ၾကားသိသမွ်

ကောလင်းဈေးတွင် စစ်ကောင်စီတပ်သားကို ပြည်သူတစ်ဦးက ဓားဖြင့် ထိုးသ-တ်

ကောလင်းဈေးတွင် စစ်ကောင်စီတပ်သားကို ပြည်သူတစ်ဦးက ဓားဖြင့်ထိုးသတ်

မဲခေါင်၊ ဇန်နဝါရီ ၂၁

ကောလင်းဈေးအတွင်းသို့ ဈေးလာဝယ်သည့် စစ်ကောင်စီတပ်သားတစ်ဦးကို ပြည်သူတစ်ဦးက လည်ပင်းကို ဓားဖြင့် ဝင်ထိုးရာ သေဆုံးသွားကြောင်း ဇန်နဝါရီလ ၂၁ရက် နံနက်ပိုင်းက သိရသည်။

ယနေ့နံနက် ၇နာရီခန့်က ဈေးလာဝယ်သည့် စစ်ကောင်စီတပ်သားကို ကောလင်းဈေးအတွင်းရှိ နဂါးညီနောင်ဆိုင်အနီးတွင် ပြည်သူတစ်ဦးက ဓားဖြင့် ဝင်ထိုးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လည်ပင်းကို ဓားနဲ့ထိုးသွားတာ။ ဓားနဲ့ထိုးတဲ့သူက ထွက်ပြေးသွားတယ်။ ထိုးခံရတဲ့စစ်သားက ချက်ချင်းတော့ မသေဘူး။ အသက်ငွေ့ငွေ့ကျန်သေးတယ်။ ခဏနေတော့ သေသွားတယ်” ဟု ၎င်းက ပြောသည်။

ဓားထိုးမှုဖြစ်သွားပြီးနောက် ကောလင်းဈေးကို စစ်ကောင်စီအဖွဲ့က ပိတ်ခိုင်းသွားကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
မှတ်ချက်။ ။ ဓာတ်ပုံမှာ ပုံဟောင်းဖြစ်ပါသည်။

ေကာလင္းေဈးတြင္ စစ္ေကာင္စီတပ္သားကို ျပည္သူတစ္ဦးက ဓားျဖင့္ထိုးသတ္

မဲေခါင္၊ ဇန္နဝါရီ ၂၁

ေကာလင္းေဈးအတြင္းသို႔ ေဈးလာဝယ္သည့္ စစ္ေကာင္စီတပ္သားတစ္ဦးကို ျပည္သူတစ္ဦးက လည္ပင္းကို ဓားျဖင့္ ဝင္ထိုးရာ ေသဆုံးသြားေၾကာင္း ဇန္နဝါရီလ ၂၁ရက္ နံနက္ပိုင္းက သိရသည္။

ယေန႔နံနက္ ၇နာရီခန္႔က ေဈးလာဝယ္သည့္ စစ္ေကာင္စီတပ္သားကို ေကာလင္းေဈးအတြင္းရွိ နဂါးညီေနာင္ဆိုင္အနီးတြင္ ျပည္သူတစ္ဦးက ဓားျဖင့္ ဝင္ထိုးျခင္းျဖစ္ေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။

“လည္ပင္းကို ဓားနဲ႔ထိုးသြားတာ။ ဓားနဲ႔ထိုးတဲ့သူက ထြက္ေျပးသြားတယ္။ ထိုးခံရတဲ့စစ္သားက ခ်က္ခ်င္းေတာ့ မေသဘူး။ အသက္ေငြ႕ေငြ႕က်န္ေသးတယ္။ ခဏေနေတာ့ ေသသြားတယ္” ဟု ၎က ေျပာသည္။

ဓားထိုးမႈျဖစ္သြားၿပီးေနာက္ ေကာလင္းေဈးကို စစ္ေကာင္စီအဖြဲ႕က ပိတ္ခိုင္းသြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

#MeKongNews
မွတ္ခ်က္။ ။ ဓာတ္ပုံမွာ ပုံေဟာင္းျဖစ္ပါသည္။