ၾကားသိသမွ်

ဗိုလ်နဂါးဆိုသည်မှာ

ဗိုလ်နဂါးဆိုသည်မှာ

(ခေါင်းဆောင်ဆိုတာ တိုက်ပွဲအတွင်းကသာထွက်တယ်)

(ခေါင်းဆောင်ကောင်းဆိုတာတိုက်ပွဲတိုင်းကိုနိုင်အောင်တိုက်တယ်)

(အကောင်းဆုံးခေါင်းဆောင်ဆိုတာ တစ်နိုင်ငံလုံးကိုနိုင်အောင်

တိုက်တယ်) ဒါ ဗိုလ်နဂါး ပဲ။


ဗိုလ်နဂါး

• ငယ်စဉ်ကတည်းက စစ်သားဖြစ်ချင်သူ

• ငယ်စဉ်ကတည်းက စစ်သားဖြစ်ဖို့ရှက်ခဲ့သူ

မြန်မာစစ်တပ်နှင့်ပတ်သက်လျှင် ကျွန်တော်ငယ်စဉ်ကလည်း

ရှုပ်ထွေးခဲ့ဘူးသည်။ ၁၀ တန်းအောင်လို့ DSA တက်ဖို့ အဖေ့ကို

သွားပြောတော့ ဆေးလိပ်ပြာခွက်နှင့်လိုက်ပေါက်ခံရသည်။ ဘွဲ့ရပြီး

OTS တက်ဖို့ ဦးလေးအရင်းဗိုလ်မှူးကြီးသွားပြောတော့ တစ်ခွန်းပဲ။

လုံးဝမတက်ရဘူး သား တဲ့။

စစ်တပ်ရဲ့ ဆိုးရွားခဲ့မှုတွေကကြာခဲ့ပြီ။

မအလ လက်ထက်မှ အကုန်ပေါ်ခဲ့တာ။

ဗိုလ်နဂါး စစ်သားဖြစ်ဖို့ အိပ်မက်ကို သူကိုယ်တိုင် စွန့်ခဲ့ပြီး

တက္ကသိုလ်ကဘွဲ့ရဖို့ ဦးစားပေးခဲ့သည်။


လူတစ်ယောက် အရည်အချင်းရှိလျှင် သူရောက်သည့်နေရာတွင်

တောင်တစ်တောင် သမုဒ္ဒရာတစ်ခု ဖန်တီးနိုင်၏ (အတိဿရဝုတ္တိ)

ရောက်လေရာတွင် ပစ်တိုင်းထောင်ကဲ့သို့ ထာဝစဉ်ထောင်၏။

ဗိုလ်နဂါးသည်ဘဝတွင် အလုပ်စုံ၏။ တရုတ်နယ်စပ်သွားအလုပ်လုပ်သလို ထိုင်းနယ်စပ်ကိုလည်း ခဏခဏရောက်၏။

တစ်ဘက်နိုင်ငံ အထဲရောက်တိုင်း ဗိုလ်နဂါး မျက်ရည်ကျ ပါးစပ်အဟောင်းသားခံစားရ၏။

စရောက်တိုင်း မြန်မာတိုင်းခံစားရသည့်ခံစားချက်။

ဇာကနာ ထိုင်းဘန်ကောက်ရောက်ရောက်ချင်းခံစားချက်ကိုမျက်ရည်ကျပြောပြဘူးသည်။

ဗိုလ်နဂါးက ပညာတတ်တော့ အတွေ့အကြုံများတော့ ကိုယ့်တိုင်းပြည်ဆင်းရဲရသည့်အကြောင်း သူသိသည်။

လူထုမတရားလုပ်ခံနေရတာကို သူမြင်သည်။ လူထုဘက်က

မခံနိုင်သည့်စိတ် သူ့တွင် သန္ဓေတည်ခဲ့၏။


ကောင်းပြီးလျှင်ပျက် ပျက်ပြီးလျှင်ကောင်း ဆိုသည့်လောကနိယာမအတိုင်း ဗိုလ်နဂါးဘဝပြောင်းလဲပုံ

အလုပ်မျိုးစုံ လုပ်နေရာမှနောက်ဆုံး သူနှင့် နီးစပ်လုပ်ငန်းဖြစ်သည့် တောင်ယာလုပ်ငန်း

(ကြက်သွန် အာလူး သရက်သီးမျိုးစုံ စိုက်ပျိုးရေးလုပ်ငန်း) ထဲသို့

ရှိသမျှငွေ ပုံအောကာ အောင်မြင်အောင်ကြိုးစားတော့သည်။

အောင်လည်း အောင်မြင်ခဲ့၏။

အနီးအနားကျေးရွာများထိ ဗိုလ်နဂါး တောင်ယာထွက်ပစ္စည်းများ

နံမည်ရခဲ့၏။ ပင်ပန်းခံကြိုးစားမှုများ၏ အသီးအပွင့်များ ခံစားရတော့မည့်အချိန်တွင် မအလစခတပ်အာဏာသိမ်းမှု

ဖြစ်လာခဲ့၏။(နိုင်ငံတော်ပုန်ကန်မှုကြီး)

ထို့နောက် မတရား အနိုင်ကျင့်မှုများ၊ သတ်ဖြတ်မှုများ၊ လိမ်လည်မှုများကိုနဖူးတွေ့ဒူးတွေ့ တွေ့ခဲ့ရ၏။

ဤသည်ကပင်ဗိုလ်နဂါးဘဝကို ပြောင်းလဲစေခဲ့သလို စစ်အာဏာရှင်အမြစ်ပြတ်ဖို့

ပေးလာသောအခွင့်အရေးတစ်ခုဟု ဗိုလ်နဂါး နားလည်ခဲ့၏။


တောင်ယာလုပ်ငန်း အခြေအနေကောင်းခဲ့သော်လည်းအာဏာသိမ်းမှုကြောင့် ပျက်စီးခဲ့ရ၏။

အာဏာသိမ်းမှုကြောင့် ပျက်စီးခဲ့ရသော်လည်းအာဏာရှင်ဖြုတ်ချဖို့ အခွင့်လမ်းကောင်းတစ်ခု ပေါ်လာခဲ့၏။

ဤအခွင့်အလမ်းအားဗိုလ်နဂါး အမိအရမလွတ်တန်းဆွဲကိုင်နိုင်ခဲ့သည်။


‘နဂါး တပ်မတော်’

စားပွဲဝိုင်းတွင် လုပ်ကြသော ‘ငြိမ်းချမ်းရေး ဆွေးနွေးပွဲ’ များ၏

ကလိမ်ကကျစ် လှည့်ဖြားမှုများကို မျက်ဝါးထင်ထင်တွေ့လိုက်ရမှုက

‘နဂါးတပ်မတော်’ ဖြစ်လာရသည့်အကြောင်းပင်။

တိုက်ပွဲ ၆၀ ကျော်အောင်မြင်စွာ တိုက်ပြီးသော်

ဗိုလ်နဂါး တိတိကျကျ သိလာရသည့် အချက် ၂ ချက်ရှိ၏။

ပထမအချက်က စကစတပ်များ၏ တိုက်ခိုက်ရေးစွမ်းရည် အလွန်နိမ့်ကျနေခြင်း။

ဒုတိယအချက်က စကစတပ် စိတ်ဓာတ် ကိုယ်ကျင့်တရား ပျက်သုဉ်းနေခြင်း။

ယခု ‘နဂါး တပ်မတော်’ ကြီး မြန်မာပြည်အနှံ့ စတင်ကြီးထွားလာနေပြီ ဖြစ်သည်။


‘နဂါး တပ်မတော်’ နှင့် ‘Federal Army’

လူထုအားပေး အားကိုးနေသော ‘နဂါး တပ်မတော်ကြီး’သည်

လူထုအားလုံး အလိုရှိနေသော ‘Federal Army’ ၏

အရေးပါဆုံးသော အစိတ်အပိုင်းတစ်ခုဖြစ်လာနေတာထင်ရှား၏။

‘နဂါး တပ်မတော်’ နှင့် စကစတီကောင်ကို ဆားနှင့်ပက်လိုက်သကဲ့သို့

မအလတို့တစ်ဖွဲ့လုံး ထွန့်ထွန့်လူးကုန်အောင် နဂါး စွမ်းဆောင်နိုင်ခဲ့၏။


နဂါး ရုပ်ထုများကို ဖျက်ဆီးခိုင်းသည်ထိ စကစ သွေးပျက်နေရ၏။

‘နဂါး တပ်မတော်’ ကို အသိအမှတ်ပြုမှု

ကမ္ဘာကြီးက ‘နဂါး တပ်မတော်ကြီး’ ကိုအသိအမှတ်ပြုရပါပြီ။ ပြုကြပါပြီ။

‘နဂါး တပ်မတော်ကြီး’

အရှိန်နှင့် စကစတပ် အလယ်တည့်တည့်သို့ မောင်းနှင် ထိုးခွဲ ချေမှုန်းနိုင်ဖို့

ဆီထည့်သူကထည့်၊ ဘီး လေထိုးသူကထိုး၊ အင်ဂျင်စစ်သူကစစ်နှင့်

ခိုင်ခန့်အားကောင်းသည့်’တပ်တော်ကြီး’အဖြစ်အသက်စသွင်းနိုင်ခဲ့ပြီ။

နိဂုံး

ရာဇဝင်မှာ ‘နဂါးနှင့် ဂဠုန်’ တိုက်ပွဲကြီးသာ ကြားခဲ့ဘူးသော ငါတို့သည်

မအလ လက်ထက်တွင် ‘နဂါးနှင့် ကြွက်စုတ်’ တိုက်ပွဲကြီးအဖြစ် မြင်တွေ့ကြရတော့မည်။

ယုတ်မာလွန်းသည့် စကစ မအလ တို့ကို တိုက်ခိုက်နေသော

‘တရားသောစစ်’ နှင့် ‘လက်နက်ကိုင် တော်လှန်ရေးသမားများအားလုံး’တိုက်ပွဲတိုင်း အောင်မြင်ကြပါစေ။

ညီညီလွင် (ဓာတုဗေဒ)

#crd