ၾကားသိသမွ်

“တရားသူကြီးက အနိုင်ပေးမယ်လို့ ကတိပေးထားတဲ့ နွေဦးတော်လှန်ရေး ” မြန်မာ့နွေဦးတော်လှန်ရေးဟာ ဘယ်လောက်တောင် စွမ်းဆောင်နိုင်သလဲဆိုရင် မြောက်ကိုရီးယားက ကွန်မြူနစ် ကင် တောင်မှ ပြည်သူတွေဘက်မှာ ပါလာတယ်

တရားသူကြီးက အနိုင်ပေးမယ်လို့ ကတိပေးထားတဲ့ နွေဦးတော်လှန်ရေး ”

မြန်မာ့နွေဦးတော်လှန်ရေးဟာ ဘယ်လောက်တောင် စွမ်းဆောင်နိုင်သလဲဆိုရင် မြောက်ကိုရီးယားက

ကွန်မြူနစ် ကင် တောင်မှ ပြည်သူတွေဘက်မှာ ပါလာတယ် ။ မြန်မာ့အရေး လှုပ်ရှားဖို့အတွက် မြောက်

ကိုရီးယားက ကုလသမဂ္ဂကို အမေရိကန်ဒေါ်လာ ၃ သိန်း လှုဒါန်းလိုက်တာပါ ။ဒီနေ့ သတင်းတွေမှာတော့

စစ်ကောင်စီက ဆရာဝန် ၊ သူနာပြု နဲ့ ကျမ်းမာရေး ဝန်ထမ်းတွေကို စစ်ကြေငြာလိုက်တယ် ။ နိုင်ငံတကာ

သတင်းတွေမှာ ဖော်ပြနေတာပါ ။ ကိုဗစ်ရောဂါ ထိန်းချုပ်လို့မရနိုင်တဲ့ ကိစ္စကို ကျမ်းမာရေးဝန်ထမ်းတွေ

အပေါ် ကမ္ဘာသိ အပြစ်ပုံချလိုက်တာပါ ။ အမေရိက ပြည်နယ်အချို့မှာတော့ mask မတတ်ကြတော့ပါဘူး ။

မြို့ကြီးအချို့မှာ လုံးဝ ကင်းစင်နေပြီလို့ ကြေငြာထားပါတယ် ။နိုင်ငံအတော်များများမှာ ထိန်းချုပ်လို့ရနိုင်တဲ့

ဒီရောဂါဟာ မြန်မာပြည်မှာ ဘာ့ကြောင့် အမြင့်ဆုံး အဆင့်ကို ရောက်နေသလဲ … ?

သုံးသပ်ရရင် ….၊ စစ်ကောင်စီရဲ့ ပယောဂ မကင်းပါဘူး ။ တော်လှန်ရေးမှာ ဒေါက်တာဇော်ဝေစိုး တို့လို

ခေါင်းဆောင်တွေကအစ ဆေးကျောင်းသား အထိ စီဒီအမ်ဝင်ကြတယ် ။ ဒုက္ခလည်း တော်တော် တွေ့ကြတာပါ ။

သို့ပေမယ့် မတရားမှု့ကို ဒုက္ခခံ ရင်ဆိုင်နေတဲ့ ကျမ်းမာရေးဝန်ထမ်းတွေကတော့ စစ်ကောင်စီကို ဒူးမ

ထောက်ပါဘူး ။ဒီတော့ …၊ ကျမ်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေကို ရန်တိုက်ပေးပါတယ် ။ မန်းမြို့တော်ဝန်

ဆရာရဲကို ဟောက်စားလုပ်ခဲ့တဲ့ ဆရာတော်ကတောင် အဆင်း ဘီးတပ်ပေးပါသေးတယ် ။ မြန်မာပြည်ရဲ့

ပြဿနာတွေထဲမှာ ဒီလိုကိစ္စတွေလည်း ပါဝင်ပါတယ် ။ သာသနာရေးဘက်မှာ နေရာရလာတော့ ပစ္စည်းလေးပါးနဲ့

ဇိမ်ကျပြီး ဓမ္မနဲ့ အဓမ္မကို မခွဲတတ်တော့တာပါ ။ အလှုရှင်ဟာ တရားသဖြင့် ရှာထားတဲ့ငွေနဲ့ လှုသလား ၊ မတရားရှာ

ထားတဲ့ ငွေနဲ့ လှုသလား ဆိုတာ မစဉ်းစားတော့တာပါ ။ သာသနာ ထိခိုက်တယ်ဆိုတာ ဒီလိုလုပ်ရပ်တွေပါပဲ ။

ထားတော့ ….၊ ကျမ်းမာရေး ဝန်ထမ်းတွေ အလုပ်မဆင်းလို့ ရောဂါမထိန်းနိုင်ဘူးလို့ ကမ္ဘာသိ အပြစ်ပုံချင်ပေမယ့် ၊

ကမ္ဘာကြီးကတော့ သိပါတယ် ။ ကိုယ်မွှေးတဲ့မီး ကိုယ့်ပြန်လောင်တော့မယ့် အခြေအနေကိုတော့ စစ်ကောင်စီ

မသိသေးပါဘူး ။ WHO အဖွဲ့ဟာ ကုလ လက်အောက်ခံအဖွဲ့ပါ ။ ဒီအဖွဲ့က မြန်မာ့အခြေအနေကို အစိုးရိမ်ရဆုံးအဖြစ်

ကြေငြာထားတယ် ။ ဆိုတော့ …၊ ကုလအဖွဲ့ဟာ စစ်ရေး ( သို့မဟုတ် ) အရေးပေါ် ကျမ်းမာရေး အခြေအနေအတွက်

ဝင်လာနိုင်တယ် ။ ဒါက နိုင်ငံတကာ သတင်းနဲ့ ကုလကြေငြာချက်တွေကို အခြေခံပြီး စာရေးသူ သုံးသပ်တာပါ ။

ဘာ့ကြောင့်လည်းဆိုတော့ ” မြန်မာဟာ ပြည်တွင်းစစ်ဆီကို ဦးတည်နေတယ် ၊ မြန်မာပြည်သူတွေကို ကူညီကြပါ ”

လို့ ကုလအဖွဲ့က ကမ္ဘာ့နိုင်ငံအသီးသီးကို တရားဝင် အကူအညီတောင်းလိုက်တယ် ။ ဒါဟာ ” စိုးရိမ်တယ် ” ဆိုတဲ့

စတိတ်မန့်မဟုတ်ပါဘူး ။ တရားဝင် အကူအညီ တောင်းလိုက်တာပါ ။ သိပ်ကို ကောင်းပါတယ် ။ မြန်မာကို ကူညီဖို့

တရားဝင် ခွင့်ပြုလိုက်တာပါ ။ ။ ဒီအတွက် ကျမ်းမာရေး ၊ စားနပ်ရိက္ခာ ၊ စစ်ရေး အားလုံး ပါဝင်ပါတယ် ။ာရေးသူက

Feb: 1 ရက် နေ့ကကတည်းက ကုလအဖွဲ့ဆီကို မြန်မာ့ဒီမိုကရေစီကို ကာကွယ်ပေးဖို့ အီးမေလ်းနဲ့ ဆက်သွယ်ပါတယ် ။

လုပ်တတ်သလောက်ပါ ။ ကုလ ဝန်ထမ်းတစ်ယောက် မဟုတ်သလို ၊ ကျွမ်းကျင်တဲ့ လုပ်ငန်းမဟုတ်တဲ့အတွက် စမ်းတ

ဝါးဝါး ဆက်သွယ်ရတာပါ ။ တချို့က အကြောင်းပြန်ပါတယ် ။ တချို့ကတော့ အကြောင်းမပြန်ပါဘူး ။ အကြောင်းမပြန်

တာက မသက်ဆိုင်တဲ့ ဌာနလို့ ယူဆရပါတယ် ။ ဒေါက်တာဆာဆာလို ကျွမ်းကျင်သူတွေ ရောက်သွားတော့ အားဖြစ်

ရပါတယ် ။ ဒါ့ကြောင့်လည်း ကုလရဲ့ ကူညီမှု့ကို ဒီနေ့အထိ မျှော်လင့်နေဆဲပါ ။ စောင့်ကြည့်နေဆဲပါ ။

ဘာ့ကြောင့်လည်းဆိုတော့ MILITARISM ( စစ်အာဏာဝါဒ ) ကို အမြစ်က နှုတ်ချင်လို့ပါ ။ ရေးခဲ့ဘူးသလိုပါပဲ ။ စစ်အာဏာ

ဝါဒကို အမြစ်နှုတ်ဖို့အတွက် ပြည်သူ့အင်အား နဲ့ ပြည်ပ အကူအညီ လိုအပ်ပါတယ် ။ ဒီနေ့အထိ ကုလနဲ့ နိုင်ငံတကာက

မြန်မာ့အရေးကို အာရုံစိုက်နေတာဟာ စီဒီအမ် ၊ တိုင်းရင်းသားအဖွဲ့၊ NUG ၊ PDF နဲ့ ရဲရဲတောက် ပြည်သူတွေရဲ့ ဇွဲသတ္တိ

ကြောင့်ပါ ။ စစ်အာဏာဝါဒကို အမြစ်နှုတ်တဲ့အခါ ပြည်သူ့တိုက်ပွဲနဲ့တင် မရသေးပါဘူး ။ ကုလအဖွဲ့ကနေ ပြည်သူတင်တဲ့

အစိုးရအဖြစ် ကမ္ဘာသိ ကြေငြာဖို့လိုပါတယ် ။ PDF ကို မြန်မာကိုယ်စားပြု ” ပြည်ထောင်စု တပ်မတော်” အဖြစ် အသိအမှတ်

ပြုဖို့ လိုပါတယ် ။ ဒီလို လုပ်ငန်းစဉ်တွေကို တဆင့်ပြီး တဆင့် တက်လာတဲ့ NUG ဟာ တော်လှန်ရေးနဲ့စစ်ရေး ပွဲသိမ်း

တိုက်ပွဲကို စတင်ပါတော့မယ် ။စာရေးသူဟာပြည်ပရောက်နေတာ အနှစ်သုံးဆယ်နီးပါး ရှိပါပြီ ။ NLD အစိုးရ လက်ထက်

ကတည်းက နိုင်ငံရေးသမား ရင်းနှီးသူမရှိသလို ၊ လက်ရှိ NUG ၊ PDF အဖွဲ့တွေနဲ့လည်း အဆက်အသွယ်မရှိတဲ့အတွက်

အတွင်းသတင်း သိသူမဟုတ်ပါဘူး ။ ကောင်းပြီ …၊ ဖြစ်ခဲ့ ၊ ဖြစ်နေဆဲတွေကို ဘာ့ကြောင့် အနီးစပ်ဆုံး သုံးသပ်နိုင်သလဲ

ဆိုရင် ၊ နိုင်ငံတကာသတင်းနဲ့ ကုလသတင်းတွေကို အခြေတည်လို့ပါ ။ နိုင်ငံတကာ သတင်းတွေကို လေ့လာပြီး ၊

တော်လှန်ရေး အခြေအနေကို လေ့လာ ၊ ခန့်မှန်း ၊ သုံးသပ်ပါတယ် ။ဆိုရရင် ….၊ ဒီမိုကရေစီ ယန္တရား ပြန်လည် လည်

ပတ်ဖို့ မကြာတော့ပါဘူး ။ အချို့ကတော့ ပြောကြပါတယ် ။ ” စစ်ကောင်စီမှာ ငွေရှိတယ် ၊ လက်နက်ရှိတယ် ၊ အနောက်မှာ

တရုပ်ရှိတယ် ၊ လျှော့မတွက်နဲ့၊ တိုင်းပြည်ကို သူသေ ကိုယ်သေ အကုန်သေအောင် ဖျက်စီးမှာ ” တဲ့ ။ စပ်တော့စပ်ပေမယ့် ၊

မှန်ပါတယ် ။ သုံးသပ်ရရင် စစ်ကောင်စီဟာ လက်နက်အကုန် ၊ လူကုန် မသုံးသေးပါဘူး ။ ပြည်သူတွေကို သက်ညှာလို့တော့

မဟုတ်ပါဘူး ။ နိုင်ငံတကာရဲ့ စစ်ရေးအက်ရှင်ကို ကြောက်လို့ပါ ။ဒါ့ကြောင့်လည်း NUG ဟာ စစ်ကောင်စီကို ရင်ဆိုင်ဖို့အတွက်

သံတမန်အရေး ၊ စစ်ရေးနည်းတွေနဲ့ အချိန်ယူ ပြင်ဆင်နေတာပါ ။ PDF အတွက် လက်နက် ၊ အင်အား ပြင်ဆင်နေသလို

နိုင်ငံတကာ သံတမန်နည်းလမ်းနဲ့ အကူအညီယူနေတာကလည်း ပွဲပြတ်နေသလောက်ပါပဲ ။ ဖြစ်မလာသေးတာတွေကိုတော့

ကြိူတင်ပြီးတော့ မပြောချင်သေးပါဘူး ။ မိတ်ဆွေတို့ သိထားရမှာက ကမ္ဘာကြီးက ဟင့်အင်း ဆိုရင် ဘာမှ

မကူညီတော့ပါဘူး ။ ကမ္ဘာကြီးကိုယ်တိုင်က ” မြန်မာပြည်သူတွေကို ကူညီပါ ” လို့ တရားဝင်ပြောထားရင်တော့

စာရေးသူပြောခဲ့တာတွေ ၊ မိတ်ဆွေတို့ မျှော်လင့်ထားတာတွေဟာ မကြာခင်မှာ ဖြစ်လာပါလိမ့်မယ် ။တရုက်ကတော့ ”

တရုပ်နိုင်ငံဟာ မြန်မာပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျ စိုးမိုးချင်စိတ် မရှိပါဘူး ၊ လုပ်လည်း လုပ်မှာမဟုတ်ပါဘူး ”

လို့ ဇီက ပြောထားပါတယ် ။ နောက်ဆုတ်လိုက်တဲ့ သဘောပါ ။ ကုလက R2P ဆွေးနွေးပါမယ် ။ ပြင်သစ် ၊ အင်္ဂလန် ၊

အမေရိကန်နဲ့ အီးယူနိုင်ငံတွေက လက်နက်ကူညီပါမယ် ။မြောက်ကိုရီးယားရဲ့ ကူညီငွေက နည်းတယ်ဆိုပေမယ့် ၊

မြန်မာပြည်သူတွေအတွက် ကမ္ဘာသိ လှုဒါန်းလိုက်တာကတော့ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှု့တစ်ခုပါပဲ ။

ကဲ …..၊ မိတ်ဆွေ ။ တရားသူကြီးက မိတ်ဆွေရဲ့ အမှု့ကို အနိုင်ပေးမယ်လို့ ကတိပေးထားပြီးရင် ၊ ဒီတော်လှန်ရေးဟာ

ဘယ်သူနိုင်မလဲလို့ ကိုယ်တိုင်သာ တွေးကြည့်ပါတော့ ။

ဘကြီးအောင် LA

ခရက္ဒစ္-