ၾကားသိသမွ်

မနက် ၄ နာရီ ဒေါ်စုခြံကိုဝင်လိုက်တဲ့အချိန်မှာ ဂိတ်မှာလူမရှိဘူး၊ အရာရှိဆောင်ရော၊ ကိုယ်ရေးအရာရှိဆောင်မှာရော

စစ်တပ်အာဏာသိမ်းစဉ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဝင်ရောက်စီးနင်းရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များရှိမနေ

ဘဲ စကားပြောစက်များသာတွေ့ခဲ့သည်ကို ယနေ့တရားခွင် စစ်မေးမှုများအရ ပေါ်ပေါက်ကြောင်း

ရှေ့နေများက ပြောသည်။ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဝင်ရောက်စီးနင်

းရှာဖွေခဲ့သည့် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ဝင်းထွဋ်ဦး အား စစ်မေးခဲ့ခြင်းဖြစ်ပြီး ဝင်ရောက်ရှာဖွေမှု

အတွက်လည်း ဝရမ်းမပါရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ရှေ့နေတဦး က “မနက် ၄ နာရီ ဒေါ်စုခြံကိုဝင်လိုက်တဲ့အချိန်မှာ ဂိတ်မှာလူမရှိဘူး၊ အရာရှိဆောင်ရော၊

ကိုယ်ရေးအရာရှိဆောင်မှာရော လူမရှိဘူး၊ ဒါကထူးခြားတာပေါ့၊ လူမရှိဘဲ စက်တွေပဲမိတယ်ပေါ့၊

ဝန်ထမ်းတွေက ရှိနေရမှာပေါ့၊ ဒါဘာအ ဓိပ္ပါယ်လဲ စဉ်းစားကြည့်ပေါ့၊ ဒါကြောင့် အမှုပေါ်သွားပြီလို့

ပြောတာ၊ လာရှာတာ ဝရမ်းလဲမပါဘူး” ဟု ပြောသည်။စကားပြောစက်များနှင့် ပတ်သက်ပြီး

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၎င်းတို့ကိုယ်တိုင် ဝယ်ယူကိုင်ဆောင်ကြောင်း သက်သေပြနိုင်သည့်

ပြေစာများလည်း ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်းလည်း ထွက်ဆိုချက်များအရ သိရသည်။

အဆိုပါ စကားပြောစက်များ သိမ်းဆည်းရမိသည့် အကြောင်းကိုလည်း မနက် ၉ နာရီခွဲခန့်မှသာ

ဒေါ်အောင်ဆန်း စုကြည်ထံ သတင်းပို့ခဲ့ကြောင်းလည်း ရှေ့နေများ၏ ပြောပြချက်အရသိရသည်။

ဖမ်းမိသည့် စကားပြောစက်များအားလုံးသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းမှ ဖမ်းမိခဲ့ခြင်

းမဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနက ခန့်အပ်တာဝန်ပေးထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေထိုင်သည့်

အဆောင်များထဲ တွေ့ရှိခဲ့ခြင်းသာ ဖြစ်ကြောင်းလည်း ပြီးခဲ့သည့်အပတ်ရုံးချိန်းတွင် ထွက်ဆိုချက်များရှိထားသည်။

ယနေ့တရားခွင်တွင် ၎င်းစကားပြောစက်များ ဖမ်းမိမှုပတ်သက်ပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲထားမှုမှ တရားလိုပြသက်သေ ၃ ဦးအား စစ်ဆေးခဲ့ခြင်

 

းဖြစ်ပြီး ဆက်လက်စစ်ဆေး ရန် တရားလိုပြသက်သေ အမှုစစ်ရဲအရာရှိတဦးသာ ကျန်ရှိတော့သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ

စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှုအတွက် တရားလိုပြသက်သေ ၂ ဦးစစ်ဆေးရန်

ခေါ်ယူထားသော်လည်း တဦးသာ လာရောက်နိုင်ခဲ့သည့်အတွက် တရားလိုပြသက်သေအနေဖြင့်

ယနေ့တဦးသာ စစ်ဆေးနိုင်ခဲ့သည်။ယနေ့တရားခွင်မစတင်မီ တွေ့ဆုံရာ၌လည်း ကိုဗစ်-၁၉ ကပ်

ရောဂါကူးစက်မှု မြင့်တက်နေသည့် အခြေအနေများ နှင့် ပတ်သက်ပြီး စိုးရိမ်နေကြောင်းလည်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့က ပြောကြားခဲ့ကြောင်းလည်း ရှေ့နေများကပြောသည်။

ယင်းအပြင် တရားခွင့်အတွင်း အမှုစစ်ဆေးမေးမြန်ရာတွင်းလည်း စိတ်ရှည်ရှည်ထား စစ်မေးကြဖို့

ဒေါ်အောင် ဆန်းစုကြည် က သတိပေးကြောင်းလည်း ရှေ့နေများကပြောသည်။