ၾကားသိသမွ်

အလောင်းမပါဘဲပြုလုပ်ရတဲ့ လူငယ် ၄ယောက်ရဲ့ ဈာပန

စကစတပ်က ပစ်သတ်သွားတဲ့ လူငယ် ၄ယောက်ရဲ့ ဈာပနာကိုအလောင်းမရှိပဲပြုလုပ်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးခရိုင် မြို့သစ်မြို့အနီး နောင်ကက်ကျေးရွာ (Zalenphai village)မှ

လူငယ် ၆ ယောက်ဟာ ဇူလိုင် ၁၀ ရက် ည ၁၀ နာရီတွင် အနီးနားရွာသိုလည်ပတ်ရာမှ ပြန်လာစဉ်

ကျွန်းပင်သာ နဲ့ မင်းသာကျေးရွာကြား တံတားပေါ်အရောက်တွင် အကြမ်းဖက်စကစတပ်က ပစ်ခတ်လို့

လူငယ် (၂)ယောက် ပွဲချင်းသေဆုံးပြီး ဒဏ်ရာရရှိတဲ့ ၃ ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားစဉ်

၂ ယောက်ထပ်မံသေဆုံးသွားပါတယ်။ ကျန်တစ်ယောက်ကတော့ မနေ့ဇူလိုင် ၁၂ ရက်တွင်

ဝမ်းဗိုက်ကျည်ထိဒဏ်ရာနဲ့ပြန်လွတ်မြောက်လာပါတယ်။

သေဆုံးသွားတဲ့လူငယ်‌ ၄ ယောက်မှာ ငမ်ကျင်ပေါင် (၂၃ နှစ်)၊ မာန်ဂိုးဟို (၁၇နှစ်)၊ ဒိုခိုလက် (၁၆ နှစ်)၊

နဲ့ ပေါင်ဂင်းမန် (၁၈နှစ်)တို့ဖြစ်ပါတယ်။၎င်းတို့အလောင်းကို မိသားစုထံပြန်မပေးဘဲ စကစတပ်က

မင်းသာအခြေစိုက်တပ်စခန်းတွင်မြေမြုပ်ကြပါတယ်။ဒါကြောင့် ဈာမနာအခမ်းအနားကို အလောင်းမပါဘဲ

ဒီကနေ့ ဇူလိုင် ၁၃ ရက်တွင် ရွာမှာပြုလုပ်ကြပါတယ်။