Articles

ပရဟိတသမားတစ်ယောက်ရဲ့စိတ်ဓါတ်(ပရဟိတစိတ်ဓါတ်ဖြင့်အတ္တစိတ်များကိုအနိုင်ယူအောင်နိုင်ခြင်း)

ပရဟိတသမားတစ်ယောက်ရဲ့စိတ်ဓါတ်ကိုပုံဖော်သွားတာသဘောကျမိလို့ပါ။

လူ ၅၀၀ ကို ပူဖောင်းတစ်ယောက်တစ်လုံးစီပေးတယ်။ ပူဖောင်းမှာ ကိုယ့်နာမည်ကို marker pen နဲ့ရေးခိုင်းတယ်။

နောက် အခန်းတစ်ခုထဲမှာ ပူဖောင်းတွေကိုထည့်လိုက်တယ်။ ပြီးမှ လူ၅၀၀ ကို ကိုယ့်နာမည်ပါတဲ့ပူဖောင်း ၅ မိနစ်အတွင်း

ရှာခိုင်းတယ်။စဉ်းစားကြည့်ရအောင်….ပူဖောင်းတွေဟာ ဟိုလွင့်ဒီလွင့်လွင့်နေတဲ့အတွက် ပူဖောင်းတစ်လုံးဖမ်းမိဖို့တောင်

ခက်လိမ့်မယ်။

ဖမ်းမိတဲ့ ပူဖောင်းကို နာမည်ဖက်ကြည့်တော့ ကိုယ့်နာမည်မဟုတ်ရင် ခက်ခက်ခဲခဲရထားတဲ့ ပူဖောင်းကို

လွှင့်ပြစ်ပြီး အချိန်မစေ့ခင် ကိုယ်နာမည်ပါတဲ့ ပူဖောင်းရဖို့ ကြိုးစားမယ် ။ လူ ၅၀၀ လုံး အတ္တရှေ့တန်းတင်ပြီး ကိုယ့်

အတ္တကလွဲရင် အခြားစိတ်မဝင်စားတဲ့အခါ အချိန်သာပြည့်သွားမယ် ဘယ်သူမှ ကိုယ့်နာမည်ပါတဲ့ ပူဖောင်းကို

ပိုင်မှာမဟုတ်ဘူး။အဲဒီလူအုပ်ထဲ ပရဟိတ သမားတစ်ယောက် ထည့်ကြည့်ရအောင် ပရဟိတ စိတ်ရှိတဲ့လူက

သူရထားတဲ့ပူဖောင်းဟာ သူ့နာမည်မဟုတ်ပေမယ့် ဒီပူဖောင်းကို ရှာနေမှာပဲလို စဉ်းစားမိမယ်။ ငါပေးလိုက်ရင်

သူအရမ်းပျော်သွားမယ် ဆိုတာခံစားမိတယ်။ အဲလိုပေးလိုက်ရင်ကိုယ်လဲပျော်တယ်။ ဒါနဲ့ ပူဖောင်းကနာမည်ဖတ်ပြီး

” အားလုံး ခဏနားထောင်ပါ ဒီမှာ ကိုအောင်လေးဆိုတဲ့လူရှိလားဗျို့ ခင်ဗျားပူဖောင်း ကျုပ်ဆီမှာ”

အဲဒီအချိန် ကိုအောင်လေးဆိုတဲ့ ကတုံးတုံးထားတဲ့ လူတစ်ယောက် ပျော်ရွှင်တဲ့မျက်နှာနဲ့ ဖို့ယို့ဖားယား

ပြေးလာတယ်။ သူ့ပူဖောင်းရတော့ သူ့လက်ထဲရောက်လာတဲ့ အခြားနာမည်နဲ့လူကို ရှာပေးရမယ်ဆိုတာ

သိလာတယ်။ ဒါနဲ့ သူ့ရဲ့အသံဗြဲ ကြီးနဲ့” ကိုဇော်မင်းလွင်ရှိလား ကိုဇော်မင်းလွင် ” အသံကြားတော့ ဗိုက်ပူပူနဲ့လူ

တစ်ယောက် သူ့လက်ထဲမှာ ပူဖောင်းကိုင်ပြီး ကွတကွတ ပြေးလာတယ် ။

ဟုတ်ကဲ့ ဘာမှမကြာတဲ့အချိန်အတွင်းမှာ လူတိုင်းကိုယ့်နာမည်နဲ့ ပူဖောင်းတွေကို ဝရုန်းသုံးကားမဖြစ်ဘဲ ရသွားကြတယ်။

အဲဒါဟာ ပရဟိတ စိတ်က လူ့ပါတ်ဝန်းကျင်ကိုသက်ရောက်တဲ့ ဥပမာကောင်းလေးပါပဲ

ဒီဥပမာလေးကို ကျွန်မသဘောကျလို့ပါ။

MyanmaArunthit

လေးစားစွာဖြင့်#credit;