ၾကားသိသမွ်

တီးတိန်မြို့နယ်၊ ကနေဒီတောင်စခန်းသို့ လေထီးဖြင့် ဆင်းသည့် စစ်ကောင်စီတပ်သား ၁၂ ဦးအနက် ၁ ဦး လေထီးမပွင့်ဘဲ ချောက်ထဲကျ

တီးတိန်မြို့နယ်၊ ကနေဒီတောင်စခန်းသို့ လေထီးဖြင့် ဆင်းသည့် စစ်ကောင်စီတပ်သား ၁၂ ဦးအနက် ၁ ဦး လေထီးမပွင့်ဘဲ ချောက်ထဲကျ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ရှိ စစ်ကောင်စီတပ်စခန်းသို့ လေထီးဖြင့် ဆင်းသက်သည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦး အနက်မှ ၁ ဦးသည် လေထီးမပွင့်ဘဲ ချောက်ထဲကျသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကနေဒီတောင် တပ်ကင်းစခန်းကို ယနေ့ ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် စစ်ရဟတ်ယာဉ်မှတဆင့် လေထီးဖြင့် ဆင်းသက်ရာ စစ်သား ၁ ဦးမှာ လေထီးမပွင့်ဘဲ ချောက်ထဲကျသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ‌PDF Zoland ထံမှ သိရှိရသည်။

“ဟုတ်တယ်၊ အဲဒီသတင်းက ကွန်ဖမ်းတယ်၊ ရဟတ်ယာဉ်ပေါ်ကနေ လေထီးနဲ့ ဆင်းတာ ၁ ယောက် လေထီးမပွင့်ဘူး ဖြစ်တယ်၊ ပြီးတော့ အဲဒီနေရာမှာ လေလည်း အရမ်းကြမ်းနေတယ်” ဟု PDF Zoland တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

အဆိုပါ ကနေဒီတောင်ရှိစခန်းသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ဝိုင်းထားခြင်းကို ခံနေရသည်မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း၊ တပ်စခန်းရှိ တပ်သားများအတွက် စားနပ်ရိက္ခာနှင့် သောက်ရေအခက်အခဲများဖြစ်နေကြောင်း၊ ယနေ့ လေထီးဖြင့် လာရောက်မှုမှာ ရိက္ခာရော၊

အင်အားပါ လာရောက်ဖြည့်တင်းသည် ဖြစ်နိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ ဒေသသတင်းရင်းမြစ် Zalen သို့ပြောသည်။

အဆိုပါ ကနေဒီတောင်သည် ကလေး-တီးတိန် ဆက်သွယ်ထားသည့် ကားလမ်းပေါ်တွင် တည်ရှိပြီး အမြင့်ပေ ၈၈၆၈ ပေ ရှိပြီး တီးတိန်မြို့နှင့် အနီးတဝိုက်ဒေသများသို့ အပေါ်စီးမှ လှမ်းမြင်ရသည့် တောင်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေထီးခုန် လေ့ကျင့်ရေးတစ်ခု

Zawgyi

တီးတိန္ၿမိဳ႕နယ္၊ ကေနဒီေတာင္စခန္းသို႔ ေလထီးျဖင့္ ဆင္းသည့္ စစ္ေကာင္စီတပ္သား ၁၂ ဦးအနက္ ၁ ဦး ေလထီးမပြင့္ဘဲ ေခ်ာက္ထဲက်

ရန္ကုန္၊ ဇန္နဝါရီ ၁၉

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္၊ ကေနဒီေတာင္ရွိ စစ္ေကာင္စီတပ္စခန္းသို႔ ေလထီးျဖင့္ ဆင္းသက္သည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္သား ၁၂ ဦး အနက္မွ ၁ ဦးသည္ ေလထီးမပြင့္ဘဲ ေခ်ာက္ထဲက်သြားေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။

ကေနဒီေတာင္ တပ္ကင္းစခန္းကို ယေန႔ ဇန္နဝါရီလ ၁၉ ရက္ ေန႔လယ္ ၁ နာရီခြဲခန႔္တြင္ စစ္ရဟတ္ယာဥ္မွတဆင့္ ေလထီးျဖင့္ ဆင္းသက္ရာ စစ္သား ၁ ဦးမွာ ေလထီးမပြင့္ဘဲ ေခ်ာက္ထဲက်သြားေၾကာင္း ေဒသကာကြယ္ေရးတပ္ဖြဲ႕တစ္ခုျဖစ္သည့္ ‌PDF Zoland ထံမွ သိရွိရသည္။

“ဟုတ္တယ္၊ အဲဒီသတင္းက ကြန္ဖမ္းတယ္၊ ရဟတ္ယာဥ္ေပၚကေန ေလထီးနဲ႔ ဆင္းတာ ၁ ေယာက္ ေလထီးမပြင့္ဘူး ျဖစ္တယ္၊ ၿပီးေတာ့ အဲဒီေနရာမွာ ေလလည္း အရမ္းၾကမ္းေနတယ္” ဟု PDF Zoland တပ္ဖြဲ႕ဝင္ ၁ ဦးက ရန္ကုန္ေခတ္သစ္သို႔ အတည္ျပဳေျပာဆိုသည္။

အဆိုပါ ကေနဒီေတာင္ရွိစခန္းသည္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕မ်ားမွ ဝိုင္းထားျခင္းကို ခံေနရသည္မွာ ၃ လခန႔္ရွိၿပီျဖစ္ေၾကာင္း၊ တပ္စခန္းရွိ တပ္သားမ်ားအတြက္ စားနပ္ရိကၡာႏွင့္ ေသာက္ေရအခက္အခဲမ်ားျဖစ္ေနေၾကာင္း၊ ယေန႔ ေလထီးျဖင့္ လာေရာက္မႈမွာ ရိကၡာေရာ၊ အင္အားပါ လာေရာက္ျဖည့္တင္းသည္ ျဖစ္နိုင္ေၾကာင္း ေဒသကာကြယ္ေရးတပ္ဖြဲ႕တစ္ခုမွ ေဒသသတင္းရင္းျမစ္ Zalen သို႔ေျပာသည္။

အဆိုပါ ကေနဒီေတာင္သည္ ကေလး-တီးတိန္ ဆက္သြယ္ထားသည့္ ကားလမ္းေပၚတြင္ တည္ရွိၿပီး အျမင့္ေပ ၈၈၆၈ ေပ ရွိၿပီး တီးတိန္ၿမိဳ႕ႏွင့္ အနီးတဝိုက္ေဒသမ်ားသို႔ အေပၚစီးမွ လွမ္းျမင္ရသည့္ ေတာင္တစ္ခုျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပုံ – အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ ေလထီးခုန္ ေလ့က်င့္ေရးတစ္ခု