စစ်အာဏာရှင်ကို ကလစ်နှိပ်ပြီး တော်လှန်နေကြသူများ (ရုပ်/သံ)
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာ လူငယ်အများစုဦးဆောင်ပြီး လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
စစ်တပ်က ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်လာတဲ့နောက်ပိုင်းမှာတော့ လူငယ်တွေ တိုင်းရင်းသားနယ်မြေတွေသွားရောက်ပြီး
စစ်သင်တန်းတက်ရောက်ခဲ့ကြပါတယ်။
ခုချိန်မှာတော့ PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပေါ်ပေါက်နေပြီး စစ်ကောင်စီကိုနေ့စဉ်တိုက်ခိုက်နေကြပါတယ်။
စစ်အာဏာရှင်ကိုတိုက်ခိုက်တော်လှန်နေကြသလိုပဲ Digital Strike ဒစ်ဂျစ်တယ်တော်လှန်ရေးလို့ခေါ်ဆိုကြတဲ့
လူပ်ရှားမှုမှာ အင်တာနက်သုံးစွဲသူအများစုပါဝင်ခဲ့ပြီး လစဉ်လှူဒါန်းငွေကျပ်သိန်းထောင်ချီရှာဖွေပေးနေတာပါ။
ယူကျူချယ်နယ် ဖုန်းအက်ပလီကေးရှင်းနဲ့ ဝက်ဘ်ဆိုက် တချို့တွေမှာ ကလစ်ဝင်ရောက်ပြီး
အွန်လိုင်းကြော်ညာတွေ ဝင်ရောက်ကြည့်ရူရုံနဲ့ အင်တာနက်ကနေဝင်ငွေရှာနိုင်ပါတယ်။
စစ်ကောင်စီကလည်း ဒီလိုဝင်ငွေရှာလှူးဒါန်းမှုကိုသိရှိပြီး အင်တာနက်လိုင်တွေဖြတ်တောက်တာ ဖုန်းလိုင်းတွေပိတ်ဖြစ်တာ ဒေတာခတွေ
အဆမတန်တိုးကောက်တာတွေလုပ်နေပါတယ်။
ဒေတာခတွေ တိုးမြှင့်ကောက်ခံလာတဲ့နောက်ပိုင်း ပြည်တွင်းကနေကလစ်လုပ်သူတွေလျော့နည်းပြီးအွန်လိုင်း ကလစ်ဝင်ငွေရရှိမူနည်းလာ
တဲ့ပတွက် ပြည်ပကမြန်မာတွေကို အားကိုးနေရတယ်လို့အွန်လိုင်းကနေ ရန်ပုံငွေရှာနေတဲ့ CLick2Donate ကပြောပါတယ်။ဧရာဝတီ