ၾကားသိသမွ်

ဗုဒ္ဓရာဇာမင်းများ ဖွားရာ ဇာတိမြေ[ နိုင်ငံပြည်သူအား မေတ္တာဓာတ်ဖြင့် လွှမ်းခြုံရာ၏ ]

ဗုဒ္ဓရာဇာမင်းများ ဖွားရာ ဇာတိမြေ[ နိုင်ငံပြည်သူအား မေတ္တာဓာတ်ဖြင့် လွှမ်းခြုံရာ၏ ]

ဗိုလ်နဂါးပြောတာ ရှင်းရှင်းလေး စကစဟာ လက်တလော ရန်သူ သို့ပေမယ့် အစစ်မဟုတ်သေးဘူး

တကယ့် ရန်သူအစစ်က မိမိရင်ထဲနဲ့ ၀န်းကျင် အနီးနားမှာ ရှိနေတဲ့ လူတိုင်းရဲ့ စိတ်ရင်ထဲမှာ မရိုးမသားရှိနေတဲ့ ကိန်းအောင်းနေတဲ့ ကိုယ်ကျိုးအတ္တဝါဒီ အဓမ္မပြုကျင့်မူတဲ့ စိတ်ရှိလိုသူတွေသာ ဖြစ်တယ်လို့ ဆိုလိုတာ

တနည်း အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူအေပါ် မကြည့်တဲ့ မရိုးသားတဲ့ ကိုယ်ကြိုးကြည့် အတ္တဝါဒ စိတ်ရွိလိုသူ _ စိတ်နဲ့ နိုင်ငံရေး လုပ်ဆောင်နေသူတွေဟာ ပြည်သူနဲ့ န်ိုင်ငံအတွက် ရန်သူစစ်စစ်တွေ ဖြစ်တယ်လို့ ဆိုလိုတာ ပြောတာ

တနည်းအားဖြင့်လည်း အခု စစ်ကောင်စီရဲ့ လုပ်ရက်‌တွေကို မကြိုက်မနှစ်သက် လက်မခံလို့ တော်လှန်ရေး လုပ်နေပြီး _ လုပ်နေပေမယ့် တချိန် ထိုလိုစိတ်တွေနဲ့ ပြည်သူလူထု အပေါ် ဖောက်ပြားမသွားစေဖို့ အခြေခံစိတ်က မြင့်မြတ်မှန်ကန်နေစေဖို့နဲ့ ရိုးသားဖို့ _ မှုအပေါ်မှာ အခြေခံကြဖို့ကို ဆိုလိုတာ ပြောတာ


ခေတ်အဆက်ဆက်က အကြမ်းဖက်မှု မနှစ်သက်လို့ တော်လှန်ရေး လုပ်ကြပေမယ့် အခြေမခိုင်လို့ ကိုယ်၌ နိုင်ငံရေး ဦးဆောင်သူ ဖြစ်လာတဲ့အခါ နေရာရလာတဲ့အခါ နိုင်ငံ ပြည်သူအတွက် မကြည့် မဟုတ်ပဲ မိမိကိုယ်ကျိုးအတ္တအတွက် ဖောက်လွဲပြန် မလုပ်ကြဖို့ဆိုလိုတာ
ယခု မိုးဟိန်း မိုးသီးဇွန် ကိုကိုကြီး စသည့် သူတွေလိုမျိုး မဖြစ်ဖို့ ပြောတာ

ဒီတော့ ခုလို စကားမျိုးက ဘုရားဟော တရားဟောတွေထဲမှာပါပြီးသား ဦးဇောတိက အရှင်ဆန္ဓာတိကနဲ့ ရင်ဘက်ထဲမှာ ဘုရားတည် စသည့် တရားအဟောများနဲ့ မိမိရန်သူ စစ်စစ်ဟာ မိမိစိတ်ပဲ စိတ်ရဲ့ မကောင်းမှု အတွေးတွေ အညစ်ထွေးတွေပဲ

ဒါကို ကိုယ်၌ သန့်စင်မှရမယ် နိုင်အောင် ထိန်းကြောင်းနိုင်မှ စိတ်ရဲ့ဖြူစင်မှုနဲ့ မေတ္တာဓာတ် အစစ်ကို တွေ့မြင် ရရှိမယ်ဆိုတာ ထို တရားအဟောတွေ နာကြားဖူးသူတိုင်း ဗိုလ်နဂါးပြောတာ မမှားဘူးဆိုတာနဲ့ တရားလမ်းစဉ်နဲ့ အညီ အမှန်ကို ရဲ၀င့်စွာ ချပြ ပြောပြ အသိပေးသွားတယ်ဆိုတာ သိရမယ်

ဒီတော့ ဘုရားရဲ့ တရားအဟောတွေကို နားထောင်ဖူးသူတိုင်း လေ့လာထားသူတိုင်း ဗိုလ်နဂါးပြောတာ မထူးဆန်းဘူးတကယ့် အမှန်တရားတွေ ပြောနေတာလို့ မြင်သိရမယ် လက်ခံ ကျင့်သုံးရမယ် သူ့စကားဟာ တရားအဟောနဲ့အညီ ပြောနေတဲ့ မိန့်ခွန်းစကားပဲ ဒါကို သိဖို့လိုတယ်

အများထင်နေသလို ‌တလွဲ အတွေး အမြင်တွေနဲ့ ခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ တော်လှန်ရေးပြည်သူတွေ ကာကွယ်ရေး တပ်ဖွဲ့၀င်တွေကို စွတ်စွဲပြောနေတာမဟုတ်ဘူး မိမိစိတ်ရဲ့ အခြေခံကိုယ်၌က ရိုးသားဖို့နဲ့ မစစ်မမှန်တဲ့ ကိုယ်ကျိုးအတ္တဝါဒနဲ့ အဓမ္မစိတ်တွေ မဖြစ်ပေါ် မကိန်းအောင်းစေဖို့ကို ဆိုလိုတာ သတိပေးနေတာ

ဒီတော့ ဗုဒ္ဓဘာသာစစ်မှန်ရင် ဆရာတော်ကောင်းတွေရဲ့ စစ်မှန်တဲ့ ဟောကြားထားတဲ့ တရားတော်အစစ်တွေ နာယူ လက်ခံ ကျင့်သုံး ကြားဖူးသူတိုင်း ဗိုလ်နဂါးပြောတာ ဘာကိုဆိုလိုတာလဲဆိုတာ သဘောပေါက်ကြမှာပါ သိကြမှာပါ ဒီတော့ ဗိုလ်နဂါးပြောတာဟာ ဗုဒ္ဓလမ်းစဉ် တရားတော်နဲ့ ညီမျှပါတယ်


ထိုအတွက် ယခု လက်မခံဘူးဆိုလည်း တချိန် ဗုဒ္ဓဘာသာအယူဝါဒနဲ့ အညီ အုပ်ချုပ် မင်းလုပ်မည့် (ဒီမိုကရေစီဆိုတာ ဗုဒ္ဓက စတင် ကျင့်သုံးခဲ့) နောင်မျိုးဆက် မင်းကောင်း ခေါင်းဆောင်ကောင်း လူငယ်မျိုးဆက်ကောင်းတွေ လက်ထက်ကြ အားလုံးဟာ ယခုလိုပဲ ဖြစ်လာမှာ ကျင့်သုံးလာကြလိမ့်မယ်ဆိုတာ ယုံကြည် အသိပေးရင်း

တိုင်းပြည်ဟာ ယခုလို အခြေခံစိတ်တွေနဲ့ ရှေ့ရှု့ပြီး ပေါ်ထွန်းလာမည့် ဗုဒ္ဓတရားတော် မေတ္တာလမ်းစဉ်နဲ့အညီ ကျင့်သုံး လုပ်ဆောင် ထူထောင်မည့် ခေါင်းဆောင်ကောင်းတွေကို မျှော်လင့်နေပြီ ဖြစ်ပါကြောင်းနဲဲ့

ထိုအတွက် ခုကစပြီး ထိုလိုခေါင်းဆောင်တွေဟာ နိုင်ငံနဲ့ ပြည်သူအတွက် အစပျိုးလို့ ခြေလှမ်းစတင်လာနေပြီဆိုတာ ပြည်သူလူထု တရပ်လုံး သိမြင်ကြစေလိုပါသည်ဟု !

#မင်းကြည်ညိုနေ 🕊️