လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေပြန်
တွေ့နေရပြီးကိုဗစ်ရောဂါကူးစက်မှုကြောင့်
နေ့စဉ်လူသေဆုံးမှုတွေလည်းရှိနေခဲ့ပါတယ်။
အရင်အစိုးရလက်ထက်တုန်းကအလွှာအသီးသီးက ပြည်သူတွေနဲ့အတူပူးပေါင်းပြီးစည်းစည်းလုံးလုံးနဲ့ကိုဗစ်ကိုတိုက်
ထုတ်ခဲ့ပေမယ့်ယခုအချိန်မှာတော့ ထိန်းမနိုင်သိမ်းမရအခြေအနေကို ရောက်ရှိနေပါတယ်။
ပြည်သူတွေကတော့ အမေစုအစိုးရလက်ထက်နဲ့ ယခုလက်ထက် အလွန်ကွာခြားမှုရှိကြောင်းကို
ဓာတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေနဲ့ နှိုင်းယှဉ်ပြီး ရေးသားပြောဆိုနေကြပါတယ်။
ယခုမှာတော့အမေစုအစိုးရလက်ထက်တုန်းကကိုဗစ်ရောဂါတိုက်ထုတ်ပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို
သီချင်းတွေဆိုပြပြီးချီးကျူးစကားတွေဆိုနေခဲ့တဲ့ အနုပညာရှင်တွေရဲ့အမှတ်တရဗီဒီယိုဖိုင်လေးတစ်ခု
လူမှုကွန်ယက်ထက်မှာ ပျံ့နှံ့လာနေခဲ့ပါတယ်။
အဆိုပါဗီဒီယိုလေးဟာ အရင်အစိုးရလက်ထက်က ကိုဗစ်ရောဂါတိုက်ထုတ်ခဲ့ပုံကို ပြန်လည်
မြင်ယောင်လာစေခဲ့ပါတယ်။ ပြည်သူတစ်ယောက်ဟာအဆိုပါဗီဒီယိုဖိုင်လေးကိုကြည့်ပြီးယခုကိုဗစ်
တတိယလှိုင်းမှာအရင်လိုခေါင်းဆောင်ကောင်းမရှိတော့တာကြောင့်ဂရုစိုက်ကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ပြည်သူတစ်ဦးက” ယခု ကိုဗစ္ တတိယလှိုင်းမှာအရင်လို ခေါင်းဆောင်မရှိတော့ဘူး အရင်လို
ဆရာဝန်တွေမရှိတော့ဘူးအရင်လိုအလှူရှင်တွေမရှိတော့ဘူးအရင်လို Volunteerတွေမရှိတော့ဘူးအားလုံး
ပိုပြီး ဂရုစိုက်ကြပါ “ဆိုပြီးအဆိုပါဗီဒီယိုဖိုင်လေးနဲ့အတူလူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
ကိုဗစ်ရောဂါပိုးကို ကြိုးကြိုးစားစားတိုက်ထုတ်ပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တတ်မြောက်တဲ့
အဆိုပညာနဲ့ ဖျော်ဖြေပေးနေတဲ့ အဆိုတော်တွေရဲ့ အမှတ်တရဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပြီး
အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။
Photo Credit: Original Uploder
#credit#