ၾကားသိသမွ်

ICJ မှာ စကစကို ကိစ္စဖြတ်တော့မယ့် NUG

ICJ မှာ စကစကို ကိစ္စဖြတ်တော့မယ့် NUG

ICJ မှာ တရားရင်ဆိုင်ဖို့အတွက် ဦးကျော်မိုးထွန်းလို့ ပြောလိုက်တော့ ပျော်ရမလား၊ ကြောက်ရမလား မသဲကွဲဖြစ်ကြတော့တာ ကျတော်သိပါတယ်။ NUG က မြန်မာကိုယ်စားပြုမယ်ဆိုတော့ ပျော်လည်း ပျော်သလို ၊ ရိုဟင်ဂျာအရေးကို ဆက်ပြီး ကာကွယ်နေအုံးမှာလားဆိုတာ မရှင်းမရှင်းဖြစ်ကြတော့တာပေါ့။

2019 တုန်​းက ​ဒေါ်​အောင်​ဆန်​းစုကြည်​ ICJ သွားမယ်​့အခါမှာ ကိုယ်​စာလှယ်​စာရင်​းတင်​ရပါတယ်​။ အဲ့ဒီမှာ အကယ်​၍ ချွင်​းချက်​အ​နေနဲ့ ​ဒေါ်​အောင်​ဆန်​းစုကြည်​သာ အ​ကြောင်​းတစ်​ခုခု​ကြောင်​့ ICJ ကို ​ရောက်​မလာနိုင်​ခဲ့ရင်​ သူ့ကိုယ်​စား တရားရင်​ဆိုင်​ဖို့အတွက်​ လူတစ်​​ယောက်​ကို ယာထားရပါတယ်​။ အဲ့ဒီ ပုဂ္ဂိုလ်​ဟာ ယခုလက်​ရှိ ပြည်​သူနဲ့အတူ ရပ်​တည်​​ပေး​နေတဲ့ သံအမတ်​ကြီး ဦး​ကျော်​မိုးထွန်​းပဲ ဖြစ်​ပါတယ်​။

နောက်တစ်ခုက ICJ ဆိုတာ UN ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ မနှစ်က ကုလထိုင်ခုံရွေးပွဲမှာ အနိုင်ရရှိသူဟာ ဦးကျော်မိုးထွန်းဖြစ်ခဲ့ပါတယ်။ ဒီနှစ်အတွင်း မြန်မာကိုကိုယ်စားပြုနိုင်ခွင့်ဟာ ဦးကျော်မိုးထွန်းတစ်ယောက်မှာပဲရှိပါတယ်။ ICJ အနေနဲ့ ဦးကျော်မိုးထွန်းကို တရားရင်ဆိုင်ခွင့်မပေးခဲ့ဘူးဆ်ိုရင် ICJ ဟာ UNGA နဲ့ Credentials Committee တို့ရဲ့ ဆုံးဖြတ်ချက်ကို လုံးဝ ဆန့်ကျင်ရာ ရောက်သွားမှာဖြစ်ပါတယ်။

နောက်တစ်ခု သိချင်နေကြမယ့် မေးခွန်းဟာ စကစဘက်က ICJ သွားခွင့်ရရင် ရလဒ်ဘယ်လိုဖြစ်မလဲ၊ NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်း တက်ခွင့်ရရင် ဘာဖြစ်သွားမလဲဆိုတာ ဖြစ်ပါလိမ့်မယ်။

ICJ အမှု လူမျိုးသုန်းသတ်ဖြတ်မုှ အတွက်စွဲထားတာဖြစ်ပါတယ်။ အမှုကြီးပါ။ ဆိုတော့ အကယ်၍သာ စကစဘက်က သွားရောက်ခွင့်ရမယ်ဆိုရင် ရိုဟင်ဂျာအရေးကို ဒေါ်အောင်ဆန်းစုကြည်အပေါ်ပုံချပြီး သူမကို လူမျိုးသုန်းသတ်ဖြတ်မုှဦးဆောင်သူလို့ စွပ်စွဲလာပါလိမ့်မယ်။

ဒါကြောင့်လည်း ပျော်ပျော်ကြီးနဲ့ ICJ ကို သွားချင်နေကြတာပါ။ နိုင်ငံတကာကတော့ အခုချိန်မှာ အကုန်လုံးကို သိထားပေမယ့် စကစကို အရေးယူဖို့ အချိန်စွဲသလိုဖြစ်နေလိမ့်မယ်။

ဦးကျော်မိုးထွန်း ဟာ ယခုပွဲကို NUG ကိုယ်စားသွားမှာပါ။ သူ့နေနဲ့ အရင်တုန်းကလို စစ်တပ်ကို ကာကွယ်ပေးမှာ မဟုတ်တော့ဘဲ။ ကြံရာပါ အားလုံးကို ရွေးထုတ်ကာ ဤအမှုမှာ အပြစ်ရှိကြောင်း သက်သေပြရင်း တာဝန်ရှိသူတွေကို စီရင်ချက်ချနိုင်အောင် ကြိုစားမှာဖြစ်ပါတယ်။ ဒီအခွင့်အရေးသာ အပိုင်ရခဲ့ရင် စစ်ကောင်စီကို ဝရန်းထုတ်နိုင်ဖို့ အမြန်ဆုံးဖြစ်လာလိမ့်မယ်။

NUG လား၊ စကစ လား၊ ဆိုတာ မသိရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်လိုက်ပါပြီ။ သဘောက တခြားတစ်ယောက်အစားထိုးမယ်ဆ်ိုတဲ့ သဘောပါ။ ဦးကျော်မိုးထွန်း ဖြစ်ဖို့များပါတယ်။ ICJ အနေနဲ့ အမှုစစ်မယ့်နေ့ကို တရာဝင်ကြေညာထားပြီးဖြစ်ပေမယ့်၊ အမှုယှဉ်ဆိုင်မယ့် အဖွဲ့သစ်ကိုတော့ အတည်မပြုရသေးပါဘူး။

ဒါကြောင့် NUG ကိုယ်စား ဦးကျော်မိုးထွန်း သွားရောက်မယ်ဆိုရင် စိတ်ပူစရာ မရှိပါဘူး။ သံအမတ်ကြီး သွားရောက်ခွင့်ရပါစေ။ ဒီမှုဟာ မြန်မာတွေ ကျူးလွန်းတာ မဟုတ်ဘံ၊ စစ်တပ်က ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း သက်သေပြနိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

နေရောင်