ၾကားသိသမွ်

Dr.Sa Sa သည် ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့စည်းများက အကြီးအကဲအရာရှိများကိုဒီလိုပြောသွားပါတယ်။

Dr. Sa Sa သည် ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့စည်းများက အကြီးအကဲအရာရှိများကိုဒီလိုပြောသွားပါတယ်။

မြန်မာပြည်သူတွေဟာ အမှန်တရားကို ချစ်မြတ်နိုးသူတွေဖြစ်တယ်။ လူ့အခွင့်အရေးကို

တန်ဖိုးထားသူတွေလည်ဖြစ်ပါတယ်။ဒါကြောင့် Feb လစစ်အာဏာသိမ်းကတည်းကစပြီး

အကြမ်းမဖက်ပဲ မိမိတို့လိုချင်သော ဒီမိုကရေစီကို ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ် ။

ကျွန်တော်တို့ကလည် ကမ္ဘာ့လူ့အခွင့်အရေး၊ ကမ္ဘာ့ဥပဒေအတိုင်း သံတမန်နည်းနှင့်

သွားခဲ့တာ လူကြီးမင်းတို့ အသိပါ။ဒါကို စစ်အာဏာလု အဖွဲ့က မြန်မာပြည်သူတွေ

အကြမ်းမဖက်တာကို အခွင့်ကောင်းယူပြီး လူသားချင်း စာနာမူကင်းမဲ့စွာ ကြက်ကလေး

ငှက်ကလေးလို စိတ်ကြိုက်သတ်ဖြတ်ခဲ့ကြတာလည် လူကြီးမင်းတို့အသိပါ။

စစ်အာဏာလုအဖွဲ့က ဘယ်လောက်ပဲ လူမဆန်စွာသတ်ဖြတ်ပေးမယ့် ရဲရင့်သော

မြန်မာသူရဲကောင်းတွေဟာ မကြောက်မလန့်ပဲ မိမိလိုချင်သော တန်ဖိုးထားသော

ဒီမိုကရေစီ ရဖို့အတွက် အသက်ပေါင်းများစွာ စတေးခဲ့ရတာ လူကြီးမင်းတို့အသိပါ။

CDM ဝန်ထမ်းတွေဆိုရင်လည် အခက်ခဲပေါင်းများစွာ တောင့်ခံပြီး ဒီမိုကရေစီရရှိဖို့အတွက်

အခုချိန်ထိ ပြည်သူတွေနှင့်အတူရပ်တည် နေတာ လူကြီးမင်းတို့အသိပါ။

Generation Z လူငယ်တွေလည် မိမိမှာ အသက်အပိုမပါသော်လည် မိမိအသက်

တစ်ချောင်းကို မြန်မာပြည်အတွက်၊ ပြည်သူတွေအတွက် ၊ဒီမိုကရေစီအတွက်

သူတို့ရဲ့ အသက်တွေ ရင်းပြီး စွန့်စားနေကြတာ လူကြီးမင်းတို့အသိပါ။

ဒါကြောင့် ကျွန်တော်တို့ဘက်ကလည် အပြစ်မဲ့ပြည်သူတွေ နေ့တိုင်း

နိူင်ငံတော်အတွက် သေပေးနေရတာ လုံးဝ သည်းမခံနိူင်တော့ပါဘူး။

ဒါကြောင့် ဒီအာဏာလုအဖွဲ့ကို လက်နက်ချင်း ရင်ဆိုင်ဖို့ နောက်ဆုံး

ရွေးချယ်ရတော့မှာပါ။ ကျွန်တော်တို့ ကမ္ဘာ့အသိမှတ်ပြု NUG အစိုးရအနေနဲ့လည်

ကမ္ဘာ့ဥပဒေအတိုင်း အာဏာလုအဖွဲ့ကို စစ်ရာဇဝတ်မူ ၊ လူ့အခွင့်အရေးချိုးဖောက်မူ ၊

လူမျိုးတုန်းသတ်ဖြတ်မူ၊ ထိုသူတို့နှင့် ထိုက်တန်မူ ပြစ်မူကို မရရတဲ့နည်းနှင့် ပို့ဆောင်သွားမှာပါ။

မြန်မာပြည်တွင် တရားမျှတမူက လွှမ်းမိုးရမည်။

ဒီမိုကရေစီ ပြည့်ဝရမည်။

လူ့အခွင့်အရေးသည် ဝပြောရမည်။

တရားမျှတမူသည် ပြည့်ဝရမည်။

အရေးတော်ပုံမုချအောင်တော့မည်။

#SaveMyanmarDemocrac

#ခရက္ဒစ္#