ဆီးဂိမ်းသွားပြိုင်ဖို့လေ့ကျင့်နေတဲ့ ကာယဗလမောင် မတော်တဆအလေးပိမိပြီး သေဆုံး
ဆီးဂိမ်း ကာယဗလ ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဥ်ပြိုင်ရန် လေကျင့်နေသည့် အားကစားသမားတစ်ဦး အလေး
ပိ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။
ယနေ့ ဇန်နဝါရီ ၁၉ ရက်က မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင်ဝင်းအတွင်း ပြိုင်ပွဲအတွက်လေ့ကျင့်နေစဥ် မတော်တဆအလေးပိသေဆုံး
သွားခြင်းဖြစ်ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ဖို့မြေရပ်ကွက် မိသားစု လူမှုကူညီရေးနှင့် ပရဟိတအသင်း၏ ဖေ့စ်ဘွတ်ခ်၌ ရေးသား
ထားသည်။
ကွယ်လွန်သွားသည့် အားကစားသမားမှာ မြန်မာ့လက်ရွေးစင် ကာလဗလမောင် မိုးဆွေဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၃၈ နှစ်အရွယ်ရှိပြီ
ဖြစ်သည်။
“အဓိက ကတော့ အလေးကစားရင်းနဲ့ အလေးဝန်များတာကို ပြန်မတွန်းနိုင်တဲ့အခါ ရင်ဘတ်ပေါ်ကျတာကို ရုန်းထွက်ရင်း လည်ပင်းပေါ်ကို
ရောက်သွားတယ်။ လည်ပင်းရိုးကျိုးသွားတယ်လို့တော့ ဆရာတွေက ယူဆပြီးပြောတယ်။ ဖြစ်တဲ့အချိန် ဘယ်သူမှမရှိဘူး။ သူအလုပ်အားတဲ့
အချိန်ဆော့တာလည်းဖြစ်မှာပေါ့” ဟု ကွယ်လွန်သူနှင့်ရင်းနှီသည့် ကာယဗလအားကစားသမားတစ်ဦးကပြောသည်။
မိုးဆွေသည် ၂၀၁၇ တွင် မြန်မာ့လက်ရွေးစင်အဖြစ် ကမ္ဘောဒီးယား၌ စတင်ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ ဆုတံဆိပ်များရရှိထားသူ
ဖြစ်သည်ဟု ၎င်းကပြောသည်။
Zawgyi
ဆီးဂိမ္းသြားၿပိဳင္ဖို႔ေလ့က်င့္ေနတဲ့ ကာယဗလေမာင္ မေတာ္တဆအေလးပိမိၿပီး ေသဆုံး
ဆီးဂိမ္း ကာယဗလ ၿပိဳင္ပြဲတြင္ ျမန္မာနိုင္ငံကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ရန္ ေလက်င့္ေနသည့္ အားကစားသမားတစ္ဦး အေလးပိ၍ ေသဆုံးသြားေၾကာင္း သတင္းရရွိသည္။
ယေန႔ ဇန္နဝါရီ ၁၉ ရက္က မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ စည္ပင္ဝင္းအတြင္း ၿပိဳင္ပြဲအတြက္ေလ့က်င့္ေနစဥ္ မေတာ္တဆအေလး
ပိေသဆုံးသြားျခင္းျဖစ္ေၾကာင္း သြားေရာက္ကူညီေပးခဲ့သည့္ ဖို႔ေျမရပ္ကြက္ မိသားစု လူမႈကူညီေရးႏွင့္ ပရဟိတအသင္း၏ ေဖ့စ္ဘြတ္ခ္၌ ေရးသားထားသည္။
ကြယ္လြန္သြားသည့္ အားကစားသမားမွာ ျမန္မာ့လက္ေရြးစင္ ကာလဗလေမာင္ မိုးေဆြျဖစ္ၿပီး ကြယ္လြန္ခ်ိန္၌ အသက္ ၃၈ ႏွစ္အရြယ္ရွိၿပီျဖစ္သည္။
“အဓိက ကေတာ့ အေလးကစားရင္းနဲ႔ အေလးဝန္မ်ားတာကို ျပန္မတြန္းနိုင္တဲ့အခါ ရင္ဘတ္ေပၚက်တာကို ႐ုန္းထြက္ရင္း လည္ပင္းေပၚကိုေရာက္သြားတယ္။
လည္ပင္းရိုးက်ိဳးသြားတယ္လို႔ေတာ့ ဆရာေတြက ယူဆၿပီးေျပာတယ္။ ျဖစ္တဲ့အခ်ိန္ ဘယ္သူမွမရွိဘူး။ သူအလုပ္အားတဲ့ အခ်ိန္ေဆာ့တာလည္းျဖစ္မွာေပါ့” ဟု ကြယ္လြန္သူႏွင့္ရင္းႏွီသည့္ ကာယဗလအားကစားသမားတစ္ဦးကေျပာသည္။
မိုးေဆြသည္ ၂၀၁၇ တြင္ ျမန္မာ့လက္ေရြးစင္အျဖစ္ ကေမၻာဒီးယား၌ စတင္ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္ၿပီး ျပည္တြင္းျပည္ပ ဆုတံဆိပ္မ်ားရရွိထားသူျဖစ္သည္ဟု ၎ကေျပာသည္။