ၾကားသိသမွ်

တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတော့ ဖြစ်လာမှာ မဟုတ်ဘဲ နိုင်ငံရေး လေလုံးထွားမယ့်ပွဲပဲ ဖြစ်လာမယ်လို့ AA ဗိုလ်ချုပ် ထွန်းမြင့်နိုင်ပြော

လက်ရှိအချိန်မှာ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတော့ ဖြစ်လာမှာ မဟုတ်ဘဲ နိုင်ငံရေး လေကြီးလေကျယ် လေလုံးထွားမယ့်ပွဲပဲ ဖြစ်လာမယ်လို့ ရက္ခိုင့်တပ်တော် (AA) ဗိုလ်ချုပ်ထွန်းမြင့်နိုင်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ ASIA TIMES သတင်းဌာနနဲ့ တွေ့ဆုံသည့် အင်တာဗျူးမှာ ရက္ခိုင့်တပ်တော် (AA) ဗိုလ်ချုပ်ထွန်းမြင့်နိုင်က အခုလို ပြောကြား လိုက်တာပါ။

ဗိုလ်ချုပ်ထွန်းမြင့်နိုင်က “ အခု လက်ရှိအခြေအနေအရတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆိုတာ ဘယ်လို့မှကို မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ အခုလိုမျိုးပေါ့ အမုန်းတရားတွေ လွှမ်းမိုး နေတဲ့အချိန်မှာ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတော့ ဖြစ်လာ မှာမဟုတ်ဘူး။ နိုင်ငံရေး လေကြီးလေကျယ် လေလုံးထွားမယ့်ပွဲပဲ ဖြစ်လာမယ်” လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ထံသို့ တွေ့ဆုံ ဆွေး နွေးရန် အကြောင်းကြားစာပေးပို့ခဲ့ပြီး ယင်းကို သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)က စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်သည် လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် ရည်မှန်းပါက ကြိုဆိုတယ်လို့ RCSS က ထုတ်ပြန်ထားပါတယ်။

Zawgyi



