဉ်းစားနေတယ်။ ဒီအတိုင်းကြီး ငွေတွေ ဝရောခနဲ ဝင်လာရင်မေဒိကန်အိုင်အာအက်စ်က ဝရုန်းခနဲ ရောက်လာပြီး စတီးလက်ကောက် ဝတ်သွားရလိမ့်မယ်။ အဲ့တော့ Online က မရောင်းပေးသေးဘူး။ အဆင်ပြေပြီဆို ပြောမယ်နော်။


လာမယ့် ၂၃ ရက်နေ့ San Francisco မှာ ပြုလုပ်မယ့် NUG ဝန်ကြီးချုပ်ဖလား ဆုချီးမြှင့်ပွဲအခမ်းအနားမှာ အေးဂျင့်ပန်ကိုယ်တိုင် ဂျိမ်းစ်ဘွန်းကို ရောင်းပေးပါမယ်။ ငွေသားနဲ့ ဝယ်ရပါမယ်။

စာရွက်မှာ အချက်အလက် ဖြည့်ပေးခဲ့ရုံပါ။ Form B ပါ တင်ပေးပါမယ်။ ဒါ့ကြောင့် Sanfran နဲ့ အနီးတစ်ဝိုက်က Bond ဝယ်ချင်သူတွေ အဲ့နေ့လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။


အခြားနိုင်ငံပေါင်းစုံက Bond ဝယ်ချင်သူတွေအတွက် ကောမန့်မှာ Link ချပေးထားပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ Link တွေမှာ ဝင်ပြီး လှမ်းဆက်သွယ်မေးမြန်းကြပါလို့။


Bond ဝယ်ပါ။ ဝယ်ကို ဝယ်ပါ။ ဝယ်ကို ဝယ်ရပါမယ်။ ဝယ်ကိုဝယ်ရပါမယ်နော်။ ပန္ဆယ္လို

Zawgyi

ဒီလထဲမွာ NUG Bond ဝယ္ကို ဝယ္ပါ။ မျဖစ္မေန ဝယ္ပါ။ ဝယ္ကို ဝယ္ရပါမယ္။ (စိန္လက္စြပ္ႀကီးဝတ္ထားတဲ့ လက္ညႇိုးေထာင္ေျပာေနတဲ့ ပုံနဲ႔ တြဲဖတ္ပါ) 😬

ဘယ္သူေမြးေမြး ငါတို႔ကေလးလို႔ ေျပာေျပာေနသူေတြလည္း ဝယ္ကိုဝယ္ပါ။ ကေလးေမြးထားရင္ အ႐ုပ္ဝယ္ေပးရမယ္ မဟုတ္ဘူးလား။ ဒီတစ္ခါပါမယ့္အ႐ုပ္ေတြက ကေလးေတြ အိပ္မက္ထဲက အ႐ုပ္ႀကီးေတြလို႔ ၾကားတယ္။

ဆိုေတာ့ကာ ဝယ္ကို ဝယ္ရပါမယ္ေနာ္။ ေထာက္ပို႔ကိစၥနဲ႔ ဘတ္လဘိုင္လိုက္ေနလို႔ ပတ္ေျပးေနတဲ့ မတ္မတ္ပန္လည္း NUG ရဲ့ Official Bond Agent ျဖစ္သြားပါၿပီ။ ေအးဂ်င့္ပန္ပါရွန္။

လာမယ့္ရက္ထဲ California တစ္ခြင္ ျပဲျပဲစင္ေအာင္ အျပင္မွာ လိုက္ေရာင္းမယ္ စဥ္းစားထားတယ္။ ေအးဂ်င့္ပန္ဆီမွာ Online ကေန ဝယ္မယ္ေတာ့ မစဥ္းစားနဲ႔ဦး။ ေငြလက္ခံမယ့္ ဘဏ္အေကာင့္အဆင္မေျပေသးလို႔ ဉာဏ္နီဉာဏ္နက္ ဉာဏ္ျပာဉာဏ္ဝါ ရွိသမၽွပါဝါေတြ ထုတ္စဥ္းစားေနတယ္။

ဒီအတိုင္းႀကီး ေငြေတြ ဝေရာခနဲ ဝင္လာရင္ေမဒိကန္အိုင္အာအက္စ္က ဝ႐ုန္းခနဲ ေရာက္လာၿပီး စတီးလက္ေကာက္ ဝတ္သြားရလိမ့္မယ္။ အဲ့ေတာ့ Online က မေရာင္းေပးေသးဘူး။ အဆင္ေျပၿပီဆို ေျပာမယ္ေနာ္။

လာမယ့္ ၂၃ ရက္ေန႔ San Francisco မွာ ျပဳလုပ္မယ့္ NUG ဝန္ႀကီးခ်ဳပ္ဖလား ဆုခ်ီးျမႇင့္ပြဲအခမ္းအနားမွာ ေအးဂ်င့္ပန္ကိုယ္တိုင္ ဂ်ိမ္းစ္ဘြန္းကို ေရာင္းေပးပါမယ္။ ေငြသားနဲ႔ ဝယ္ရပါမယ္။ စာရြက္မွာ အခ်က္အလက္ ျဖည့္ေပးခဲ့႐ုံပါ။ Form B ပါ တင္ေပးပါမယ္။ ဒါ့ေၾကာင့္ Sanfran နဲ႔ အနီးတစ္ဝိုက္က Bond ဝယ္ခ်င္သူေတြ အဲ့ေန႔လာခဲ့ၾကဖို႔ ဖိတ္ေခၚပါတယ္။

အျခားနိုင္ငံေပါင္းစုံက Bond ဝယ္ခ်င္သူေတြအတြက္ ေကာမန႔္မွာ Link ခ်ေပးထားပါတယ္။ သက္ဆိုင္ရာနိုင္ငံရဲ့ Link ေတြမွာ ဝင္ၿပီး လွမ္းဆက္သြယ္ေမးျမန္းၾကပါလို႔။

Bond ဝယ္ပါ။ ဝယ္ကို ဝယ္ပါ။ ဝယ္ကို ဝယ္ရပါမယ္။ ဝယ္ကိုဝယ္ရပါမယ္ေနာ္။ ပန္ဆယ္လို