ကြားသိသမျှ

အာဏာရူးတွေကြောင့်ဆုံးရှုံများစွာခံစာခဲ့ရသောတိုင်းရင်းသားပြည်သူတို့၏ရင်တွင်းခံစားချက်များ နှင့် ပုံရိပ်အချို့(ရုပ်/သံ)

အာဏာရူးတွေကြောင့်

ဆရာဝန်ဖြစ်မယ့်သားကို ဆုံးရှုံးလိုက်ရတဲ့ မိဘရှိတယ်။

အဖေတစ်ခုသမီးတစ်ခုဘဝထဲ ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် သမီးလေးရှိတယ်။

ဘက်ပဲ့သွားတဲ့ အမွှာညီအကိုတွေ ရှိတယ်။

ဘွဲ့ရပြီးခါစ အင်ဂျင်နီယာသားလေးကို ဆုံးရှုံးခဲ့ရတဲ့မိဘရှိတယ်။

မိန်းမရယ်ငါ့ကိုခွင့်လွှတ်ပါဆိုပြီး အမေ့ဆီကမုန့်ဖို့တစ်ထောင်တောင်း ထွက်သွားပြီး

အိမ်ပြန်မလာနိုင်တော့တဲ့ ကလေးနှစ်ယောက်အဖေရှိတယ်။

သမီးလေးနဲ့ ပြန်မတွေ့နိုင်တော့တဲ့ ဆရာမရှိတယ်။

ညဘက်ခေါ်သွားပြီး မနက်အလောင်းတောင်အကောင်းတိုင်းပြန်မရတော့တဲ့မိဘတွေရှိတယ်။

အာဏာရူးတယောက်ကြောင့်တန်ဘိုးရှိတဲ့လူသားတွေတန်ဖိုးမဲ့တွေဖြစ်ကြရပြီ

အံ့ကိုကြိတ်ပြီး ဒီပွဲကို နိုင်အောင်တိုက်မှရမယ်။

အရေးတော်ပုံ အောင်ကို အောင်ရမည်။

#credit;original photo&video