ပြီးခဲ့တဲ့ ဇူလိုင်လ(၂)ရက်နေ့မှာ အမေရိကန်အစိုးရဟာ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ ၎င်းတို့ရဲ့မိသားစုဝင်တွေ စုစုပေါင်း (၂၂)ဉီး
နဲ့ စစ်ကောင်စီနဲ့ဆက်နွှယ်နေတဲ့ ကုမ္ပဏီ(၃) ခုတို့ကို အမည်ပျက်စာရင်းသွင်းခြင်း( Blacklisting) လုပ်ခဲ့ပါတယ်။
ဒီတစ်ခါ အရေးယူမှုမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီး ချစ်နိုင်(စိတ်ပညာ) နဲ့ လူကယ်ပြန်ဝန်ကြီး
ဒေါ်သက်သက်ခိုင် တို့ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အနေနဲ့ စစ်ကောင်စီကို
အရေးယူတာ ဒီတစ်ကြိမ်နဲ့ဆိုရင် (၂) ကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။ မအလမွေးနေ့အမီ မွေးနေ့လက်ဆောင်ပေးလိုက်တဲ့သဘောပါပဲ။”
အမေရိကန်အနေနဲ့ စီးပွားရေးပိတ်ဆို့မှု(sanction) တွေလုပ်တာ၊ အမည်ပျက်စာရင်းသွင်းမှု (blacklist) တွေလုပ်တာဟာ
စစ်ကောင်စီကို ဘာများထိခိုက်စေနိုင်သလဲ? တော်လှန်ရေးအတွက် ဘာကောင်းကျိုးတွေရှိနိုင်သလဲ” ဆိုပြီး တချို့က
သိချင်နေကြပါတယ်။ထုံးစံအတိုင်း စာအရှည်ကြီး မဖတ်ချင်ရင် အောက်က တစ်ကြောင်းထဲပဲ ဖတ်ပေးပါ –
“ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိအမှတ်ပြုမှုရရှိဖို့ NUG နဲ့ အပြိုင် အသည်းအသန်ကြိုးစားနေရတဲ့ မအလတို့အဖို့
အမေရိကန်ရဲ့အရေးယူမှုဟာ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။ လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့၊ ICJ မှာ ရင်ဆိုင်ရ
မယ့်အမှုအတွက်လည်း ထိခိုက်စေသလို၊ UN က NUG ကိုသာ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုဖို့ အလေးသာသွားခဲ့ပြီ
ဖြစ်ပါတယ်။ တော်လှန်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။”
(စာအရှည်ကြီး ဖတ်နိုင်တဲ့သူတွေအနေနဲ့ အောက်က အသေးစိတ်ရှင်းလင်းထားတဲ့ ဆောင်းပါးကို ဆက်လက်ဖတ်ရှုနိုင်ပါတယ် )
“US Action နဲ့ NUG သာ တရားဝင်အစိုးရ ဖြစ်လာနိုင်”
စီးပွားရေးပိတ်ဆို့မှု (sanction) လုပ်တာဟာ ဘာနဲ့တူသလဲဆိုတာကို မိသားစု (၁)စုနဲ့ ဉပမာပေးပါမယ်။ အိမ်တစ်အိမ်မှာ
အိမ်ထောင်ဉီးစီးဖြစ်တဲ့ ဖခင်ဟာ မိသားစုတာဝန်ကို မကျေပွန်ဘူး။ အရက်သောက်မယ်၊ အရက်မူးလာရင် မိန်းမနဲ့ကလေ
းတွေကို ရိုက်နှက်မယ်။ လောင်းကစားလုပ်မယ်၊ အိမ်ကပစ္စည်းတွေကို အောက်ဈေးနဲ့ရောင်းစားမယ်။ လိင်အပျော်
အပါ်းလိုက်စားမယ်။ အိမ်ထောင်ရေးဖောက်ပြန်မယ်။ ကိုယ့်သမီးကိုယ် မုဒိမ်းကျင့်မယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ
ဆဲဆိုရမ်းကားမယ် ဆိုပါစို့။ ပတ်ဝန်းကျင်မှာရှိတဲ့ ကောင်းတဲ့သူတွေ၊ ကောင်းတဲ့မိသားစုတွေက ဒါကို ကန့်ကွက်ရှုတ်ချပါ
လိမ့်မယ်။ သတိပေးပြောဆိုပါလိမ့်မယ်။အဲဒါကို မပြုပြင်ဘဲ၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ဆက်လက်ဆိုးသွမ်းနေတဲ့အခါ
ပတ်ဝန်းကျင်က အဲဒီ့မိသားစုနဲ့ အခေါ်အပြောအဆက်အဆံ မလုပ်ကြတော့ပါဘူး။ အဲဒါ အဲဒီ့မိသားစုကို sanction
လုပ်တယ်လို့ ခေါ်ပါတယ်။ ပိတ်ဆို့အရေးယူတဲ့သဘောပါပဲ။
Blacklist သွင်းတာကျတော့ sanction ထက်ပိုပြီး ပြင်းထန်ပါတယ်။ အဲဒီ့ လူယုတ်မာအိမ်ထောင်ဉီးစီးကို လူရာမသွင်းရုံမကဘဲ
သူ့ရဲ့ စီးပွားရေးတွေ၊ သူလုပ်ကိုင်နေသမျှ အလုပ်တွေ၊ သူ့ပိုင်ဆိုင်မှုတွေကိုပါ ဘာမှတရားမဝင်ကြောင်း ကြေညာလိုက်တာပါ။
ဒါ့အပြင် သူ့ကို ကူညီပေးနေတဲ့သူတွေကိုပါ အရေးယူမယ်ဆိုတဲ့သဘောပါပဲ။ယခင် စစ်အစိုးရတွေတုန်းက စီးပွားရေးပိတ်ဆို့မှု
(sanction) တွေကို မတုန်လှုပ်ခဲ့သလို၊ အမည်ပျက်စာရင်းသွင်းခံရမှု (blacklisting) တွေကိုလည်း ဂရုမစိုက်ခဲ့ပါဘူး။
အကော်ဒီယံအုန်းကျော်ရဲ့ ဝါဒဖြန့်သီချင်းထဲကလို “ စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ။ သယံဇာတတွေ ပေါတဲ့မြေ” ဆိုသမျိုး၊
ရှိသမျှ မြေပေါ်မြေအောက် သယံဇာတတွေကို အောက်ဈေးနဲ့ရောင်းချပြီး အုပ်ချုပ်ခဲ့ပါတယ်။ ကမ္ဘာက ပိတ်ဆို့အရေးယူပြီး
ဘယ်သူမှအဆက်အဆံမလုပ်လည်း တရုတ်ရှိနေရင် ရပြီဆိုပြီး ဆင်ခြင်တုံတရားနည်းပါးစွာ အုပ်ချုပ်ခဲ့ပါတယ်။အကျိုးဆက်
အနေနဲ့ စစ်ခေါင်းဆောင်တွေ ကျိကျိတက်ချမ်းသာသွားပြီး တိုင်းပြည်ဟာ မွဲပြာကျခဲ့ပါတယ်။ ရင်နာရာအကောင်းဆုံးက
တရုတ်ရဲ့အရည်အသွေးနိမ့်ပစ္စည်းတွေ သုံးစွဲခဲ့ရတာပြီး အရွယ်မတိုင်ခင် သေဆုံးမှုနှုန်း (death rate) တွေ မြင့်တက်နေ
တာပဲဖြစ်ပါတယ်။တကယ်တော့ အမေရိကန်ရဲ့ sanction ဟာ အကြမ်းဖက်စစ်ခေါင်းဆောင်တွေတင် ထိခိုက်တာမ
ဟုတ်ဘဲ ကျွန်တော်တို့နိုင်ငံအတွက်လည်း များစွာထိခိုက်နစ်နာပါတယ်။ အခုဆိုရင် အမေရိကန်က မြန်မာနိုင်ငံကို
ပေးအပ်နေတဲ့ ပညာသင်ဆုတွေကို စစ်တပ်အာဏာသိမ်းမှုကြောင့် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပါပြီ။စီးပွားရေးနဲ့
နိုင်ငံရေးအရလည်း ဘာမှအဆက်အဆံမလုပ်တော့ပါဘူး။ကောင်းတဲ့ဘက်နေ ပြန်တွေးကြည့်ရင်ဒီတစ်ခါ အမေရိကန်ရဲ့
အရေးယူမှုဟာ မအလတို့အတွက် ကြီးစွာသောဆုံးရှုံးမှုတွေကို ဖြစ်ပေါ် စေတာပါပဲ။ အဲဒါတွေက ဘာတွေလဲဆိုတော့-
(၁) အရင် စစ်အစိုးရတွေတုန်းက သူတို့ကိုယ်တိုင်ရော၊ သူတို့မိသားစုဝင်တွေရော ဒီမိုကရေစီဆိုတာ ဘာမှန်းသေချာမသိကြ
ပါဘူး။ ဒီမိုကရေစီဆိုတာကို “သူတို့လုပ်ချင်တိုင်းလုပ်ခွင့်မရတဲ့စနစ်” အဖြစ်သာ သိထားကြပါတယ်။ အဲဒီ့တော့ ၁၀၀
ရာခိုင်နှုန်း မကြိုက်ကြပါဘူး။ ဒီမိုကရေစီဆိုတဲ့အသံကြားရင်ကို ဒေါသထွက်ကြပါတယ်။ အခု အာဏာသိမ်းစစ်ကောင်စီဟာ
ဒီမိုကရေစီရဲ့အရသာကို နားလည်ထားကြပါတယ်။ပြီးခဲ့တဲ့ ၂၀၁၀ မတိုင်ခင် ကာလ နှစ်ပေါင်း(၂၀)ကျော်အတွင်းမှာ
ကမ္ဘာ့အလယ်မှာ အကျဉ်ခံရပြီး လူရာမဝင်ခဲ့တဲ့ကာလ၊ ၂၀၁၀ နောက်ပိုင်း (၁၀) နှစ်တာကာလအတွင်း နိုင်ငံရေး
အကူးအပြောင်း(Political Transition) ကြောင့် ခံစားလိုက်ရတဲ့ ဒီမိုကရေစီရဲ့ အသီးအပွင့်လေးတွေကို သူတို့လည်း
သဘောကျကြပါတယ်။ ကမ္ဘာကြီးနဲ့ ပြန်လည်အဆက်အသွယ်ရလာတယ်၊ ကမ္ဘာက ပြန်လည်အသိအမှတ်ပြု
လာတယ်၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အခွင့်အလမ်းတွေ ပေါများလာတယ်။ အမေရိကန်အပါအဝင် ကမ္ဘာ့အင်
အားကြီးနိုင်ငံတွေနဲ့ ကူးလူးဆက်ဆံခွင့်ရလာတယ်။ အဲဒီ့တော့ လူရာဝင်တဲ့အရသာကို သဘောပေါက်ထားကြပါတယ်။
ဒါကြောင်မို့ ဒီမိုကရေစီနစ်ကို ၁၀၀ % မဆန့်ကျင်တော့ဘဲ ၅၀ – ၅၀ အနေအထား ဖြစ်သွားပါတယ်။ အခုဆိုရင်
အမေရိကန်က blacklist စာရင်း သွင်းလိုက်တဲ့အပေါ် စစ်ကောင်စီအဖွဲ့ဝင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေကြားမှာ
အကြီးအကျယ်ပေါက်ကွဲမှုတွေဖြစ်ပြီး ဂယက်ထခဲ့ပါတယ်။ ” ဖြစ်ချင်တာဖြစ် တရုတ်နဲ့ရုရှား ရှိနေရင် ရတယ်
” ဆိုတဲ့အဖွဲ့ရယ်၊ ” အရင်လိုမျိုး လူတောမတိုးတဲ့ဘဝ၊ လူရာမဝင်တဲ့ဘဝနဲ့ မနေနိုင်ဘူး” ဆိုတဲ့ အဖွဲ့ရယ် ပဋိပက္ခတွေ
ဖြစ်နေတယ်လို့ သတင်းရပါတယ်။ US နဲ့ ဉရောပအင်အားကြီးနိုင်ငံတွေကို အိမ်ဉီးနဲ့ကြမ်းပြင်လို သွားလာနေကြ၊
အလည်အပတ်ထွက်နေကြ မအလတို့သားသမီးတွေဟာ blacklist အသွင်းခံလိုက်ရတဲ့အပေါ် အကြီးအကျယ်သွေး
ပျက်နေတယ်လို့ သိရပါတယ်။ ထုံးစံအတိုင်း မအလအပေါ်လည်း ဖိအားတွေထပ်မံသက်ရောက်စေခဲ့ပြီး သူ့မွေးနေ့ဟာ
Happy Birthday မဖြစ်ခဲ့ပါဘူး။(၂) ICJ မှာ ရင်ဆိုင်ရမယ့်အမှုအတွက် ကြီးစွာသောသက်ရောက်မှုတွေကို ဖြစ်ပေါ်စေ
ပါတယ်။ တကယ်လို့ ICJ က စစ်ကောင်စီကိုပဲ တရားရင်ဆိုင်ဖို့ ခေါ်ခေါ်၊ NUG ကိုပဲ ခေါ်ခေါ် စစ်ကောင်စီဟာ
ယခင်က လူသတ်မှုအပြင်၊ မူးယစ်ဆေးဝါးအမှုပါ ထပ်တိုးထားပြီး၊ အမည်ပျက်စာရင်းသွင်းခံထားရမှုဆိုတဲ့
အခြေအနေနဲ့ပါ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကမ္ဘာမှာ ဂုဏ်သိက္ခာကို တန်ဖိုးထားကြပါတယ်။ ဒါကြောင့်လည်း
အမေရိကန်ရဲ့ sanction နဲ့ blacklist ကို မထိခိုက်အောင် နေထိုင်ကြတာဖြစ်ပါတယ်။
အမေရိကန်အနေနဲ့လည်း အားအားရှိ တွေ့ကရာနိုင်ငံကို sanction လုပ်၊ အမြင်ကတ်တဲ့သူတိုင်းကို blacklist
သွင်းနေတာမဟုတ်ပါ။ လူသတ်မှု၊ အကြမ်းဖက်မှု၊ လူသားချင်းညှဉ်းပန်းနှိပ်စက်မှု၊ မူးယစ်ဆေးဝါးအမှု စတဲ့
ဒုစရိုက်လုပ်ငန်းတွေကို ကမ္ဘာကျော်အောင်လုပ်မှသာ/ပြစ်မှုထင်ရှားမှသာ sanction လုပ်၊ blacklist သွင်းတာ
ဖြစ်ပါတယ်။(၃) လာမယ့် စက်တင်ဘာလမှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုယ်
စားပြုအဖြစ် တက်ရောက်ခွင့်ရဖို့အတွက် စစ်ကောင်စီရော၊ NUG ရော အသည်းအသန်ကြိုးစားနေရပါတယ်။
တကယ်တော့ UN အနေနဲ့ (ဗီတိုအာဏာသုံးခွင့်ရှိပြီး စစ်ကောင်စီကို ထောက်ခံနေတဲ့) တရုတ်နဲ့ ရုရှားရှိနေလို့သာ
မဲခွဲဆုံးဖြတ်နေရတာဖြစ်ပြီး မြန်မာပြည်သူတွေဘက်ကနေ ပြတ်ပြတ်သားသား မရပ်တည်နိုင်တာဖြစ်ပါတယ်။ပြီးခဲ့တဲ့
ဇွန်လ (၁၈) ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမီ ပေးခဲ့တဲ့ မွေးနေ့လက်ဆောင်လေးကို အားလုံးပဲမှ
တ်မိကြမှာပါ။ “စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချခွင့် မရှိကြောင်း” ကြေညာချက်ပဲဖြစ်ပါတယ်။ တကယ်တော့
UN ရဲ့ သဘောထားက အစကတည်းက ထင်ရှားပြီးသားဖြစ်ပါတယ်။ စစ်တပ်က မတရားအာဏာသိမ်းပိုက်ထား
တာကို သိသလို၊ ပြည်သူတွေက NUG ကိုသာ ထောက်ခံကြောင်းလည်း သိရှိပြီးသားဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့သလို
တရုတ်နဲ့ရုရှားကြောင့်ရယ်၊ တခြား ကြားနေသာကူး နိုင်ငံအနည်းစုကြောင့်သာ ဘောင်ထဲကနေ ကူညီနေတာဖြစ်ပါတယ်။
US ရဲ့ Action တွေက စစ်ကောင်စီအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပြီး၊ NUG အတွက် မဟာအခွင့်အရေးတွေ
ပေါ်ပေါက်စေခဲ့ပါတယ်။ လာမယ့် စက်တင်ဘာလမှာသာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် NUG ဘက်က တက်ရောက်
ခွင့်ရခဲ့ရင် တရားဝင်အစိုးရဖြစ်သွားပါပြီ။
NUG သာ တရားဝင်အစိုးရဖြစ်ခဲ့ရင် နိုင်ငံတကာရဲ့အကူအညီတွေကို တရားဝင်ရယူနိုင်ပါပြီ။ ငွေကြေးအကူအညီနဲ့
လက်နက်ဝယ်ယူမှုကိစ္စတွေအပါအဝင် တခြားသံတမန်ရေးရာကိစ္စအဝဝကို အကုန်ဆောင်ရွက်နိုင်ပါပြီ။ တစ်ဖက်မှ
ာလည်း စစ်ကောင်စီဟာ တရားမဝင်အဖွဲ့အစည်းဖြစ်သွားပြီး အစိုးရကို ပုန်ကန်သူ ဖြစ်သွားပါလိမ့်မယ်။ အဲဒီ့ကျရင်
ကမ္ဘာကလည်း တရားဝင်အစိုးရ NUG ကို ကူညီပြီး စစ်ကောင်စီကို တိုက်ခိုက်မှာဖြစ်ပါတယ်။ US ကလည်း
ကမ္ဘာ့အကြမ်းဖက်ခေါင်းဆောင်တွေကို နှိမ်နှင်းခဲ့တဲ့ပုံစံအတိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်။မြန်မာပြည်သူတွေရဲ့
စည်းလုံးညီညွတ်မှု၊ တော်လှန်ရေးသမားတွေရဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှု၊ CRPH နဲ့ NUG တို့ရဲ့
(ဝေဖန်တိုက်ခိုက်မှုတွေကြားက) တာဝန်ကျေပွန်စွာ ရှေ့ဆက်နိုင်မှု၊ နိုင်ငံတကာရဲ့ အရေးယူမှု/ကူညီမှု တွေကြောင့်
စစ်ကောင်စီရဲ့ နေဝင်ချိန်၊ မအလတို့ နေဝင်ချိန်ဟာ တဖြည်းဖြည်းနီးကပ်လာခဲ့ပါပြီ။တစ်ဖက်မှာလည်း စစ်ကောင်စီ
အနေနဲ့ PDF တွေကို နှိမ်နှင်းဖို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသလို၊ စစ်တပ်လော်ဘီတွေကလည်း NUG
ပုံရိပ်ကျဆင်းရေး၊ NUG ကို တရားဝင်အစိုးရ မဖြစ်စေရေး၊ UN က အသိအမှတ်မပြုရေးတို့ကို နည်းလမ်းပေါင်းစုံသုံးပြီး
ကြိုးစားနေပြီဖြစ်ပါတယ်။
စာအရှည်ကြီး ဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။
“အမေရိကန်ရဲ့ အရေးယူမှုတွေဟာ စစ်ကောင်စီကို ဘာများထိခိုက်စေနိုင်သလဲ၊ တော်လှန်ရေးအတွက်
ဘာတွေအကျိုးရှိမလဲ” ဆိုပြီး မေးထားကြတဲ့သူတွေ အနေနဲ့လည်း ဒီဆောင်းပါးကိုဖတ်ပြီး (အနည်းငယ်မျှမျှဖြစ်ဖြစ်)
စိတ်ကျေနပ်သွားလိမ့်မယ်လို့ ယုံကြည်မိပါတယ် ။
ပြည်သူ့အောင်ပွဲက မဝေးတော့ပါဘူး။
အရေးတော်ပုံမုချအောင်ရမည်။
ခရက်ဒစ်-မူရင်းတင်ပြသူ