ၾကားသိသမွ်

ငတ်နေတဲ့အကြမ်းဖက်စစ်တပ် ပိုအငတ်ဘေးကျမယ်

ငတ်နေတဲ့အကြမ်းဖက်စစ်တပ် ပိုအငတ်ဘေးကျမယ်

ပြင်သစ်နဲ့အမေရိကန်စွမ်းအင်ကုမ္ပဏီ၂ခု ရင်းနှီးမြှုပ်နှံမှုပြန်ရုပ်သိမ်းခြင်းဟာ ငတ်နေတဲ့အကြမ်းဖက်စစ်တပ် ကိုပိုအငတ်ဘေးကျစေလိမ့်မယ်လို့ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးကပြောပါတယ်။

ကမ္ဘာ့အကြီးဆုံးစွမ်းအင်ကုမ္ပဏီ တွေဖြစ်တဲ့TOTAL တင်မက အမေရိကန်ကုမ္ပဏီChevron ကပါ မြန်မာ နိုင်ငံ မှာ ရှိတဲ့သူတို့ရဲ့လုပ်ငန်း တွေကိုပြန်ရုပ်သိမ်းတော့မယ်လို့ကြေညာလိုက်ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာ့သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းတွေကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်ဘီလျံထက်မနည်း ဝင်ငွေရနေတာဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ လျော့ပါးသွားတဲ့ဝင်ငွေကြောင့် လက်နက်ဝယ်ယူဖြည့်တင်းရေးကို လျှော့ချမှာမဟုတ်ဘဲ စစ်အုပ်စုလက်အောက်ခံဝန်ထမ်းတွေနဲ့ အကြမ်းဖက်စစ်တပ်တွင်း ကုန်ကျစရိတ်တွေကိုသာ လျှော့ချပစ်မှာ သေချာတယ်လို့ သူကပြောပါတယ်။

‘မင်းအောင်လှိုင်အာဏာရဖို့ဆိုတာ သူ့ကိုဆန့်ကျင်တာမှန်သမျှ တိုက်ခိုက်ချေမှုန်းတာကိုအဓိကလုပ်ရတယ်။ အဲဒီလိုချေမှုန်းဖို့က လက်နက်လိုတယ်။ဒါကြောင့်အဲဒီဘက်ခြမ်းမှာ အသုံးစရိတ်လျှော့မှာမဟုတ်ဘူး။ပိုက်ဆံမ ရှိရင် စစ်တပ်ထဲရိက္ခာလျှော့တာတို့ လစာမပေးတာတော့ လုပ်လာနိုင်တယ်’လို့ သူကသုံးသပ်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ ကြွယ်ဝချမ်းသာမှုကိုလေ့လာကြည့်ပါက သူတို့ဟာကိုယ်ကျိုးစီးပွားကို သာကြည့်သူတွေဖြစ်ကြောင်း အကြမ်းဖက်တပ်ဖွဲ့ဝင်တွေအနေနဲ့ သိရှိဖို့ လိုပြီဖြစ်ကြောင်းလည်း သူကဆိုပါတယ်။

‘မင်းအောင်လှိုင်ဆိုတာမကြာခင်နိုင်ငံတကာအဆင့်ရာဇဝတ်သားဖြစ်သွားနိုင်တယ်ဆိုတာသိကြဖို့လိုတယ်။မင်း အောင်လှိုင်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်စီးပွားပျက်ပြီးရင်ပျက်နေတာ သိကြဖို့လိုတယ်။အခု နောက်ဆုံးပေါ် စွမ်းအင်ကုမ္ပဏီတွေသပိတ်မှောက်တဲ့အတွက် အကြီးဆုံးရပေါက်ရလမ်းတစ်ခု ပျောက်ဆုံးပြန် ပြီဆိုတာသဘောပေါက်ကြပါ။အချိန်မဆိုင်းဘဲ CDMမြန်မြန်လုပ်ကြပါ’လို့သူကတိုက်တွန်းပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးဆိုတာ ဖက်ဆစ်တော်လှန်ရေးလို တစ်တိုင်းပြည်လုံးရှိပြည်သူတွေအားလုံးက တော်လှန်နေခြင်းဖြစ်ပြီး မြေပြင်တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်တပ် ကသေဆုံးမှုများနေခြင်းအပေါ် ဘာ့ကြောင့်လဲဆိုတာ မေးခွန်းပြန်ထုတ်ဖို့လိုပြီလို့လည်း သူကပြောပါတယ်။

‘မင်းအောင်လှိုင်အတွက်လုပ်စရာက အမြောက်နဲ့ပစ်မယ်၊လေယာဉ်နဲ့ဗုံးကြဲမယ်။အဲဒါနောက်ဆုံးနည်းပဲ။ ကိုယ့် အခြေအနေကိုယ်သိပြီး ကိုယ်ဘာလုပ်ဖို့လိုပြီလဲဆိုတာ မြန်မြန်စဉ်းစားဖို့လိုပြီ’လို့ သူကဆက်ပြောပါတယ်။

Zawgyi

ငတ္ေနတဲ့အၾကမ္းဖက္စစ္တပ္ ပိုအငတ္ေဘးက်မယ္

ျပင္သစ္နဲ႔အေမရိကန္စြမ္းအင္ကုမၸဏီ၂ခု ရင္းႏွီးျမႇုပ္ႏွံမႈျပန္႐ုပ္သိမ္းျခင္းဟာ ငတ္ေနတဲ့အၾကမ္းဖက္စစ္တပ္ ကိုပိုအငတ္ေဘးက်ေစလိမ့္မယ္လို႔ အၿငိမ္းစားတပ္အရာရွိႀကီးတစ္ဦးကေျပာပါတယ္။

ကမၻာ့အႀကီးဆုံးစြမ္းအင္ကုမၸဏီ ေတြျဖစ္တဲ့TOTAL တင္မက အေမရိကန္ကုမၸဏီChevron ကပါ ျမန္မာ နိုင္ငံ မွာ ရွိတဲ့သူတို႔ရဲ့လုပ္ငန္း ေတြကိုျပန္႐ုပ္သိမ္းေတာ့မယ္လို႔ေၾကညာလိုက္ျခင္းျဖစ္ၿပီး အၾကမ္းဖက္စစ္အုပ္စုဟာ ျမန္မာ့သဘာဝဓာတ္ေငြ႕ထုတ္လုပ္ေရးလုပ္ငန္းေတြကေန ႏွစ္စဥ္ အေမရိကန္ေဒၚလာ တစ္ဘီလ်ံထက္မနည္း ဝင္ေငြရေနတာျဖစ္ပါတယ္။

မင္းေအာင္လွိုင္ဟာ ေလ်ာ့ပါးသြားတဲ့ဝင္ေငြေၾကာင့္ လက္နက္ဝယ္ယူျဖည့္တင္းေရးကို ေလၽွာ့ခ်မွာမဟုတ္ဘဲ စစ္အုပ္စုလက္ေအာက္ခံဝန္ထမ္းေတြနဲ႔ အၾကမ္းဖက္စစ္တပ္တြင္း ကုန္က်စရိတ္ေတြကိုသာ ေလၽွာ့ခ်ပစ္မွာ ေသခ်ာတယ္လို႔ သူကေျပာပါတယ္။

‘မင္းေအာင္လွိုင္အာဏာရဖို႔ဆိုတာ သူ႔ကိုဆန႔္က်င္တာမွန္သမၽွ တိုက္ခိုက္ေခ်မႈန္းတာကိုအဓိကလုပ္ရတယ္။ အဲဒီလိုေခ်မႈန္းဖို႔က လက္နက္လိုတယ္။ဒါေၾကာင့္အဲဒီဘက္ျခမ္းမွာ အသုံးစရိတ္ေလၽွာ့မွာမဟုတ္ဘူး။ပိုက္ဆံမ ရွိရင္ စစ္တပ္ထဲရိကၡာေလၽွာ့တာတို႔ လစာမေပးတာေတာ့ လုပ္လာနိုင္တယ္’လို႔ သူကသုံးသပ္ပါတယ္။

အၾကမ္းဖက္စစ္ေခါင္းေဆာင္ေတြရဲ့ ႂကြယ္ဝခ်မ္းသာမႈကိုေလ့လာၾကည့္ပါက သူတို႔ဟာကိုယ္က်ိဳးစီးပြားကို သာၾကည့္သူေတြျဖစ္ေၾကာင္း အၾကမ္းဖက္တပ္ဖြဲ႕ဝင္ေတြအေနနဲ႔ သိရွိဖို႔ လိုၿပီျဖစ္ေၾကာင္းလည္း သူကဆိုပါတယ္။

‘မင္းေအာင္လွိုင္ဆိုတာမၾကာခင္နိုင္ငံတကာအဆင့္ရာဇဝတ္သားျဖစ္သြားနိုင္တယ္ဆိုတာသိၾကဖို႔လိုတယ္။မင္း ေအာင္လွိုင္အာဏာသိမ္းၿပီးေနာက္ပိုင္း တိုင္းျပည္စီးပြားပ်က္ၿပီးရင္ပ်က္ေနတာ သိၾကဖို႔လိုတယ္။အခု ေနာက္ဆုံးေပၚ စြမ္းအင္ကုမၸဏီေတြသပိတ္ေမွာက္တဲ့အတြက္ အႀကီးဆုံးရေပါက္ရလမ္းတစ္ခု ေပ်ာက္ဆုံးျပန္ ၿပီဆိုတာသေဘာေပါက္ၾကပါ။အခ်ိန္မဆိုင္းဘဲ CDMျမန္ျမန္လုပ္ၾကပါ’လို႔သူကတိုက္တြန္းပါတယ္။

ဒါ့အျပင္ ေႏြဦးေတာ္လွန္ေရးဆိုတာ ဖက္ဆစ္ေတာ္လွန္ေရးလို တစ္တိုင္းျပည္လုံးရွိျပည္သူေတြအားလုံးက ေတာ္လွန္ေနျခင္းျဖစ္ၿပီး ေျမျပင္တိုက္ပြဲေတြမွာ အၾကမ္းဖက္စစ္တပ္ ကေသဆုံးမႈမ်ားေနျခင္းအေပၚ ဘာ့ေၾကာင့္လဲဆိုတာ ေမးခြန္းျပန္ထုတ္ဖို႔လိုၿပီလို႔လည္း သူကေျပာပါတယ္။

‘မင္းေအာင္လွိုင္အတြက္လုပ္စရာက အေျမာက္နဲ႔ပစ္မယ္၊ေလယာဥ္နဲ႔ဗုံးၾကဲမယ္။အဲဒါေနာက္ဆုံးနည္းပဲ။ ကိုယ့္ အေျခအေနကိုယ္သိၿပီး ကိုယ္ဘာလုပ္ဖို႔လိုၿပီလဲဆိုတာ ျမန္ျမန္စဥ္းစားဖို႔လိုၿပီ’လို႔ သူကဆက္ေျပာပါတယ္။