ၾကားသိသမွ်

မအလနှင့် အီရန်ဆက်သွယ်မှု

မအလနှင့် အီရန်ဆက်သွယ်မှု

ယခုရက်ပိုင်း နေပြည်တော်မှာ အီရန်က လေယဉ်တွေဆင်းတာ အားလုံးကြားသိမှာပါ။ ဘာကြောင့်လဲ ရေးလိုပေမယ့် သတင်းအတိအကျ စောင့်ရလို့ ကြာသွားခဲ့ပါတယ်။ သီအိုရီအရ မအလက မူစလင်ဆန့်ကျင်သူ ဗုဒ္ဓဘာသာ စောင့်ရှောက်သူလို့ ပုံဖော်ဖို့ကြိုးစားနေလို့ အီရန်နဲ့ ဆက်ဆံမှုက ဝါရှင်တန်၊လန်ဒန်နဲ့ တာလ်အဲဗစ်တို့မှာ ထူးဆန်းနေမှာပါ။

ယခင်က မအလဟာ ၂၀၀၈ ခြေဥအရ အာဏာရယူထားပြီး တပ်ကိုကိုင်ကာ DASSK အစိုးရကို ဒုက္ခမျိုးစုံပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ ကမ္ဘာက မအလဟာရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ရန် ကြံရွယ်ခဲ့တယ်ဆိုပြီး သိသွားခဲ့ပါတယ်။

မအလဟာ DASSK အစိုးရကို ဖြုတ်ချဖို့ ရခိုင်အမျိုးသားရေး အစွန်းရောက်အချို့၊ မဘသအချို့နဲ့ပေါင်းပြီး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူ့တပ်ကလက်လွန်သွားပြီးရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရပါတယ်။ ဒါ့ကြောင့် ICJ မှာ အမှုရင်ဆိုင်နေရပြီး ICC ကလဲ သူ့ကို ဆူဒန်အာဏာရှင် ဘာရှားလို ဖမ်းဝရမ်းထုတ်မှာ သေချာပါတယ်။

ထိုအချိန် အလွှဲမခံရဖို့က ၂၀၀၈ ခြေဥအရ သူသမ္မတဖြစ်မှသာ ရမှာပါ။ ဒါပေမယ့် သူ့ကို သမ္မတပေးခဲ့ရင်တောင် သူ့ကိုမလွှဲရင် စီးပွါးရေးဒဏ်ခတ်ခံရမှာဖြစ်ပြီး သူ့ကြောင့်တိုင်းပြည်ပိုနာဖို့သာရှိလို့ DASSK က ငြင်းလိုက်ရတာပါ။

သူ့ကိုသမ္မတမပေးလို့ မဲပြဿနာနဲ့ ပြဿနာရှာတာပါ။ တကယ်မဲခိုးတာက စစ်တပ်ပါ။ နောက် လူဝန်မှုကြီးကြပ်ရေးနဲ့ ရွေးကော်အတွင်းရေးမှူးတွေက မိုးကျတွေမိုလို့ သူတို့လုပ်တဲ့မဲကို သူတို့ကမှားတယ်ပြောတာက ရယ်စရာပါ။

ဒါဆိုအီရန်နဲ့က ဘယ်လိုပတ်သက်လဲ? အချို့က မြန်မာစစ်တပ်ဟာ စစ်ရေးအတွေ့အကြုံများတယ် အင်အားကြီးတယ်ဆိုပြီးပြောကြပါတယ်။

ဒါပေမယ့် လူများစုဗမာများက လက်နက်စွဲကိုင် တိုက်ခိုက်ရာမှာ အထိနာသွားခဲ့ပါတယ်။ အစပိုင်းမှာ ဇော်မဲလုံးတို့က လှောင်ခဲ့ပေမယ့် ယခုမလှောင်နိုင်တော့ပါ။

ယခုဆိုရင် အချို့နေရာတွေမှာ မအလတပ်က အဝိုင်းခံထားရသလိုတောင် ဖြစ်နေခဲ့ပါတယ်။ ဆီးရီးယားမှာလိုပေါ့။ မအလဟာ ဆီးရီးယားမှာတိုက်ခဲ့တဲ့ အတွေ့အကြုံရှိသူထံက အကူအညီလိုချင်ပါတယ်။

ဒါ့ကြောင့် အီရန်အထူးတပ် ဒုတပ်မှူး ဗိုလ်ချုပ်မိုဟာမက်ရီဇာ ဖာလာဇဒါက စိုးဝင်းနဲ့ နှစ်နာရီလောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူနဲ့ပါလာတဲ့ စစ်ဖက်ဆိုင်ရာလူတွေကို နေပြည်တော်မှာ သင်တန်းပေးဖို့ ထားခဲ့ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။

မအလက အီရန်ထံကနေ မြေပြင်က ဝေဟင်ပစ် 3rd of Khordad ဆိုတဲ့ လက်နက်ကို ဝယ်ခဲ့ပါတယ်။ ဒါက မောင်းသူမဲ့လေယဉ် ပစ်ချလို့ရတဲ့ လက်နက်ပါ။

အီရန်က အမေရိကန် RQ-4 drone ကို ပစ်ချရာမှာ သုံးခဲ့ပါတယ်။ ဒီလက်နက်ကို အမေရိကန်နဲ့ PDF drone ကို ပစ်ချလို့ရအောင် ဝယ်တာပါ။

ဒီလိုဝယ်တာက အီရန်ကနေ လက်နက်မဝယ်ရဆိုတဲ့ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၂၃၁ ကို မအလက ချိုးဖောက်လိုက်တာပါ။

နောက်အီရန်ကနေ မောင်းသူမဲ့လေယဉ်အချို့ကိုလဲ ဝယ်လိုက်ပါတယ်။ အီရန်လေယဉ်တစ်စီးက သုံးတန်လောက် လက်နက်တင်လာတယ်ဆိုတာ သိထားပါတယ်။ ဒီလက်နက်တွေကို ရုရှားနဲ့ တရုတ်ကနေ မဝယ်ဘဲ အီရန်က ဘာလို့ဝယ်လဲဆိုတာက စိတ်ဝင်စားစရာပါ။

တရုတ်က ဝင်မပါလိုတာရယ် အီရန်ကို ရိုဟင်ဂျာကိစ္စ ကြားပွဲစားလုပ်စေချင်တာတွေကြောင့် ဝယ်တာဖြစ်ပြီး အဓိကက အီရန်ကြောင့် ဆီးရီးယားမှာ အာဆတ်အရေးသာလာလို့ နည်းလမ်းတွေတောင်းတာပါ။

ယခုကတော့ အမေရိကန်၊ အီးယူ၊ ကုလနဲ့ ယူကေတို့က ကုလဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး အီရန်ထံက တားမြစ်လက်နက်ဝယ်တဲ့ မအလကို ဘာလုပ်မလဲ စောင့်ကြည့်ရပါမယ်။