” 7 july စိတ်ဓာတ်ကို ကိုင်စွဲတိုက်ပွဲဝင်ကြ ” ဆိုတဲ့ ရန်ကုန်မြို့က စစ်အာဏာရှင် ပြုတ်ကျရေး သပိတ်စစ်ကြောင်း
စစ်အာဏာရှင် ပြုတ်ကျရေးအတွက် GSC၊ ဗကသနဲ့မြို့နယ်အစုံက သပိတ်စစ်ကြောင်းတွေ
ဆုပေါင်းပြီး ရန်ကုန်မြို့ ပန်းဆိုးတန်းမှာ ဒီကနေ့ ဇူလိုင်လ ၇ရက်က ဆန္ဒ ပြခဲ့ကြပါတယ်။
“စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ၊ စစ်အာဏာရှင် စနစ်ကို ရရာနည်းနဲ့အမြစ်ပြတ်ချေမှုန်ရကြ”
ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ဆန္ဒပြခဲ့ကြတာပါ။ဒီကနေ့ဟာ ရန်ကုန်တက္ကသိုလ်ထဲက
ကျောင်းသားသမဂ္ဂအဆောက်အဦ ဖြိုခွဲဖျက်စီးခံ ရတဲ့ ဆဲဗင်းဇူလိုင်အရေးတော်ပုံကြီး (၅၉)
နှစ်ပြည့်မြောက်တဲ့ နှစ်လည်းဖြစ်ပါတယ်။ဒီနေ့မှာ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ
နှစ်ပတ်လည်အဖြစ် နိုင်ငံတဝန်း စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲ သပိတ်တွေကိုပါ
ထည့်သွင်းပြုလုပ်နေကြတာပါ။
credit