ၾကားသိသမွ်

ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို သေဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး ပြောပြလိုက်တဲ့ ပန်ဆယ်လို

မြန်မာပြည်မှာ ၁၉၈၈ မှာကတည်းက သေစားသေစေဆိုတာ မရှိဘူး။ ကြိုးစင်ဆိုတာ မရှိဘူး။ သမ္မတကသာ သေဒဏ်ကို အတည်ပြုလို့ရ

တာ။ အခု သမ္မတလည်း မရှိဘူး။ ကြားမှာ အယူခံအဆင့်ဆင့်ရှိတယ်။

ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို သေဒဏ်ချမှတ်လိုက်တယ်။ ဒါဟာ ငါတို့တွေကို စိတ်ဓါတ်ပျက်ပြားအောင် ငါတို့ရဲ့ ခေါင်းဆောင်လို့ စွဲမှတ်

ယုံကြည်ထားသူတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာ။ ဒီနေ့ Total နဲ့ Chevron ကိစ္စကြောင့် ပျော်ရွှင်နေကြတဲ့ ပြည်သူတွေကို ဒီ

သတင်းနဲ့ စိတ်ဓါတ်ရိုက်ချိုးတာ။


သေဒဏ်ချမှတ်တယ်ဆိုတာ စစ်ကြောရေးမှာ တရားမဝင် သတ်ဖြတ်ပစ်လို့ မရတော့ဘူးလို့ မှတ်ယူလိုက်ကြ။

ငါတို့ခေါင်းဆောင်တွေလို့ မှတ်ယူကိုးစားကြတဲ့ သူတွေပေမယ့် ဒီတော်လှန်ရေးဟာ ခေါင်းဆောင်တစ်ယောက်တည်းပေါ် မှီတည်နေတဲ့

တော်လှန်ရေး မဟုတ်ဘူး။

ကိုဂျင်မီအဖမ်းခံရလို့ တော်လှန်ရေးက ရပ်မသွားသလို ကိုမောင်ကျော်အဖမ်းခံရလို့လည်း တော်လှန်ရေး ရပ်မသွားခဲ့ဘူး။

ငါတို့ဒီနေ့နိုင်ရင် ဒီနေ့လွတ်တယ်။ ငါတို့မနိုင်ရင် ဒီလူတွေကို ဆုံးရှုံးရလိမ့်မယ်။


ငါတို့ရဲ့ မျက်ရည်တွေကို အရသာခံစားသုံးခွင့်ပေးမယ့်အစား၊ ရင်နာဝမ်းနည်းပြနေမယ့်အစား ငါတို့က နိုင်အောင်တိုက်မယ်လို့ အားမွေးကြ

စမ်းပါ။

Zawgyi

ျမန္မာျပည္မွာ ၁၉၈၈ မွာကတည္းက ေသစားေသေစဆိုတာ မရွိဘူး။ ႀကိဳးစင္ဆိုတာ မရွိဘူး။ သမၼတကသာ ေသဒဏ္ကို အတည္ျပဳလို႔ရတာ။ အခု သမၼတလည္း မရွိဘူး။ ၾကားမွာ အယူခံအဆင့္ဆင့္ရွိတယ္။

ကိုဂ်င္မီနဲ႔ ကိုေဇယ်ာေသာ္ကို ေသဒဏ္ခ်မွတ္လိုက္တယ္။ ဒါဟာ ငါတို႔ေတြကို စိတ္ဓါတ္ပ်က္ျပားေအာင္ ငါတို႔ရဲ့ ေခါင္းေဆာင္လို႔ စြဲမွတ္ယုံၾကည္ထားသူေတြကို သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္တာ။ ဒီေန႔ Total နဲ႔ Chevron ကိစၥေၾကာင့္ ေပ်ာ္ရႊင္ေနၾကတဲ့ ျပည္သူေတြကို ဒီသတင္းနဲ႔ စိတ္ဓါတ္ရိုက္ခ်ိဳးတာ။

ေသဒဏ္ခ်မွတ္တယ္ဆိုတာ စစ္ေၾကာေရးမွာ တရားမဝင္ သတ္ျဖတ္ပစ္လို႔ မရေတာ့ဘူးလို႔ မွတ္ယူလိုက္ၾက။

ငါတို႔ေခါင္းေဆာင္ေတြလို႔ မွတ္ယူကိုးစားၾကတဲ့ သူေတြေပမယ့္ ဒီေတာ္လွန္ေရးဟာ ေခါင္းေဆာင္တစ္ေယာက္တည္းေပၚ မွီတည္ေနတဲ့ ေတာ္လွန္ေရး မဟုတ္ဘူး။ ကိုဂ်င္မီအဖမ္းခံရလို႔ ေတာ္လွန္ေရးက ရပ္မသြားသလို ကိုေမာင္ေက်ာ္အဖမ္းခံရလို႔လည္း ေတာ္လွန္ေရး ရပ္မသြားခဲ့ဘူး။

ငါတို႔ဒီေန႔နိုင္ရင္ ဒီေန႔လြတ္တယ္။ ငါတို႔မနိုင္ရင္ ဒီလူေတြကို ဆုံးရႈံးရလိမ့္မယ္။ငါတို႔ရဲ့ မ်က္ရည္ေတြကို အရသာခံစားသုံးခြင့္ေပးမယ့္အစား၊ ရင္နာဝမ္းနည္းျပေနမယ့္အစား ငါတို႔က နိုင္ေအာင္တိုက္မယ္လို႔ အားေမြးၾကစမ္းပါ။

ေသဒဏ္ဆိုၿပီး အခုအမိန႔္ခ် အခုသတ္ရေအာင္ ေပါင္ခ်ိန္ဇာတ္ကားမဟုတ္ဘူး။ပန္ဆယ္လို