အမေရိကန် အီရတ် စစ်ပွဲမှာ
အီရတ်ပြန်ဝန် တာရစ်အာဇစ်က
ပေါက်ကရတွချည်ပြောတာ သူပြောသမျှ ဟုတ်တာတစ်ခုမှမပါဘူး
နောက်ဆုံးအမေရိကန်တွေ ဘဂ္ဂရတ်ကို ဝင်သိမ်းတာတောင်
အီရတ်စစ်သားတွေ အမေရိကန်ကို တွန်းလှန်ပြီး
အမေရိကတိုက်ကို သိမ်းဖို့ထွက်ခွာပြီ ဆိုပြီးလုပ်တာ
စစ်ပွဲပြီးတော့အီရတ်စစ်ဗိုလ်ချုပ်တွေ ဝန်ကြီးတွေကို စစ်ခုံရုံးဖွဲ့
စစ်ပြီး ပြစ်ဒဏ်အမျိုးမျိုးပေးကြတယ်
ထူးကြားတာက တာရစ်အာဇစ်
သူ့ကိုစစ်ခုံရုံးခေါ်လာတယ် သူ့မြင်တော့အကုန်လုံးက ဝိုင်းရီကြတယ်
တရားသူကြီးက
” သူ့အမြန်သာပြန်ခေါ်သွားပါ တော်ကြာ အမေရိကန်တွေကို အီရတ်စစ်ခုံရုံးက အပြစ်ပေးတယ်လို့
ကြေငြာနေပါ့မယ် ” လို့ပြောရီကြတယ် ဒါပေမယ့်လဲ
တာရစ်အာဇစ် အပြစ်ဒဏ်မခံခဲ့ရပါဘူး တရားသူကြီးမှတ်ချက်က
” ကျပ်မပြည့်လို့ပါ “တဲ့
ပြောချင်တာက စကစက ဇော်မဲလုံးကိုမြင်တိုင်း တာရစ်အာဇစ်ကို
မြင်မိတယ် ရောက်လာတော့မယ့် ပြည်သူ့တရားစီရင်ရေးကြရင်
ဇော်မဲလုံး ကို တရားသူကြီးက
” ကျပ်မပြည့်ဘူး ” ဆိုတဲ့မှတ်ချက်ပေးမလား ဆိုတာ…..
မုဆိုး လက်
#ခရက်ဒစ်;;