ၾကားသိသမွ်

စစ်ဘေးရှောင်စခန်းမှာ စာသင်ပေးနေတဲ့ ကလေးတစ်ယောက်ရဲ့အလွဲတစ်ခုကြောင့် အားလုံးသဘောကျပြီး အူတက်အောင်ရယ်မောခဲ့ရတဲ့ ဗီဒီယိုလေး

အာဏာသိမ်းကာလအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုဆိုရင် စစ်ဘေး

ရှောင်နေရတဲ့ ပြည်သူပေါင်းသိန်းချီခန့် ရှိနေပြီပဲ ဖြစ်ပါတယ် ။ စစ်ဘေးသင့်

Photo Credit-Yo Yo’s FB Acc

ပြည်သူတွေထဲမှာတော့ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတွေလည်း

ပါဝင်နေတာ ဖြစ်ပါတယ် ။ သူတို့ခမျာ လူကြီးတွေနဲ့အတူ တောတွေတောင်တွေထဲမှာ

စစ်ဘေးဒဏ်ကို တိမ်းရှောင်ရင်း ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး

ရှင်သန်နေကြရှာတာ ဖြစ်ပါတယ် ။

အခုဆိုရင်လည်း စစ်ဘေးရှောင်စခန်းတစ်ခုက ကလေးတွေရဲ့ဗီဒီယိုဖိုင်လေးက

လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လို့နေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုက ကြည့်ရှုသူ

အများအပြားရရှိထားသလို ပြည်သူတွေရဲ့သဘောကျနှစ်သက်မှုကို ရယူထားနိုင်တာလည်း

တွေ့ရတာ ဖြစ်ပါတယ် ။ ဗီဒီယိုထဲမှာတော့ ကလေးတစ်ယောက်က အရှေ့ထွက်ပြီး

Photo Credit-Yo Yo’s FB Acc

ကျန်တဲ့ကလေးတွေကို စာသင်ပြပေးနေတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ။

စာသင်ပေးနေတဲ့ ကလေးလေးက ရုတ်တရက်ဆိုသလို အလွဲတစ်ခုပြောချလိုက်တဲ့

အခါမှာတော့ အားလုံးသဘောကျပြီး ရယ်မောခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဗီဒီယိုရိုက်ကူးနေ

တဲ့သူကလည်း ဒီကလေးလေးရဲ့စကားကိုကြားပြီး ရယ်ခဲ့ရသလို ကြည့်ရှုလိုက်ရတဲ့ ပြည်သူ

တွေအနေနဲ့လည်း မရယ်ဘဲမနေနိုင်ဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။ ပင်ပန်းခက်ခဲမှုတွေများလွန်းတဲ့

ဒီလိုနေရာမှာ ကလေးတွေကြောင့် ခဏတာ ရယ်မောပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်လေးကို

မှတ်တမ်းတင်ခဲ့တဲ့ ပြည်သူတစ်ဦးရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit-Yo Yo’s FB Acc