ၾကားသိသမွ်

ဗိုလ်မှူးကြီး (ငြိမ်း) အောင်မြင်သူမှ အာဏာသိမ်းစစ်ခေါင်းဆောင်များသို့ပေးစာ

ာဏာသိမ်းခဲ့တာ ငါးလ ကျော်ပြီး

အခြေအနေကိုပြန်သုံးသပ်သင့်ပြီလို့ယူဆပြီးပြောတာပါ။

၁။အာဏာသိမ်းခေါင်းဆောင်များ၊ မိသားစုများ၊ တပ်မတော်သားများနဲ့

တပ်မတော်ကြီးတစ်ခုလုံးအတွက်ဘာအကျိုးအမြတ်တွေရလဲ

၂။တိုင်းပြည်၊တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက်ဘာအကျိုးအမြတ်တွေရလဲ

ဘာအတွက်အာဏာသိမ်းတာလဲပြည်သူကရွေးတဲ့အစိုးရ၊ လုပ်နည်းကိုင်နည်းမှားနေတယ်၊

တိုင်းပြည်မတိုးတက်ဘူး ဆုတ်ယုတ်နေလို့ သိမ်းတာလား။

အခု စကစ သိမ်းပြီးတိုင်းပြည်ဘယ်လိုဖြစ်သွားပြီလဲ။

နိုင်ငံတကာ လက်မခံရင်ရပေမယ့် ပြည်သူလက်မခံရင်မရပါဘူး။

တရုပ်နဲ့ ရုရှားကြောထောက်နောက်ခံရှိယုံနဲ့မရဘူး။

ဒီတော့ အစည်းအဝေးပြန်ထိုင်ကြပါဘာလုပ်ကြမလဲဘာလုပ်သင့်ပြီလဲ

ပွဲကအီနေပြီ။ဆက်ပြီးအီနေရင်ဘာတွေဆက်ဖြစ်မလဲ

စဉ်းစားကြည့်ကြပါ။တကယ်တော့ အာဏာသိမ်းသူအားလုံးနီးပါးစစ်ခေါင်းဆောင်အများစုဟာ

စစ်တက္ကသိုလ် DSA ကျောင်းဆင်းတွေပါ။

ဒီစစ်တက္ကသိုလ်ကြီးဟာ ဖဆပလ ခေတ်က တည်ထောင်ခဲ့တာပါ၊

နောင်တစ်ချိန်မှာတိုင်းပြည်ကာကွယ်ရေးအတွက် အရည်အချင်းပြည့်ဝတဲ့ စစ်ခေါင်းဆောင်တွေမွေးထုတ်ဖို့။

ပြည်သူ့ဘဏ္ဍာငွေနဲ့ဆောက်လုပ်ပေးခဲ့သလို လေးနှစ်တာကာလ

စားဖို့ ဝတ်ဖို့ နေထိုင်ဖို့ လေ့ကျင့်ဖို့ လစဉ်သုံးစွဲဖို့လစာကအစ ပြည်သူတွေကထောက်ပံ့ပေးခဲ့တာပါ။

ကျေးဇူးရှင်ဟာ ပြည်သူတွေပါ။ကျေးဇူးရှင်ကိုကျေးဇူးပြန်မဆပ်ရင်နေပါ။

သိတတ်ရင်တော်ပါပြီ။သိတတ်ဖို့ဆိုတာ ပြည်သူကိုဒုက္ခမပေးဖို့ပါပဲ။

အခုပြည်သူတွေကို ဖမ်းဆီး ရိုက်နှက် သတ်ဖြတ် နေတာ

ဒေါ်အောင်ဆန်းစုကြည်ကြောင့်လားဒေါ်အောင်စုကြည်ဟာ ပြည်သူတွေအပေါ် ဘာပစ်မှုတွေ ကျူးလွန်ခဲ့လဲ။

အမှန်အတိုင်ထောက်ပြပါ ပြည်သူတွေ ကိုယ်တိုင်အရေးယူပါ့မယ်။ဒေါ်အောင်ဆန်းစုကြည်ကို ဦးခင်ညွန့်လက်ထက်က

မိသားစုနဲ့အတူ နိုင်ငံခြားမှာပြန်နေဖို့ လွှတ်ပေးမယ်ဆိုတာတောင်သူ့မိသားစုကိုစွန့်လွှတ်ထားသူပါ။

အခုဖမ်းချုပ်ပြီး လုံခြုံအောင်တစ်နေရာပီးတနေရာရွှေ့တယ်။ပြည်သူတွေလာကယ်မှာစိုးရိမ်လို့လား

နိုင်ငံခြားကလာကယ်မှာစိုးရိမ်လို့လား။မစိုးရိမ်ပါနဲ့ ဘယ်သူမှ ဒေါ်အောင်ဆန်းစုကြည်ကို သွားမကယ်ပါဘူး။

ဘာလို့လဲသိလားပြည်သူတွေကသိတယ်၊နိုင်ငံတကာကသိတယ်သူ့သွားကယ်ရင်လဲ သူဘယ်တော့မှမလိုက်ဘူး

သူ့သွားကယ်ရင်လဲဘယ်တော့မှာမလိုက်ဘူးသူ့သွားကယ်ရင်လဲဘယ်တော့မှမလိုက်ဘူး

သူ့သွားကယ်ရင်လဲဘယ်တော့မှမလိုက်ဘူးဘာလို့လဲဆိုတော့သူဟာဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး

ဖြစ်လာသမျှ သူသတ္တိရှိရှိရင်ဆိုင်ရဲသူဥပဒေကြောင်းအရ အရေးယူသူဟာ ဥပဒေနဲ့အညီ ဟုတ်မဟုတ်

ဆိုတာတော့ စကစ မသိရင်သာနေမယ်လူသားအားလုံးသိကြမှာဖြစ်ပါတယ်။

အောင်မြင်သူ သူ့ဘက်ကလိုက်ပြောတာမဟုတ်ဘူးနော်။အောင်မြင်သူ ထောင်ပိုင်ကြီးသား

တစ်ထောင်တည်းမှာ အတူတာဝန် ထမ်းဆောင်တဲ့ထောင်ပိုင်ကြီးသမီးနဲ့ ရတယ်။

ဘာထူးဆန်းလဲ။ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားမှာအနေများတယ်၊

ကျောင်းမှာဆုံတဲ့ ဘာသာတူ နိုင်ငံခြားသားနဲ့ရတယ်၊သူသာထောင်ပိုင်ကြီးသမီးဆို အောင်မြင်သူနဲ့ငြားနိုင်တယ်၊

အောင်မြင်သူရန်ကုန် ၁၉၉၆ ခုနှစ်ရောက်တော့ ဗိုလ်ချုပ်ကတော် ပညာတတ်ဆရာဝန်မ

တက္ကသိုလ်ပါမောက္ခ တွေကိုယ်တိုင်နှုတ်မစောင့်ပဲ

ကုလား၊ ဘာသာခြားကုလားကိုယူတယ်၊ ဘာညာပြောတာကြားပါ့၊

အမှန်တော့ ကိုယ်ကသူ့ထက်သာအောင်မကျိုးစားပဲမနာလိုတဲ့စိတ်ဓါတ်တွေ၊ကိန်းအောင်းနေကြလို့ပါပဲ။

အခုလဲ စကစ ကအာဏာသိမ်းလိုက်ပါတယ်။သူထက်သာအောင်လုပ်ပြနိုင်ရင် ပြည်သူကလက်ခံမှာဖြစ်ပါတယ်၊

ကိုယ်ထက်သာ မနာလိုတဲ့စိတ်ဓါတ်နဲ့လုပ်တာဆိုင် သူမနစ်နာပါဘူး

တိုင်းပြည်နဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နစ်နာတာပါ။အောင်မြင်သူ စိတ်မကောင်းဖြစ်ရပါတယ်

ဒေါ်အောင်ဆန်းစုကြည်အတွက်မဟုတ်ဘူးပြည်သူအတွက်မဟုတ်ဘူး

ကိုတာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်ကြီးအတွက်ပါ။A,B,C,D, Plan တွေအများကြီးရှိပါတယ်

Plan မရှိပဲ စစ်တိုက်တဲ့စစ်ခေါင်းဆောင်ဆိုတာဘယ်တော့မှအောင်ပွဲမရပါဘူး။

စစ်ခေါင်းဆောင်များပြန်လည်သုံးသပ်ပြီး အကောင်းဆုံအဖြေရှာတွေ့နိုင်ပါစေ

ကပ်ကြီးသုံးပါးဆက်တိုက်မလာမီဆုံးဖြတ်နိုင်ပါစေ

 

Photo အောင်မြင်သူ