အိမ်တိုင်း ခြံစည်းရိုး မခတ်ထားသလို ရာဇဝတ်မှု လုံးဝ မရှိတဲ့ မြန်မာနိုင်ငံ အတွင်းက ရွာကလေး
လူတိုင်း ခရီးသွားကြပါတယ်။ ဒါပေမယ့် ဒီနေရာ ကိုတော့ ရောက်ဖူးသူ နည်းကြမှာပါ။
မြန်မာနိုင်ငံမှာ ရာဇဝတ်မှု မရှိ / ရပ်ကွက် အုပ်ချုပ်ရေမှုး မရှိ၊ တည်ငြိမ် အေးချမ်းတဲ့
ရွာလေးတစ်ရွာ ရှိတယ်ဆိုရင် အံဩမိကြမှာပါ။ ပိုပြီး ထူးခြားတဲ့ အချက်တွေက
အိမ်တိုင်းမှာ ခြံစည်းရိုး မရှိ, မခတ်ထားတာပါပဲ။ သူခိုး/ဓားပြလည်း မရှိ ပါဘူး။
ကိုယ်ကိုယ်တိုင်က ကိုယ့်ရွာရဲ့ ခေါင်းဆောင် ဆိုပြီး ခံယူထားကြပါတယ်။
နောက်ပြီး ရွာအတွင်း စီးပွားရေးလုပ်ခွင့် မရှိတာပါပဲ။ ဘာကုန်ပစ္စည်းဆိုင်မှ မရှိတာပါ၊
စီးပွားရေးကို တော့ ရွာအပြင်မှာပဲ ထွက်ပြီး စီးပွားရှာကြပါတယ်။
မြို့နဲ့လည်း သိပ်မဝေးတော့ အဆင်ပြေတာပေါ့။
ဒီရွာရဲ့ အထူး နာမည်ကြီးတာကတော့ တိတ်ဆိတ် အေးချမ်းခြင်း ပါပဲ။ ကရင်လူမျိုးတွေ၊
မျိုးနွယ်ပေါင်းစုံ စုဝေး နေထိုင်တဲ့ ရွာလေး တစ်ရွာလည်း ဖြစ်ပါတယ်။ ဒီရွာကို တည်စက
ထမင်းမစား ရေမသောက်ဘဲ ပင်ပင်ပန်းပန်းနဲ့ တည်ခဲ့ရတယ်လို့ အိမ်ရှင်
အဘိုးတစ်ယောက် ပြောပြလို့ သိခဲ့ရပါတယ်။
ရွာအတွင်းက လူတွေ ဟာလည်း ရိုးသား ဖြူစင် ကြပါတယ် တစ်ယောက်ကိုတစ်ယောက်
ကူညီ ရိုင်းပင်းရင်း မိမိရွာကို ထိန်သိမ်း စောင့်ရှောက် နေကြတာပဲ ဖြစ်ပါတယ်။
အိမ်ခြေအားဖြင့် ၅၀ ကျော်ခန့် ဧက အနည်းငယ်သာ ကျယ်ဝန်းတဲ့ ဒီရွာကလေးကတော့
ကရင်ပြည်နယ် ဘားအံမြို့ အနီး ဇွဲကပင် တောင်ခြေမှာ တည်ရှိတဲ့
မွန့်စရီး ဆိုတဲ့ ကျေးရွာလေးပဲ ဖြစ်ပါတယ်။
Credit ‘