ၾကားသိသမွ်

စပီကာချိတ်ဆွဲခဲ့ပြီး “အလိုမရှိ”သီချင်းဖွင့်ထားခဲ့၍ စစ်ကောင်စီတပ်များက ပြာယာခတ်ကာ လိုက်ရှာနေ

တောင်ကြီးမြို့မဈေးအနီး စီပီကာချိတ်ဆွဲခဲ့ပြီး “အလိုမရှိ”သီချင်းဖွင့်ထားခဲ့၍ စစ်ကောင်စီတပ်များက ပြာယာခတ်ကာ လိုက်ရှာနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ် မြို့မဈေး နှင့် ယခင် Asia Light ကြားရှိ ဓါတ်တိုင်အနီးတွင် ယနေ့ ၂၀၂၂ခုနှစ်

ဇန်နဝါရီလ(၁၉)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အချိန်က လော်စပီကာဖြင့် “အလိုမရှိ”သီချင်းဖွင့်ပေးထားခဲ့သည့်အတွက် အကြမ်းဖက်

စစ်ကောင်စီ တပ်များက သီချင်းဖွင့်ခဲ့သူကို လိုက်လံ ရှာဖွေနေကြောင်း သိရသည်။

လော်စပီကာ လာရောက်ချိတ်ဆွဲခဲ့သူများကို စစ်ကောင်စီ တပ်က အသည်းအသန်ရှာဖွေနေပြီး ဈေးအနှံ့ Ocean ကြား နှင့် ညဈေးတန်းတို့

တွင် မေးမြန်းနေကြောင်း သိရသည်။





