ၾကားသိသမွ်

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ PDF တပ်သားသစ်များခေါ်ယူ

သပိတ်ကျင်းPDFမှ တပ်သားသစ်များခေါ်ယူ

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ PDF တပ်သားသစ်များခေါ်ယူလျက်ရှိကြောင်း

ယနေ့ (ဇန်နဝါရီ ၂၁)ထုတ်ပြန်သည်။

တပ်သားသစ်များခေါ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းချက် (၇)ချက်သတ်မှတ်ထားပြီး ယင်းတို့အနက် ရဲဘော်သစ်များနေရပ်မပြန်ရ၊

အသက်(၁၈)နှစ်ပြည့်ပြီးသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ ပုဂ္ဂိုလ်စွဲ ဒေသစွဲမထားဘဲ တိုင်းပြည်နှင့် လူမျိုးအကျိုးဦးစားပေး၍ တော်လှန်ရေး

အောင်မြင်သည်အထိ တာဝန်ထမ်းဆောင်လိုသူ စသည့်အချက်များ ပါဝင်သည်။

“သပိတ်ကျင်းမြို့နယ်သားများသာ ခေါ်ယူတာပါဗျ။ NUG တပ်မတော်အတွက် PDF တပ်သားများကို ကျွန်တော်တို့ကတော့ အမြဲခေါ်နေ

မှာပါ”ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်မတော်မှ တာဝန်ခံဖြစ်သူက လူထုနွေဦးသို့ ပြောသည်။

အခြေခံစစ်သင်တန်း တက်ရောက်ရန် လာရောက်မည့် ရဲဘော်သစ်များတွင် သမီးရည်းစားစုံတွဲများပါဝင်ပါက အတူနေထိုင်ခွင့်မပြုသကဲ့သို့

သတ်မှတ်စည်းကမ်းချက်များအား တပ်ရင်းစုဖွဲ့မှုသို့ လာရောက်မည့် ရဲဘော်သစ်များအား အသိပေးရမည်ဖြစ်ကာ ရဲဘော်သစ်များလည်း

လိုက်နာရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ခေါ်ယူစုစောင်းမည့် ရဲဘော်သစ်များသည် အမျိုးသားညီညွတ်ရေး

အစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အောက်၌ တာဝန်ထမ်းဆောင်ကြရမည်ဟု ထုတ်ပြန်

အသိပေးထားသည်။ People’s Spring

(သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်)