ကချင်လွတ်မြောက်နယ်မြေဖြစ်သည့် KIA နယ်မြေမှ PDF များ(ရုပ်/သံ)
အောက်တွင်ရုပ်/သံကြည့်နိုင်သည်
ရန်ကုန်၊ ဇန်နဝါရီ ၁၄
KIA ထိန်းချုပ်ထားသည့် ကချင်လွတ်မြောက်နယ်မြေတွင် KIA ကြီးကြပ်မှုဖြင့် PDF တပ်ဖွဲ့များကို ဖွဲ့စည်းထားရှိကြောင်း
KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်သည်။
ကချင်သတင်းမီဒီယာတချို့တွင်လည်း KIA က PDF များကို စစ်သင်တန်းပေးသည့် ဗီဒီယိုများမြင်တွေ့ရပြီး သွေးသစ္စာသီချင်းဖြင့် စစ်ရေး
လေ့ကျင့်မှု လုပ် ဆောင်ကြသည်ကိုဗီဒီယိုတွင်မြင်တွေ့ရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါ ဗီဒီယိုများ ရိုက်ကူးထားချိန်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးသော် လည်းကချင်သတင်းရင်းမြစ်များက
ယင်းဗီဒီယိုမှာ KIA က လေ့ကျင့်ပေး ခဲ့သည့် PDF သင်တန်းသားများဖြစ်ကြောင်း အတည်ပြုကြသည်။
ကချင်ပြည်နယ်တွင် PDF တပ်များသည် လက်မောင်းတွင် PDF တံဆိပ်နှင့် KIA တံဆိပ်တို့ကို တစ်ဖက်တစ်ချက်စီတွင်
တပ်ဆင်၍ KIA တပ်များနှင့်အတူ စစ်ကောင်စီတွန်းလှန်ရေး တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်လျက်ရှိနေပြီဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နီးစပ်သော သတင်းရပ်ကွက်များ၏ အဆိုအရ မြန်မာနိုင်ငံတစ်ဝန်း PDF အင်အား သိန်းချီရှိ
ကြောင်း သိရှိရသည်။
Zawgyi
ကခ်င္လြတ္ေျမာက္နယ္ေျမျဖစ္သည့္ KIA နယ္ေျမမွ PDF မ်ား(႐ုပ္/သံ)
ေအာက္တြင္႐ုပ္/သံၾကည့္နိုင္သည္
ရန္ကုန္၊ ဇန္နဝါရီ ၁၄
KIA ထိန္းခ်ဳပ္ထားသည့္ ကခ်င္လြတ္ေျမာက္နယ္ေျမတြင္ KIA ႀကီးၾကပ္မႈျဖင့္ PDF တပ္ဖြဲ႕မ်ားကို ဖြဲ႕စည္းထားရွိေၾကာင္း
KIA ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္မႉးႀကီးေနာ္ဘူက ရန္ကုန္ေခတ္သစ္သတင္းဌာနႏွင့္ ေတြ႕ဆုံေမးျမန္းခန္းတြင္ ထုတ္ေဖာ္ေျ
ပာဆိုခဲ့ၿပီးျဖစ္သည္။
ကခ်င္သတင္းမီဒီယာတခ်ိဳ႕တြင္လည္း KIA က PDF မ်ားကို စစ္သင္တန္းေပးသည့္ ဗီဒီယိုမ်ားျမင္ေတြ႕ရၿပီး ေသြးသစၥာသီခ်င္းျဖ
င့္ စစ္ေရးေလ့က်င့္မႈ လုပ္ ေဆာင္ၾကသည္ကိုဗီဒီယိုတြင္ျမင္ေတြ႕ရသည္။ ရန္ကုန္ေခတ္သစ္အေနျဖင့္ အဆိုပါ ဗီဒီယိုမ်ား ရိုက္ကူးထား
ခ်ိန္ကိုမူ အတည္ျပဳနိုင္ျခင္း မရွိေသးေသာ္ လည္းကခ်င္သတင္းရင္းျမစ္မ်ားက ယင္းဗီဒီယိုမွာ KIA က ေလ့က်င့္ေပး ခဲ့သည့္
PDF သင္တန္းသားမ်ားျဖစ္ေၾကာင္း အတည္ျပဳၾကသည္။
ကခ်င္ျပည္နယ္တြင္ PDF တပ္မ်ားသည္ လက္ေမာင္းတြင္ PDF တံဆိပ္ႏွင့္ KIA တံဆိပ္တို႔ကို တစ္ဖက္တစ္ခ်က္စီတြင္
တပ္ဆင္၍ KIA တပ္မ်ားႏွင့္အတူ စစ္ေကာင္စီတြန္းလွန္ေရး တိုက္ပြဲမ်ားတြင္ ပါဝင္တိုက္ခိုက္လ်က္ရွိေနၿပီျဖစ္သည္။
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၏ နီးစပ္ေသာ သတင္းရပ္ကြက္မ်ား၏ အဆိုအရ ျမန္မာနိုင္ငံတစ္ဝန္း PDF အင္အား သိန္းခ်ီရွိေၾကာ
င္း သိရွိရသည္။
Video Credit- ကခ်င္ေၿမ Global Media