ၾကားသိသမွ်

“အချုပ်ကားနဲ့ ပါလာတဲ့ အဝေးထိန်းဗုံး ကြောင့်အင်းစိန်ထောင်တွင်း စိစစ်နေ”

“အချုပ်ကားနဲ့ ပါလာတဲ့ အဝေးထိန်းဗုံး ကြောင့်အင်းစိန်ထောင်တွင်း စိစစ်နေ”

BVJ_ဇန်နဝါရီ ၂၀၊ ၂၀၂၂ ။

နိုင်ငံရေး အကျဉ်းသားတွေကို တိုက်ပိတ်၊ နှိက်စက်နေတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အင်းစိန်ထောင်ဝန်းအတွင်း ဖောက်ခွဲဖို့အတွက် ဒီကနေ့မနက် ၁၁ နာရီခွဲအကျော်က အဝေးထိန်းဗုံးကို အချုပ်ကားနဲ့ ထည့်ပေးလိုက်တာ ရှာတွေ့သွားတယ်လို့ သိရပါတယ်။

“ဗုံးက အချုပ်ကားနဲ့ပါလာတာ၊ ပါဆယ်ဌာနအနီးမှာ အိတ်အမဲနဲ့တွေ့တော့ လုံခြုံရေးတွေခေါ် အရေးပေါ်ဖြစ်သွားတာ၊ ရန်ကုန်တိုင်း ရဲမှူးလာစစ်နေတယ်ကြားတယ်” လို့ ထောင်နဲ့နီးစပ်သူ တဦးက ပြောပါတယ်။

အခုမနက် ၁၂ နာရီလောက်မှာ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးကားတွေနဲ့ အတူကျန်းမာရေး ကားတွေ အရေးပေါ်ဝင်သွားတာကိုလည်း ထောင်အနီးက သူတွေက တွေ့ရှိထားပါတယ်။

အင်းစိန်ထောင် ထောင်ပိုင်နဲ့ ဝန်ထမ်းတွေက ဖမ်းဆီးခံထားရတဲ့ ကျောင်းသားနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်လို့ နာမည်ကြီးနေပြီးတော့ ထောင်ထဲမှာ လုံခြုံရေးတင်းကြပ်ထားပြီး ကင်းပုန်းတွေချထားတယ်လို့လည်း သိရပါတယ်။

#BurmaVJ

Zawgyi

“အခ်ဳပ္ကားနဲ႔ ပါလာတဲ့ အေဝးထိန္းဗုံး ေၾကာင့္အင္းစိန္ေထာင္တြင္း စိစစ္ေန”

BVJ_ဇန္နဝါရီ ၂၀၊ ၂၀၂၂ ။

နိုင္ငံေရး အက်ဥ္းသားေတြကို တိုက္ပိတ္၊ ႏွိက္စက္ေနတယ္လို႔ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားေနတဲ့ အင္းစိန္ေထာင္ဝန္းအတြင္း ေဖာက္ခြဲဖို႔အတြက္ ဒီကေန႔မနက္ ၁၁ နာရီခြဲအေက်ာ္က အေဝးထိန္းဗုံးကို အခ်ဳပ္ကားနဲ႔ ထည့္ေပးလိုက္တာ ရွာေတြ႕သြားတယ္လို႔ သိရပါတယ္။

“ဗုံးက အခ်ဳပ္ကားနဲ႔ပါလာတာ၊ ပါဆယ္ဌာနအနီးမွာ အိတ္အမဲနဲ႔ေတြ႕ေတာ့ လုံျခဳံေရးေတြေခၚ အေရးေပၚျဖစ္သြားတာ၊ ရန္ကုန္တိုင္း ရဲမႉးလာစစ္ေနတယ္ၾကားတယ္” လို႔ ေထာင္နဲ႔နီးစပ္သူ တဦးက ေျပာပါတယ္။

အခုမနက္ ၁၂ နာရီေလာက္မွာ လက္နက္အျပည့္အစုံနဲ႔ လုံျခဳံေရးကားေတြနဲ႔ အတူက်န္းမာေရး ကားေတြ အေရးေပၚဝင္သြားတာကိုလည္း ေထာင္အနီးက သူေတြက ေတြ႕ရွိထားပါတယ္။

အင္းစိန္ေထာင္ ေထာင္ပိုင္နဲ႔ ဝန္ထမ္းေတြက ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားနဲ႔ နိုင္ငံေရးအက်ဥ္းသားေတြကို ႏွိပ္စက္လို႔ နာမည္ႀကီးေနၿပီးေတာ့ ေထာင္ထဲမွာ လုံျခဳံေရးတင္းၾကပ္ထားၿပီး ကင္းပုန္းေတြခ်ထားတယ္လို႔လည္း သိရပါတယ္။

#BurmaVJ