ၾကားသိသမွ်

ပိုင်ဖြိုးသုကို မူစလင်မျိုးနွယ်ဆိုပြီး ပုတ်ခတ်ပြောဆိုနေကြသူတွေကို ဘာသာရေးမှိုင်းတွေ မမိစေဖို့အတွက် ပြန်လည်ရှင်းပြလိုက်တဲ့ ပြည်သူတစ်ဦး

ပိုင်ဖြိုးသုကို မူစလင်မျိုးနွယ်ဆိုပြီး ပုတ်ခတ်ပြောဆိုနေကြသူတွေကို ဘာသာရေးမှိုင်းတွေ

မမိစေဖို့အတွက် ပြန်လည်ရှင်းပြလိုက်တဲ့ ပြည်သူတစ်ဦး

သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ချစ်စရာကောင်းတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်

အများကမမြဝင်းဆိုတဲ့ဇာတ်ကောင်နဲ့စသင်သိလာခဲ့ကြပြီးအခုဆိုရင်အကယ်ဒမီတစ်ခုပါပိုင်

ဆိုင်ထားတဲ့ပရိတ်သတ်တွေရဲ့အချစ်တော်မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်၊သုသုက ဟာသ

ဇာတ်ကားတွေအပြင်ဇာတ်ကားပေါင်းအမြောက်အများကိုရိုက်ကူးထားတဲ့ပိုင်ဖြိုးသုကတော့

ဆရာဝန်တစ်ဦးလဲဖြစ်ပါသေးတယ်၊ယခုလက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာလဲပြည်သူ

တွေနဲ့အတူတစ်သားတည်းပါဝင်ခဲ့ပြီးစစ်အာဏာရှင်ကိုအမြစ်ဖြုတ်ဖို့ရဲရဲဝံ့ဝံ့တော်လှန်ခဲ့သူလဲ

ဖြစ်ပါတယ်။ဒီလိုတော်လှန်ရေးကြီးရဲ့လှုပ်ဆော်မှုတွေမှာလဲအားတက်တရောပါဝင်ခဲ့တာကြောင့်

၅၀၅ကနဲ့အမှုဖွင့်အရေးယူထားခြင်းခံရပါတယ်၊မတရားအရေးယူထားခြင်းခံရတာကြောင့်ဘေး

လွှတ်ရာကိုတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်၊တိမ်းရှောင်နေစဥ်အတောအတွင်းမှာလဲသူမ

တတ်နိုင်တဲ့ဘက်ကနေပါဝင်တော်လှန်ခဲ့ပြီးပြည်သူတွေခွန်အားဖြစ်စေမယ့်စာသားတွေကိုလဲ

တင်လေ့ရှိပါတယ်။အခုတစ်ခါမှာလဲပိုင်ဖြိုးသုကိုချစ်တဲ့ပရိတ်သတ်ကပိုင်ဖြိုးသုတို့မျိုးနွယ်က

မူစလင်မလို့ဆဲဆိုနေကြတဲ့သူကိုအချက်ကျကျ အခုလိုမျိုး ပြန်ပြောလိုက်တာပဲဖြစ်ပါတယ်။

“ပိုင်ဖြိုးသုတို့မျိုးနွယ်ကမူစလင်မို့လို့အံ့သြနေတာလား၊အနုပညာလောကမှာတင်မဟုတ်ဘူ

းအဆိုတော်လောကမှာရော၊ရိုးရာလက်ဝှေ့လောကမှာပါမြန်မာရုပ်ပီပီကြီးတွေနဲ့မြန်မာ

မူစလင်တွေအများကြီးရှိနေတယ်၊အစွန်းရောက်တစ်ချို့ရဲ့ပုတ်ခတ်မှုဒဏ်တွေကြောင့်သူတို့

လျှောက်နေတဲ့လမ်းခရီးမှာအနှောင့်အယှက်ဖြစ်မှာမို့ဖွင့်မပြောကြတာပါ၊ရိုးရာလက်ဝှေ့လောက

မှာဆိုရင်လည်းမြန်မာမူစလင်တွေအများကြီးရှိနေပါတယ်၊သူတို့မပြောရင်သူတို့ရုပ်တွေအရ

မူစလင်မှန်းသိဖို့မလွယ်ပါဘူး၊အချို့ရိုးရာလက်ဝှေ့ကျော်ကြီးတွေကတော့သူတို့နဲ့အင်တာဗျူး

ချိန်မှာ၊ကိုသားကြီးရပါတယ်ကျွန်တော်အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်းထည့်ရေးနိုင်ပါတယ်၊

လို့ခွင့်ပြုပေမဲ့ဒီလောကမှာစာဝင်ရေးနေတဲ့ကျွန်တော့်အနေနဲ့စာရေးသူစည်းအရမဖော်ပြခဲ့ပါဘူး။

စိတ်မကောင်းတာတစ်ခုကစစ်ခေါင်းဆောင်တွေအနေနဲ့1989မတိုင်ခင်ကာလတုန်းကမြန်မာ

 

မူစလင်တွေကိုတိုင်းရင်းသားအဖြစ်မပယ်ဖျက်ခင်မှာမြန်မာမူစလင်တွေဟာမိမိတို့ကိုယ်မိမိတို့

မြန်မာမူစလင်တွေပါဆိုပြီးနိုင်ငံ့ရဲ့အစိုးရယန္တရား၊အားကစားလောက၊အနုပညာလောက၊နိုင်ငံရေ

းလောက၊ပညာရေး၊ကျန်းမာရေးအစရှိတဲ့တာဝန်အသီးသီး ကဏ္ဍအသီးသီးမှာနိုင်ငံ့အကျိုးကို

ထူးချွန်ထက်မြက်စွာဖြင့်ပေါ်ပေါ်ထင်ထင်ထမ်းရွက်နိုင်ခဲ့ကြပါတယ်၊တိုင်းပြည်ကိုလူမျိုးရေး၊

ဘာသာရေးမှိုင်းတွေနဲ့နလံမထူနိုင်အောင်၊ခွဲခြားယုတ်မာခဲ့ကြသူတွေရဲ့လက်ထက်မှာတော့မြန်မာ

မူစလင်တွေဟာမိမိတို့မည်သူမည်ဝါဆိုသည်ကိုအထူးတစ်လည်မပြောကြတော့ပဲမိမိတို့လုပ်စရာ

ရှိတာကိုသာတည်တည်ငြိမ်ငြိမ်နဲ့အောင်မြင်အောင်လုပ်ဆောင်သွားကြတာယနေ့ထက်တိုင်ပါပဲဗျာ ”

ဆိုပြီးတော့ရေးသားဖော်ပြထားတာကို စာဖတ်ပရိတ်သတ်ကြီးအတွက်ပြန်လည်ဖော်ပြလိုက်ပါတယ်။

#Credit#