ၾကားသိသမွ်

” မိုးထဲလေထဲမှာဘာကောင်တွေလဲ ” (ရုပ်/သံ) (ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှသူရဲကောင်းလေးများ၏ဖြတ်သန်းမှုပုံရိပ်များနှင့် အနာဂတ်စိတ်ကူးအိပ်မက်များ )

” မိုးထဲလေထဲမှာဘာကောင်တွေလဲ ”

ပည်သူကာကွယ်ရေးတပ်ဖွဲ့မှသူရဲကောင်းလေးများ၏ဖြတ်သန်းမှုပုံရိပ်များနှင့်

အနာဂတ်စိတ်ကူးအိပ်မက်များ

မိုးထဲလေထဲထမင်းကြမ်းခဲကြီးကိုက်ပြီးသူ့ရှေ့ကကောင်ကိုပြုံးပြလိုက်တယ်။

သူနဲ့အတူကောင်တွေထဲမှာ ဒီပွဲကြီးပြီးရင် …ကောင်မလေးကိုဂစ်တာတီး

သင်ပေးမယ့်ကောင်နဲ့ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး…

ကျောင်းတုန်းကလိုက်လို့မရတဲ့ဒေါက်တာမလေးကို

သူ့ဆေးခန်းမှာထိုင်ဖို့ကြိုးစားမယ်ဆိုတဲ့ကောင်နဲ့

ကွဲနေတဲ့မိဘနှစ်ပါးကိုရအောင် ရင်ကြားစေ့ဗဒ္ဓဂါရာကို

အရင်ဆုံးလိုက်ပို့ပေးချင်တဲ့ကောင်နဲ့

တစ်ကောင်ဆို ဒီပွဲကြီးပြီးတာနဲ့ ရုပ်ရှင်မင်းသားဖြစ်

အောင်လုပ်မယ်ဆိုတဲ့ကောင်ကပါသေး။

မင်းတို့နဲ့ရွယ်တူတစ်ချို့ မြို့ပေါ်မှာပုံမှန်ပြန်ပျော်

နေကြပြီလို့ သူကပြောတော့ပျော်ပါစေ သူတို့ပျော်တာကြားတော့

တိုကျခိုကျရမယျ့အခြိနျမှာ ကြှနျတောျတျို့၂ဆပိုအားရှိ

အောင်လုပ်ရမှာပေါ့လို့တစ်ယောက်ကပြန်ပြောတယ်။

ဘယ်လိုကောင်တွေလဲကွာ….တစ်နိုင်ငံလုံးလွတ်မြှောက်ရေးအတွက်

တစ်ကိုယ်တော်လွပ်လပ်စွာအာသာဖြေမှု့ကိုတောင်

ပစ်ချခဲ့တဲ့ကောင်တွေလို့ပဲပြောရမလား။

သူတို့ကိုပြုံးကြည့်ရင်း ဆက်စဉ်းစားမိတာရှိတယ်

လူငယ်တွေရဲ့နှလုံးသားက မုန်တိုင်းဒဏ်ကျ

ခံနိုင်ရည်ရှိပြီး မတရားမှု့နဲ့ရင်ဆိုင်ကြရပြီးဆိုရင်တော့

သူတျို့နှလုံးသားဟာ လတျေိုးလာရငျတောငျ

ခွင့်လွှတ်ပေးနိူင်စွမ်းမရှိတော့မယ့် …

နွေဦးရဲ့သားကောင်းရတနာတွေပဲဖြစ်တယ်။…

Photo Credit; Original Uploder