” ကုလ အက်ရှင်ဝင်ဖို့ သေချာလုနီးနီး ဖြစ်လာတဲ့ အခြေအနေ ”
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိူးဖောက်မှု့တွေကို နှိမ်နင်းဖို့ လူ့အခွင့်အရေးကောင်စီက လက်ခံလိုက်တယ် ။
ဒါဟာ မြန်မာပြည်ကို ကုလတပ်တွေ ဝင်လာဖို့အတွက် ရာနှုံးပြည့်နီးပါး သေချာသွားစေတာပါ ။
ဒီအစည်းအဝေးဟာ ဒီနေ့ ၁၂ ဇူလိုင် တနင်္လာနေ့မှာ ကျင်းပခဲ့တာပါ ။ ဂျီနီဗာအခြေစိုက် လူု့အခွင့်
အရေးကောင်စီရုံးမှာ ကျင်းပပါတယ် ။ ဒီအစည်းအဝေးမှာ မြန်မာ့အရေး ၊ တရုပ် ဝီဂါမူစလင်အရေးနဲ့
အီသီယိုးပီးယား အရေးတွေပါဝင်ပါတယ်။ မြန်မာအရေးအတွက် ပါကစ္စတန်ဆိုင်ရာ ကုလသံအမတ်
ခါလီဟာရ်ှမီ ( Khalil Hashmi ) က တင်သွင်းခဲ့တယ် ။ ပါကစ္စတန်သံအမတ် ခါလီ တင်သွင်းတဲ့အထဲမှာ
အချက် ( ၃ ) ချက် ပါဝင်ပါတယ် ။ ခါလီဟာ ပါကစ္စတန်နိုင်ငံကို ကိုယ်စားပြုပြီး တင်သွင်းခဲ့တာမဟုတ်ပဲ ၊
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( OIC ) ရဲ့ တောင်းဆိုချက်ကို တင်ပြပေးခဲ့တာပါ ။
ဒီအချက် ( ၃ ) ချက်ကတော့
( ၁ ) ရိုဟင်ဂာ ဒုက္ခသည်များ၏ လူသားချင်းဆိုင်ရာ အကူအညီ
( ၂ ) မြန်မာပြည်အတွင်းမှ လူနည်းစု တိုင်းရင်းသား လူမျိူးများ ဖိနှိပ်ခံရမှု့
( ၃ ) ဒုက္ခခံ တော်လှန်နေသော မြန်မာပြည်သူတို့၏ ဒီမိုကရေစီ လမ်းကြောင်းအား မဖြစ်မနေ ကူညီပေးဖို့
ဆိုတဲ့ အချက် သုံးချက်ပါ ။ကုလ မဟာမင်းကြီးဟာ အိုအိုင်စီ ကိုယ်စားပြုတဲ့ ဒီတင်ပြချက်ကို မဲခွဲ ဆုံးဖြတ်မှု့
မလုပ်ပဲ လက်ခံခဲ့တာပါ ။ ကုလဆိုင်ရာ တရုပ်သံအမတ်က မဲခွဲဖို့တောင်းဆိုပေမယ့် ” မြန်မာ စစ်ကောင်စီရဲ့
လုပ်ရပ်တွေဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတဲ့အတွက် ၊ မဲခွဲဆုံးဖြတ်စရာ မလိုတော့ပါဘူး ” တဲ့ ။
ဒီတင်ပြချက်ကို လူ့အခွင့်အရေးကောင်စီ ကိုယ်စားပြု ၄၇ နိုင်ငံထဲမှာ ၊ တရုပ်ကလွဲပြီး ကျန်နိုင်ငံအားလုံးက သဘော
တူပါတယ် ။ တရုပ်ကတော့ ” အများစု သဘောတူနေတဲ့အတွက် ဘာမှမတတ်နိုင်ပါဘူး ။ သို့ပေမယ့် ဒီကိစ္စကို
ဝင်ပါမှာမဟုတ်ဘူး ” လို့. ဆိုပါတယ် ။ ဒီအစည်းအဝေးမှာ စစ်ကာင်စီရဲ့ လူ့အခွင့်အရေး ချိူးဖောက်မှု့ ၊ အာဏာ
အလွဲသုံးစားမှု့ ၊ မတရားဖမ်းစီးမှု့ ၊ စစ်ကြောရေးစခန်းမှာ သေဆုံးမှု့ ၊ အတင်းအကြပ်ခိုင်းစေမှု့ ၊ လူမဆန်စွာ
သတ်ဖြတ်မှု့နဲ့ ကလေးသူငယ်တွေရဲ့ သေရာပါ စိုးရွံ့ထိတ်လန့်စေတဲ့ အနာဂတ် ဖျက်စီးမှု့တွေကို သက်သေ
များစွာနဲ့ တင်ပြ ၊ ဆွေးနွေးခဲ့ကြတာပါ ကုလသမ္ဂ္ဂမှာ ဌာနများစွာရှိပါတယ် ။ ဒီအထဲက လူ့အခွင့်အရေးကောင်စီ
ကလည်း ပါဝါကြီးတဲ့ ဌာနတစ်ခုပါ ။ ဒီဌာနရဲ့ ဆုံးဖြတ်ချက်ဟာ R2P ( သို့မဟုတ် ) ငြိမ်းချမ်းမှု့ထိန်းသိမ်းရေး
တပ်ဖွဲ့တွေ စေလွှတ်ဖို့ ရာနှုံးပြည့် သေချာသွားစေပါတယ် ။အိုအိုင်စီဟာ ဟိုအရင်က ရိုဟင်ဂျာအရေးတစ်ခုသာ
အသံထွက်ခဲ့ဘူးပေမယ့် ၊ ခုအခါမှာတော့ ရိုဟင်ဂျာအရေးအပြင် တိုင်းရင်းသားဒုက္ခသည်အရေးနဲ့ မြန်မာပြည်မှာ
နည်းအမျိူးမျိူးနဲ့ နှိပ်စက်ခံနေရတဲ့ နွေဦးတော်လှန်ရေး ပြည်သူတွေအတွက်ပါ မီးမောင်းထိုး ၊ အဓိက
ပြောပေးထားတာကတော့ ကြိူဆိုရပါလိမ့်မယ် ။ အင်အားကြီးပြီး ၊ သြဇာကြီးတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်
ရွက်ရေး အဖွဲ့ပါ ။ဒီနေ့ နိုင်ငံတကာ သတင်းတွေမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွက် မြန်မာပြည်ဟာ
အောက်ဘရိတ်ဖြစ်နေတယ်လို့ ပြောထားပြီး ၊ ပြည်သူတွေဟာ အောက်ဆီဂျင်အိုး ရဖို့အတွက် စစ်ကောင်စီလက်
နက်ကိုင်တွေ ၊ ပစ်ခတ် ဖမ်းဆီးနေတဲ့ကြားကနေ သက်စွန့်ဆံဖျား ကြိူးပမ်းနေပုံတွေကို သတင်းတွေနဲ့ ဖော်ပြနေပါတယ် ။
ဆိုရရင် …၊ စစ်ကောင်စီဟာ တော်လှန်ရေးပြည်သူတွေကို ဗိုင်းရပ်စ်ပိုးနဲ့ အခက်အခဲဖြစ်ပြီး တော်လှန်ရေးဘက်
ဦးလှည့်မလာအောင် ရည်ရွယ်ချက်ရှိရှိ ကြံဆောင်နေတယ်ဆိုတာ ကမ္ဘာကပါ သိလာပုံရပါတယ် ။ ဒါ့ကြောင့်လည်း
လူ့အခွင့်အရေးကောင်စီမှာ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို မဲခွဲ ဆုံးဖြတ်မှု့ မလုပ်တော့ပဲ
အတည်ပြုခဲ့တာပါ ။ ဒီတော့ …၊ စစ်ကောင်စီရဲ့ ယုတ်မာမှု့ ပြင်းထန်လာလေလေ ၊ ကုလနဲ့ နိုင်ငံတကာရဲ့
စစ်ရေးမစ်ရှင်က မြန်လာလေလေပါပဲ ။ ကျမ်းမာရေး ၊ စားဝတ်နေရေး ဒုက္ခတွေထဲကနေ စစ်ကောင်စီ ဘေးကျပ်နံ
ကျပ်ဖြစ်အောင် အလံမလှဲတဲ့ ပြည်သူတွေကို အချင်းချင်း အားပေးကြရမှာပါ ။သုံးသပ်ရရင် …၊ ဒီနေ့ လူ့အခွင့်အရေ
းကောင်စီက မဲခွဲ ဆုံးဖြတ်မှု့မလုပ်ပဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိူးဖောက်မှု့တွေကို အတည်ပြု
လက်ခံလိုက်တာဟာ ၊ R2P ဆီကို သေချာပေါက် တက်လှမ်းလိုက်တာပါပဲ ။
Credit to သတင်းမှန်များမျှဝေရာ