ၾကားသိသမွ်

အာဏာရှင်မဟုတ်ဘဲ တိုင်းပြည်ကို ဆင်စီးပြီး မြင်းရံတာမျိုး မြင်ချင် ဟု စစ်ခေါင်းဆောင်ပြော

အာဏာရှင်မဟုတ်ဘဲ တိုင်းပြည်ကို ဆင်စီးပြီး မြင်းရံတာမျိုး မြင်ချင် ဟု စစ်ခေါင်းဆောင်ပြော

အစိုးရဆိုသည်မှာ ဦးဆောင်နေရသည့်တိုင်းပြည်အား မိဘသဖွယ် ဆင်စီးပြီး မြင်းရံတာမျိုးဖြစ်စေချင်ပြီး အာဏာရှင်များသကဲ့သို့ မဟုတ်ကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် နစက အစည်းအဝေးတွင် ပြောသည်။

`နိုင်ငံကိုဦးဆောင်နေရတဲ့ အဖွဲ့အစည်းတွေက ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားနေရတာပဲ။ အကုန်လုံးက မိဘဆိုတော့ သားသမီးကို ဆင်စီးပြီး မြင်းရံချင်တာ မြင်ချင်သလိုပါပဲ၊ အစိုးရဆိုတာ ပြည်သူပြည်သားတွေ ချမ်းသာဖို့အတွက်၊ အာဏာရှင်တွေကလွဲရင်ပေါ့လေ၊

အာဏာရှင်တွေက ဒီလိုမျိုးစိတ်ရှိချင်မှရှိလိမ့်မယ်´ ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယနေ့အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။


ယခုအစည်းအဝေးသည် အာဏာသိမ်းပြီး တနှစ်ပြည့်မည့်အချိန်တွင် ပြုလုပ်သည့်အစည်းအဝေးဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ပထမဆုံးပြုလုပ်သည့် နစက အစည်းအဝေးဖြစ်သည်။

ယခုရက်ပိုင်း နေပြည်တော်တွင်ပြုလုပ်သည့် ပညာရေးဆိုင်ရာ အစည်းအဝေးတခုတွင်လည်း အာဏာရှင်ဟု သတ်မှတ်ထားသည့် နဝတ စစ်အစိုးရလက်ထက်က ပညာရေးတွင် အရည်အချင်းထက် အတန်းတက်ရေးသာ ဦးစားပေးခဲ့ကြောင်း အာဏာသိမ်းခေါင်ဆောင်က ပြောကြားခဲ့ဖူးသည်။

အာဏာရွင္မဟုတ္ဘဲ တိုင္းျပည္ကို ဆင္စီးၿပီး ျမင္းရံတာမ်ိဳး ျမင္ခ်င္ ဟု စစ္ေခါင္းေဆာင္ေျပာ

အစိုးရဆိုသည္မွာ ဦးေဆာင္ေနရသည့္တိုင္းျပည္အား မိဘသဖြယ္ ဆင္စီးၿပီး ျမင္းရံတာမ်ိဳးျဖစ္ေစခ်င္ၿပီး အာဏာရွင္မ်ားသကဲ့သို႔ မဟုတ္ေၾကာင္း အာဏာသိမ္းေခါင္းေဆာင္ မင္းေအာင္လွိုင္က ယေန႔ ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ နစက အစည္းအေဝးတြင္ ေျပာသည္။

`နိုင္ငံကိုဦးေဆာင္ေနရတဲ့ အဖြဲ႕အစည္းေတြက ကိုယ့္နိုင္ငံဖြံ့ၿဖိဳးတိုးတက္ဖို႔ ႀကိဳးစားေနရတာပဲ။ အကုန္လုံးက မိဘဆိုေတာ့ သားသမီးကို ဆင္စီးၿပီး ျမင္းရံခ်င္တာ ျမင္ခ်င္သလိုပါပဲ၊ အစိုးရဆိုတာ ျပည္သူျပည္သားေတြ ခ်မ္းသာဖို႔အတြက္၊

အာဏာရွင္ေတြကလြဲရင္ေပါ့ေလ၊ အာဏာရွင္ေတြက ဒီလိုမ်ိဳးစိတ္ရွိခ်င္မွရွိလိမ့္မယ္´ ဟု စစ္ေခါင္းေဆာင္မင္းေအာင္လွိုင္က ယေန႔အစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားသည္။

ယခုအစည္းအေဝးသည္ အာဏာသိမ္းၿပီး တႏွစ္ျပည့္မည့္အခ်ိန္တြင္ ျပဳလုပ္သည့္အစည္းအေဝးျဖစ္ၿပီး ၂၀၂၂ ခုႏွစ္တြင္ ပထမဆုံးျပဳလုပ္သည့္ နစက အစည္းအေဝးျဖစ္သည္။

ယခုရက္ပိုင္း ေနျပည္ေတာ္တြင္ျပဳလုပ္သည့္ ပညာေရးဆိုင္ရာ အစည္းအေဝးတခုတြင္လည္း အာဏာရွင္ဟု သတ္မွတ္ထားသည့္ နဝတ စစ္အစိုးရလက္ထက္က ပညာေရးတြင္ အရည္အခ်င္းထက္ အတန္းတက္ေရးသာ ဦးစားေပးခဲ့ေၾကာင္း အာဏာသိမ္းေခါင္ေဆာင္က ေျပာၾကားခဲ့ဖူးသည္။