ၾကားသိသမွ်

အမျိုးသားညီညွတ်ရေးအစိုးရက ကုလသမဂ္ဂကိုပဲ အားကိုးလုပ်ဆောင်နေတာမဟုတ်ဘဲဘက်ပေါင်းစုံကနေ လုပ်ဆောင်နေကြောင်းပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းပြော

အမျိုးသားညီညွတ်ရေးအစိုးရက ကုလသမဂ္ဂကိုပဲ အားကိုးလုပ်ဆောင်နေတာမဟုတ်ဘဲ ဘက်ပေါင်းစုံကနေ လုပ်ဆောင် နေတဲ့ အစိုးရလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းပြော

ဇန်နဝါရီ ၂၁ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ နိုင်ငံရေးအရ ကုလသမဂ္ဂကိုပဲ အားကိုးပြီးလုပ်ဆောင်နေတာမဟုတ်ဘဲ ဘက်ပေါင်းစုံကနေ လုပ်ဆောင်နေတဲ့ အစိုးရဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားလိုက်ပါတယ်။

“NUG က နိုင်ငံရေးအရ ကုလသမဂ္ဂကိုပဲ အားကိုးပြီးတော့ လုပ်ဆောင်နေတာမဟုတ်ပါဘူး။ ဘက်ပေါင်းစုံကြိုးပမ်းဆောင် ရွက်နေတဲ့ နည်းလမ်းပေါင်းစုံဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအားကိုယူတာ နည်းပေါင်းစုံထဲက နည်းတခု ဖြစ်ပါတယ်။” လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။

ချင်းပြည်နယ်၊ မတူပီဒေသမှာ အကြမ်းဖက်စစ်တပ်က အစုလိုအပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အပေါ် သတင်းစာရှင်းလင်းပွဲကို မနေ့ကပြုလုပ်ခဲ့ရာမှာ အထက်ပါအတိုင်းထည့်သွင်းပြောကြားလိုက်တာလည်းဖြစ်ပါတယ်။

“ကျနော်တို့က နည်းလမ်းတလမ်းတည်းနဲ့ လုပ်ဆောင်ရမယ့် ကာလမဟုတ်ဘူး။ လူတိုင်းလူတိုင်းက နည်းပေါင်းစုံနဲ့ ဟန်ချက်ညီညီ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်သလို ပြည်သူလူထုနဲ့လည်း လုပ်ဆောင်နေပါတယ်” လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။

ဒေသခံပြည်သူတွေက အမျိုးသားညီညွတ်ရေးအစိုးရကို ဆက်သွယ်တဲ့အခါမှာ အခက်အခဲတွေရှိတယ်ဆိုရင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေကနေတဆင့် အကြမ်းဖက်စစ်ကောင်စီကြောင့် အသတ်ခံရတာမျိုး၊ ပျောက်ဆုံးသွားတာမျိုးတွေကို အကြောင်းကြား တိုင်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် အခြေခံပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ တလကို တကြိမ်လောက် အနည်းဆုံး ပုံမန်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်နေတာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြည်ပသတင်းဌာနတစ်ခုနဲ့ ဇန်နဝါရီ ၆ ရက်အင်တာဗျူးမှာ ထည့်သွင်းပြောကြားထားပါသေးတယ်။

Zawgyi

အမ်ိဳးသားညီညြတ္ေရးအစိုးရက ကုလသမဂၢကိုပဲ အားကိုးလုပ္ေဆာင္ေနတာမဟုတ္ဘဲ ဘက္ေပါင္းစုံကေန လုပ္ေဆာင္ ေနတဲ့ အစိုးရလို႔ ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္မ်ိဳးမင္းေျပာ

ဇန္နဝါရီ ၂၁ ၊ ၂၀၂၂

အမ်ိဳးသားညီညြတ္ေရးအစိုးရဆိုတာ နိုင္ငံေရးအရ ကုလသမဂၢကိုပဲ အားကိုးၿပီးလုပ္ေဆာင္ေနတာမဟုတ္ဘဲ ဘက္ေပါင္းစုံကေန လုပ္ေဆာင္ေနတဲ့ အစိုးရျဖစ္တယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ေျပာၾကားလိုက္ပါတယ္။

“NUG က နိုင္ငံေရးအရ ကုလသမဂၢကိုပဲ အားကိုးၿပီးေတာ့ လုပ္ေဆာင္ေနတာမဟုတ္ပါဘူး။ ဘက္ေပါင္းစုံႀကိဳးပမ္းေဆာင္ ရြက္ေနတဲ့ နည္းလမ္းေပါင္းစုံျဖစ္ပါတယ္။ ကုလသမဂၢအပါအဝင္ နိုင္ငံတကာအားကိုယူတာ နည္းေပါင္းစုံထဲက နည္းတခု ျဖစ္ပါတယ္။” လို႔ ဦးေအာင္မ်ိဳးမင္းကေျပာပါတယ္။

ခ်င္းျပည္နယ္၊ မတူပီေဒသမွာ အၾကမ္းဖက္စစ္တပ္က အစုလိုအျပဳံလိုက္ သတ္ျဖတ္ခဲ့တဲ့အေပၚ သတင္းစာရွင္းလင္းပြဲကို မေန႔ကျပဳလုပ္ခဲ့ရာမွာ အထက္ပါအတိုင္းထည့္သြင္းေျပာၾကားလိုက္တာလည္းျဖစ္ပါတယ္။

“က်ေနာ္တို႔က နည္းလမ္းတလမ္းတည္းနဲ႔ လုပ္ေဆာင္ရမယ့္ ကာလမဟုတ္ဘူး။ လူတိုင္းလူတိုင္းက နည္းေပါင္းစုံနဲ႔ ဟန္ခ်က္ညီညီ လုပ္ေဆာင္ရမွာျဖစ္တဲ့အတြက္ နည္းလမ္းေပါင္းစုံနဲ႔ လုပ္ေဆာင္သလို ျပည္သူလူထုနဲ႔လည္း လုပ္ေဆာင္ေနပါတယ္” လို႔ ဦးေအာင္မ်ိဳးမင္းကေျပာပါတယ္။

ေဒသခံျပည္သူေတြက အမ်ိဳးသားညီညြတ္ေရးအစိုးရကို ဆက္သြယ္တဲ့အခါမွာ အခက္အခဲေတြရွိတယ္ဆိုရင္ ျပည္သူ႔ကာကြယ္ ေရးတပ္ဖြဲ႕ေတြကေနတဆင့္ အၾကမ္းဖက္စစ္ေကာင္စီေၾကာင့္ အသတ္ခံရတာမ်ိဳး၊ ေပ်ာက္ဆုံးသြားတာမ်ိဳးေတြကို အေၾကာင္းၾကား တိုင္ၾကားနိုင္တယ္လို႔လည္း ဆိုပါတယ္။

အမ်ိဳးသားညီညြတ္ေရးအစိုးရအေနနဲ႔ နိုင္ငံျခားေရးမူဝါဒအေပၚ အေျခခံၿပီး ကမၻာ့နိုင္ငံေတြနဲ႔ တလကို တႀကိမ္ေလာက္ အနည္းဆုံး ပုံမန္ေတြ႕ဆုံေဆြးေႏြးမႈေတြျပဳလုပ္ေနတာရွိတယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ နိုင္ငံျခားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚဇင္မာေအာင္က ျပည္ပသတင္းဌာနတစ္ခုနဲ႔ ဇန္နဝါရီ ၆ ရက္အင္တာဗ်ဴးမွာ ထည့္သြင္းေျပာၾကားထားပါေသးတယ္။