အားလုံးကပ်ရောဂါဆိုးကြီးမှကြော်လွှားနိုင်ကြပါစေနော်
ကြက်စွပ်ပြုတ်လေးမှာ မုန်လာဥဖြူနဲ့မုန်လာဥနီကို အဓိကထည့်သုံးရခြင်းရဲ့ အကြောင်းအရင်းက သူတို့မှာ
ကိုယ်ခံအားကိုမြင့်တက်စေတဲ့ Vitamin များစွာ ပါ၀င်ပြီး အစာခြေအူလမ်းကြောင်း စနစ်ကို ကောင်းမွန်စေတဲ့
အမျှင်ဓာတ်တွေပါ ပါ၀င်နေလို့ဖြစ်ပါတယ်။ဒါ့အပြင် ခန္ဓာကိုယ် ကိုက်ခဲခြင်း နဲ့ နှာရည်ယိုနှာပိတ်ခြင်းများကိုပါ
အထိုက်လျောက် သက်သာစေ အစွမ်းသတ္တိရှိတဲ့ ဂျင်း ၊ကြက်သွန်ဖြူကိုပါ များများလေး ထည့်ချက်ပြီး
လုပ်ထားတဲ့အတွက် အရမ်းကို အဆင်ပြေပြီး အာဟာရဖြစ်စေမဲ့ ကြက်စွပ်ပြုတ်လေးဖြစ်ပါတယ်။
ပါ၀င်ပစ္စည်းများ
အရေခွံမထူတဲ့ကြက်သား (ဗမာကြက်ဆို အကောင်းဆုံး)
(1)မုန်လာဥဖြူ
(2)မုန်လာဥနီ
(3)ဂျင်း
(4)ကြက်သွန်ဖြူ
(5)စပါးလင်
(6)ငြုပ်ကောင်းစေ့
(7)တရုတ်နံနံ (မကြိုက်ရင် မထည့်ပါနဲ့)ဆား လိုသလောက်ထည့်ပါ။
ကြက်သားကို ရေစင်အောင်ဆေးပြီး နှစ်ခြမ်းခွဲခွဲ.တုံးပဲတုံးတုံး ကြိုက်သလို စီမံပါ။
မုန်လာဥဖြူ ၊ မုန်လာဥနီကိုအခွံခွာပြီး ပုံထဲက အရွယ်လောက်လေးတွေ တုံးထားပါ။
ဂျင်းတက်တွေကို ပါးပါးလှီးမယ်။ကြက်သွန်ဖြူကို အခွံပဲခွာပြီး ဒီတိုင်း တစ်ဥချင်းစီပဲ
ပစ်ထည့်ပါမယ်။ကြက်သားတွေနဲ့အတူတူ ခပ်ကြာကြာလေး ပြုတ်မှာမို့နောက်ဆုံ
း သူ့အလိုလို ပျော့ပြဲသွားမှာမို့ ဓားပြားမရိုက်တော့တာပါ။
စပါးလင်ကို ထုပြီး ခုလို ချည်လိုက်မယ်။တရုတ်နံနံလေးတွေကိုတော့ နောက်ဆုံးမှ
ကိုယ်ကြိုက်သလို လှီးဖြတ်ထည့်နိုင်ပါတယ်မထည့်လည်းရပါတယ်
အရင်ဦးဆုံ းကြက်သားတွေကို ရေနွေးပွက်ပွက်ဆူထဲ ၂ မိနစ်လောက်ထည့်ပြုတ်ပြီး အဲ့ပြုတ်ရည်တွေကို သွန်ပစ်ပါမယ်။
ဒါဆို ကြက်သားရဲ့ အပေါ်ယံက မကောင်းတာတွေကော
အညှီနံ့တွေပါ ပြုတ်ရည်ထဲ ပါသွားပါလိမ့်မယ်။
နောက်မှ ရေသန့်အသစ်ထပ်ထည့်ပြီး ဆားလိုသလောက်ရယ် ၊ ခုနက ၂ မိနစ်ပြုတ်ထားတဲ့ ကြက်သားရယ်…ဂျင်း ၊
ကြက်သွန်ဖြူ ၊ စပါးလင် ၊ ငြုပ်ကောင်းလုံးလေးတွေကို ထည့်ပြီး ပြန်တည်ပေးပါ။
မိနစ်သုံးဆယ်လောက်ပြုတ်ထားပြီးပြီဆိုရင် မုန်လာဥအနီနဲ့အဖြူကိုတစ်ဆက်တည်းထည့်လိုက်ပါမယ်။
ပြီးရင် မုန်လာဥနီရော မုန်လာဥဖြူရော နူးပြီး သူတို့ရဲ့ အချိုဓာတ်တွေ ကြက်ပြုတ်ရည်ထဲ
ထွက်လာအောင်အထိ နောက်ထပ် ၁၅ မိနစ်လောက် ဆက်ပြုတ်ပေးရပါမယ်.။
ဒီနေရာမှာအပေါ့အငန်မြည်းပြီး ဆားလိုရင် လိုသလောက် ထပ်ထည့်နိုင်ပါတယ်။
မှတ်ချက်။ ။ အချိုမှုန့်လုံး၀ သုံးစရာမလိုပါ။ မုန်လာဥတွေထဲက ထွက်လာတဲ့
အချိုဓာတ်တွေက ပြုတ်ရည်ကို အင်မတန်အရသာရှိစေပြီးတာ ဖြစ်လို့ပါနော်။
ကဲ ကြက်သားလည်း နူးပြီး.မုန်လာဥတွေလည်း နူးပြီ.ပြုတ်ရည်ကလည်း အင်မတန်မှ
မွှေးကြိုင်ပြီး အရသာရှိလာပြီဆိုရတော့အပေါ်ကနေ တရုတ်နံနံလေးဖြူးပြီး ပူပူနွေးနွေး
သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်နော်ကြက်သားတွေရော မုန်လာဥတွေရောက တစ်အားကို
နူးနေတာမို့ အစာကြေလွယ်ပြီး ပြုတ်ရည်လေးကလည်း အာဟာရရှိလှတာမို့
နေမကောင်းဖြစ်တိုင်း လုပ်သောက်ဖို့ မမေ့ကြနဲ့နော်။Credit – Phyu Hnin Pwint