ၾကားသိသမွ်

လွိုင်ကော်ကို လက်လွှတ်လိုက်ရတဲ့ အာဏာသိမ်းအဖွဲ့

လွိုင်ကော်ကို လက်လွှတ်လိုက်ရတဲ့ အာဏာသိမ်းအဖွဲ့…….

ကယားပြည်နယ် လွိုင်ကော်မြို့က အစိုးရရုံးတွေနဲ့ အကျဉ်းထောင်တစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF ) က ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ကမ္ဘာကျော်သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ AFP သတင်းဋ္ဌာနက ဖော်ပြထားပါတယ် ။

PDF တွေဟာ အစိုးရရုံးတစ်ရုံးကို ဒုံးကျည် ၊ လက်ပစ်ဗုံးတွေနဲ့ စတင်ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တာပါ ။ ဒါဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်းက လွိုင်ကော်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် လက်စားချေပြီး ပြည်နယ်မြို့တော်ကို သိမ်းပိုက်လိုက်တာလို့ PDF အဖွဲ့ဝင်တစ်ဦးက AFP သတင်းဋ္ဌာနကို အသိပေးထားပါတယ် ။


မြန်မာစစ်တပ်က လက်နက်ကိုင် ၁၅ ဦး ဒီတိုက်ပွဲမှာ သေဆုံးခဲ့ပါတယ် ။ PDf တွေဟာ ခရိုင်အုပ်ချုပ်ရေးမှုးရုံးကို တိုက်ခိုက်ခဲ့ပြီး စစ်လက်နက်ကိုင်တွေနဲ့ ၁ နာရီကျော်ကျော် တိုက်ပွဲပြင်းထန်ခဲ့ပါတယ် ။ PDF ဘက်ကတော့ ကျဆုံးမှု့မရှိခဲ့ပါဘူး ။

အာဏာသိမ်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို AFP က မေးမြန်းခဲ့ရာမှာ တိုက်ပွဲဖြစ်ပွားခြင်းနဲ့ စစ်လက်နက်ကိုင်တွေ သေဆုံးခြင်းအပေါ်မှာ အတည်မပြုနိုင်သေးကြောင်း ပြန်ကြားခဲ့ပါတယ် ။ သို့ပေမယ့် တပ်မတော်ရဲ့ စခန်းတွေကို PDF တွေက ပစ်မှတ်ထား တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့တော့ သတင်းရထားတယ်လို့ ဇော်မင်းထွန်းက အတည်ပြုပါတယ် ။

ကရင်နီဒီမိုကရက်တစ်တပ်ဦးက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့ စစ်လက်နက်ကိုင် ၁၅ ဦး သေဆုံးခဲ့တယ်လို့ AFP သတင်းဋ္ဌာနကို အတည်ပြုပြောကြားထားပါတယ် ။

သုံးသပ်ရရင် …..၊နိုင်ငံတကာသတင်းမှာ အတည်ပြုပြောကြားထားတဲ့အတွက် လွိုင်ကော်ကို စစ်ကောင်စီဘက်က ထိန်းချုပ်မှု့ မရှိတော့ပါဘူး ။ ဒီရက်ပိုင်းမှာ စစ်ကောင်စီဟာ လေကြောင်းနဲ့ပတ်သက်ပြီး ရှေမ့တိုးရဲပါဘူး ။ လွိုင်ကော်ကို လေကြောင်းက တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ကုလ ၊ အမေရိကန် ၊ နေတိုးနဲ့ အာဆီယံက တော်တော်လေး ရာဇသံပေးထားတာပါ ။

လွိုင်ကော်ကို လေကြောင်းက တိုက်အပြီးမှာ တိုက်ဆိုင်စွာပဲ လေယာဉ်တင်သင်္ဘောကြီးတွေ မြန်မာ့ကမ်းလွန်အနီးမှာ စစ်ရေးလေ့ကျင့်ပါတယ် ။ နိုင်ငံတကာက ပြင်းထန်တဲ့ ရာဇသံတွေနဲ့ အသိပေးပါတယ် ။

ဒီမှာတင်ပဲ MAH ဟာ လေတပ်ဦးစီးချုပ်ကို ထိုးကျွေးပြီး ချက်ချင်းဖြုတ်လိုက်ပါတယ် ။ ဆိုက်ဝါးအနေနဲ့ ပျော့ညံ့တဲ့ စစ်ဦးစီးချုပ်တွေကို ဖြုတ်ပစ်မယ်ဆိုတဲ့ အသံတွေနဲ့ စစ်ကောင်စီဘက်က တုံ့ပြန်ပါတယ် ။ အမှန်ကတော့ လေကြောင်းတိုက်ခိုက်မှု့ရဲ့ နောက်ပိုင်းမှာ တုံ့ပြန်လာတဲ့ ရာဇသံကို စစ်ကောင်စီဘက်က တော်တော်လန့်နေပုံပါပဲ ။

ဘကြီးအောင် LA 19 January, 2022